Saturday, November 6, 2010

ငိုချင်း..

အသိအကြားအမြင်..ဘယ်လို သင်လည်း..
နားပင်းယောင်ဆောင်နေခြင်းက ဆိုးတယ်

ဘယ်သူတွေ..အမှန်ကို ပြင်ဆင်
မမြင်ချင်ယောင်ဆောင်တတ်တာခက်တယ်..

ဘယ်သူတွေ ကဲ့ရဲ့ ကဲ့ရဲ
မျက်နှာပြောင်တတ်တာလည်း ဆိုးတယ်။

ကမ္ဘာ့အော့ကျောလန်..မြန်မာ့ စစ်အစိုးရ..
တလောကလုံးနဲ့ သူ..
အမှန်ကို မုန်းသူ..
ဆိုးသွမ်းသူတွေ ချင်းချင်းသာ..
ပေါင်းဖော်ခြင်းလည်းဆိုးတယ်၊

ပညာတတ်သူကို မုန်းတီး..
လက်နက်အားနဲ့ ဖိဆီး..
မတရား လုပ်ကြံပြီး..
တရားမရှိ..ဒါးသာထက်သည့်..
အာဏာရှင်၏ ပါးကွက်သား..
ဒါလားဟဲ့ မြန်မာ
ဒါလားဟဲ့ ဗုဒ္ဓဘာသာ..

မစင်ကြယ်သော…သာသနာ
မပြေလည်သော စေတနာ
ခေါင်းပါးနေသော ဂရုဏာ
ပြုန်းတီးနေသော .ကိုယ်ချင်းစာ
ပျက်ပြားနေသော သီလ.
ခြောက်ခမ်းနေသော သိက္ခာ
ပြားကပ်နေသော ပြည်သူဘဏ္ဍာ
အဆီတက်နေသော စစ်သား၏ ဗိုက်
အော်… မိုက်လိုက်ကြပါဘိ..
အမျိုးမသိ..ပညာမရှိသူ..
မြေကြီးလက်ညှိုးထိုး..ရှိတာရောင်း.
မိုးလေ၀သ ပြောင်းလေတဲ့နိုင်ငံ..
မျောက်တစ်ကောင်မှ မကျန်တော့မဲ့နိုင်ငံ..
တီကျစ်စာ မွစာကြဲ..မြေပြိုကျမဲ့ နိုင်ငံ..
နောက်ဆုံးမှာ…မြေပုံပျောက်..
တရုတ်အောက် ဒူးထောက်မဲ့ နိုင်ငံ..

ဒီနိုင်ငံမှာလေ..ငါလေ ဖွားခဲ့..
ဒီမြေပေါ် ငါ အသက်ရှင်ခဲ့..
ဒီကလေးတွေ ငါပညာပေးခဲ့..
အမိမြေကို ချစ်ပေညား..
ငါရောက်နေသောနေရာ..မဲဇာ..
နှိပ်စက်တတ်သော ဇရာ..
လက်ဝဲသုန္ဒရလိုသာ..လွမ်းနေရခဲ့..
ဝေးဝေးကြည့်မှ ပိုပြတ်သား..
ရောမမီးလောင်တာ..နီရို မလွမ်းလောက်ပေမဲ့..
မြန်မာပြည်..ချောက်ထဲကျမှာ..မသဒ္ဓါ စိုးကြောက်တယ်။

သို့ သော်လည်းလေ..
ကယ်ရန်လမ်းမရှိ..
အတ္တာဟိ အတ္တာနော နာထော
မိမိ အနာဂတ် မိမိသာ ပိုင်တယ်။
မြန်မာ လူမျိုး သန်း..ငါးဆယ် ရယ်..
နေရက်နိုင်ပါလွန်းတယ်…

မသဒ္ဓါ (၁၁။၆။၂၀၁၀)

No comments:

 
/* EOT ----------------------------------------- */