Friday, September 10, 2010

ဘယ်သူ ယုံရဲသလဲဟေ့..

ခေတ်အဆက်ဆက်..
သမိုင်းထိုး လျှက်..
အမည်ရှင်လျှက်ရှိနေသော သူရဲကောင်းများ..
အသက်ကို သေရန်မကြောက်..
သိက္ခာ ပြေကျမှာသာကြောက်တယ်။

အမှန်တရားကိုသာ ဦးမြှောက်
မတရားမှု ကိုသာ ဖြေဖျောက်စေတယ်.။
ဦးနှောက်၏ ဆင်ခြင်သတိ
သစ္စာ ပညာရှိတယ်။

အမှားကို သိ..ရိုးသားပကတိ
ရန်သူထံပင် ဒူးထောက်ဝံ့တယ်။
ယုံကြည်မှု၏ သမာသမတ်
သူရဲကောင်းဟူသော ထိုပညတ်။

မွန်သူရဲကောင်း..လဂွန်းအိမ်..
မွန်မြန်မာ စစ်ပမ်းတဲ့အချိန်ပေါ့
ဥပါယ်တမျှဉ်အကြံရ.... 

ရာဇာဓိရာဇ် စစ်ဗျုဟာချချိန်
ပန်းကျော်ချောင်း သဲပြင်ပေါ်
မွန်မြန်မာ..ငြိမ်းချမ်း သစ္စာဆိုမဲ့ပွဲ
လိမ်ညာကာ သောင်ပြင်ပေါ်ဖွက်ထားတဲ့ မွန်ဒါး..
သံသယပွါး...ညာသလား..
မြန်မာ.အင်းဝ မိုးညှင်းသတိုးက
လဂွမ်းအိမ် ကိုမေးခွန်း စတယ်။

“အကြည်တော်..လဂွန်းအိမ်
မွန်မြန်မာ စစ်ပမ်း သေကြေ..
ငြိမ်းချမ်းရေး နမိတ်၏ ဒီသစ္စာပြုတဲ့ပွဲ..
အသင်ကြိုဆိုသည်လား..
ဤသည် အမှန်အကန်ပဲ ပါလား “
မညာသော လဂွန်းအိမ်
သစ္စာသာ လူ့ ဂုဏ်ရှိန်ပေါ့..
“ဟယ် သတိုး..သင်သည် လူရူး
စစ်တို့၏ သဘော တွင်
သစ္စာ မှန်သည့်သာဓက ရှိဘူးပါ၏ လော၊
ငါ့ကို နင်ရလည်း သင် သတ်မည်၊
နင်ကို ငါရလည်း ငါ သတ်မည်။
စစ်အတွင်းမှာ ပြုသည့်သစ္စာ ဖြောင့်မှန်သည် ဟု
အသင် ယုံကြည် ရှုံးနိမ့် မည် တည်း”

တည်ကြည်သော သူရဲကောင်း၏စကား..
မလိမ်ညာမုသား…
ရာဇာဓိရာဇ် ၏ အမျက်..သူအပေါ်သက်ချိန်..
လဂွန်းအိမ်က ပြတ်သားစွာလျှောက်တင်သည်။

“မှန်လှပါအရှင်..
သတ်စေလိုက သတ်ပါစေတော့..
အရှင့်သစ္စာဖောက်သည်ဘဲ ဆိုချင်ဆိုပါတော့..

အကျွန်ပ်တို့ သည်.ယောက်ျား..
သူရဲကောင်းများ..ဖြစ်ကြလေသည်။
သူရဲကောင်းပီပီ..ရဲရဲဝံ့ဝံ့
စစ်မြေပြင်ပွဲသာ..ရိုးသားစွာနွှဲသင့်လေသည်။

အကောက်ကြံ ပက်စက်..
သောင်ပြင် ဒါးဖွက်ခါမှ..
ရရမဲ့ အောင်မြင်မှု..
အကျွန်တို့ ..ဂုဏ်မယူသင့်ပြီ။

မွန်ဘုရင် ရာဇာဓိရာဇ်..အရှက်မဲ့..
မြန်မာကို အနိုင်မတိုက်ရဲ
ခြုံခို အောင်ပွဲသာ နိုင်ခဲ့သည်ဟု
ခေတ်အဆက်ဆက်..အမည်ဆိုး..
ကျောက်စာ ပေစာ…ကဗျည်းထိုး..
မွန်လူမျိုးတွေ..သမိုင်းမှာ ဦးကျိုးလေမည်။

တရားနည်းလမ်းမကျသည့် အစီမံ..
အောင်မြင်မှုကို မလိုချင်ပါသောကြောင့်
သခင်၏ လျိုဝှက်ချက်ကို ကျွန်ုပ် ဖျက်ရပါသည်”

စစ်အတွင်းက ပေးတဲ့ သစ္စာ..
ယုံကြည်သူဆိုတာ..သူရူး ပေါ့..
ချင့်သာယုံ..လူမိုက်ဆိုတာ လက်ကုန်..
ပိုးသာကုန်မယ်..မောင်ပုံရယ်စောင်းမတတ်..
ဖွတ်ထွက်မှ..သိမဲ့ တောင်ဘို့ ..
ဖွတ်မရ ဒါးမဆုံး..
ခေတ်သစ် ရာဇ၀င်ထဲ လိမ်ရဲသူ

ကျက်သရေတုံးတယ်။
ထခါမှ ခြေက ကျိုးနေတော့တယ်။

မသဒ္ဓါ ( ၉။၉။၂၀၁၀)

စစ်အတွင်း..ပြောတဲ့စကား ယုံစားသူသာ မှားမည်..”

No comments:

 
/* EOT ----------------------------------------- */