တရံရောအခါ
အင်းဝ ၀န်ဇင်းမင်းရာဇာ နှင့်
မွန်ပညာရှိ အမတ် သီဟပတေ့
မွန်မြန်မာ အမတ် နှစ်ပါး..
စစ်မက်ရန်သတ်၊ အပစ်အခတ်ရပ်
သစ်ကညင်အရပ်။
ငြိမ်းချမ်းအတွက် စေတမာန်၊
ပြည်ထဲရေး၏ စကားဆိုရန်
တွေဆုံကြလေ၏။
မွန်အမတ်သည် ကြီးသူကို လေးစား
ရိုကျိုးစွာ နိုမ့်ရာက ခစား၏။
ဝန်ဇင်းမင်း လည်း
အပြန်အလှန် လေးစား
"သင့်တင့်သောနေရာတွင် ထိုင်ပါအဆွေ" ဖိတ်လေ၏။
မင်းနှစ်ပါး အဆုံ
မည်သို့ စကားကို မည်သို့ ဆို..
မေးခွန်း မေးလေသတတ်။
မင်းရာဇာ။ ။ “အဆွေတော် သင်အမတ်
အရှည်ငြိမ်းချမ်း တူယှဉ်တွဲရေး
ပြည်ထဲရေးကို ဆိုရေးငှါ..
စစ်သူကြီးကဲ့သို့  ဆိုမည်လော..
ပညာရှိကဲ့သို့ ဆိုအံ့လော”
သီဟပတေ့ ။ ။ “ အိုဘဲ့ အမတ်မင်း..
စစ်သူကြီးမည်သည်..
နှစ်သက်သော စကားကြားက နားဝင်။
မနှစ်သက်သော စကားကြားက စစ်ဆင်။
ပညာရှိတို့ မည်သည်..
ဟုတ်မှန်သော စကားကြားက
အသာတကြည် နားဝင်။
မဟုတ်မှန်သော စကားကြားက
သက်သေ သာဓက
ညင်သာ ချိုသာ ငြင်းလေ၏။
သို့ တပြီးကား နှစ်နိုင်ငံအရေး..
အကျွန်တို့  ပညာရှိနှယ် ဆွေးနွေးကြပါအံ့”
ဤသို့ တပြီးကား.
အမတ်မင်းနှစ်ပါး စစ်ငြိမ်းရာအရေး
ဆွေးနွေးကြလေ၏။
သီဟပတေ့ ။ ။ “သမီးကညာ ကြံ၊ ပညာရှိ
ဤအတုမရှိသော ဘ၀၏ အရသာ
မေတ္တာဖြင့် အကျွန်ဆက်၏။
ဝန်ဇင်းမင်းရာဇာ သုံးဆောင်တော်မူပါ”
အသင့်ယူလာသော ကြံဖြူကို
ဆက်ကပ်လေ၏။
မင်းရာဇာ။ ။ “ကောင်းပါပြီ အမတ်မင်း
မေတ္တာဖြင့်ပေးသောကြံ
အကျွန်သုံးဆောင်ပေအံ့”
မင်းရာဇာသည် ကြံ၏အဖျားမှစ၍
စားသုံးလေ၏။
မွန်အမတ်ကား အရင်းမှ စ စားသုံးလေ၏။
သီဟပတေ့ ။ ။“ အိုဘဲ့  အဘိုး မင်းရာဇာ
ဘယ်သိုအကြောင်းကြောင့်
ကြံဖျား အရသာမဲ့ကင်း ရာမှ
စတင် သုံးဆောင်ပါ၏နည်း အရှင်”
မင်းရာဇာ။ ။ “ အကျွန်သည်ကား
ဗေဒင်အလို..အရသာကို
နည်းရာမှများရာ တိုးတိုးရစေ..
အဖျားမှစ စုတ်ပေလေ၏။”
သီဟပတေ့ ။ ။“ ဘ၀ဟူသည် တိုပါဘိ။
ကွေးသောလက် မဆန့် 
ဆန့် သောလက် မကွေးမီ..
အရသာ ကောင်းမခံစားရမီ
သေလွန်ရှိက..အရှင်..
ချိုသော အရသာကို သင်မသိ..
ပညာရှိမမည်ပါ၏ လော”
မင်းရာဇာ။ ။ “သင် ၏ စကား
တရားတော်၏ ညီပေ၏။
ငါ၏စကားထက် သင်၏စကားက ထက်ပေ၏”
အမတ် သီဟပတေ့
သဘောတော် အလွန်ခွေ့ လေသတတ်။
သီဟပတေ့ ။ ။ “ နောင်တော် မင်းရာဇာ..
သင်သည် အမှန်ဆိုဘိ၏။
အကျွန် နှစ်သက်ပါပေသည်။
သင်သည်လည်း မမှားပေ။
တရားတော်နှင့်သာ မညီခြင်းတပါး
အရှုံးကို ၀န်ခံရဲသောပညာရှိ.
အမှားကို လက်ခံရဲသောပညာရှိ.
သင်လိုလူသည် ဘယ်မရှိ
အကျွန်ပ်၏ တပိဿာခွဲ အလေးချိန်ရှိ ကွမ်းအစ်
ပဏ္ဍာအဖြစ် လက်ခံတော်မူပါ”
မင်းရာဇာ။ ။ “ လောက၀တ် ဓမ္မ၀တ်
ကုံလုံပါသောပညာရှိကား ရှားပါလေ၏
သင်သည်ကား ပညာလည်းရှိ လိမ်မာသိ၏
ပညာရှိကျေးဇူး အထူးသိ၏
ပညာရှိတဦး၏ ကျေးဇူး
အခြားတစ်ဦးမှ ဖော်ပြချီးမွမ်းမှုကား မရှိသလောက်ရှားလေစွ
သင်သည် အမှန်ပင်
မင်းတိုင်ပင် မွန်ပညာရှိ ဖြစ်လေ၏”
ဤနှယ်ပင် အမတ်မင်း နှစ်ပါး..
ချစ်ကြည်စွာဖြင့် ငြိမ်းချမ်း..
လူမျိုးနှစ်မျိုးကြား ပေါင်းစည်းညီရေး..
မေတ္တာဖြင့် ဖြေရှင်းလေ၏။
ဤပုံပြင်၏ အချုပ်
ငြိမ်းချမ်းရေးကိုတည်ဆောက်လျှင်..
နှိမ့်ချမာန..ပျော့ပြောင်းစွာ မေတ္တာဖြင့်ပြင်
ဆင်ခြင်ပါလေ။
မြန်မာ အမတ်သည်..
အဘယ်ကြောင့်ကြံကို အဖျားမှစားသနည်း..
မည်သည့် အရာမဆို..နိမ့်ရာမှ မြင့်ရာ
အောက်ခြေမှစ အထက်သို့ တိုးတက်ရာ
ကြံဆောင်ပေ၏။
အောင်မြင်ပါက ၀မ်းသာရှိ၏။
ဘ၀၏ ပီတိ..အဆုံး၏ အောင်မြင်မှူအရသာ
မြတ်ပါလေသောကြောင့် ကြံဖျားမှစ၍ စား၏။
ဤ လုပ်ရပ်သည် မမှား အကျိုးများစေနိုင်၏။
ကြံရင်းမှ စစားခြင်းသည်..
စည်းစိမ်ချမ်းသာ ယခု ရှိသော်ညား
တဖြေးဖြေး လွင့်စင်ပျောက်..
ပျက်စီးခြင်းသဘောသို့ ရောက်၏
မိမိ သာယာရာသာ တနပ်စား..
တကိုယ်ကောင်းသမားများနှင့်တူလေ၏။
ဘ၀တဏှာများ မိမိအရေးသာလျှင် မိမိကြည့်လေ၏။
ဤသည်ကို မင်းရာဇာသိသော်ညား..
စစ်မက်အရေး ငြိမ်းချမ်းရေးအတွက် လာသူ..
အသေးအမွှား ငြင်းခုန်နေ၍ အကျိုးမရှိ
ပညာရှိမာနထက်စာ ချင့်ချိန်ရမဲ့ ပြည့်သူ့ မျက်နှာ
အနိုင်ယူသူကို အရှုံးပေး
ငြိမ်းချမ်းရေးအတွက် သိက္ခာကိုရင်း
မွန်အမတ်မှန်သည်ဟု ဆိုလေသည်။
နိုင်ငံတစ်နိုင်ငံ လူမျိုးကွဲ မူကွဲ
အတူတကွ ငြိမ်းချမ်းရန်စဲ
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲ
အဆုံးမှာ အကျိုးများရန်သာ မူရင်း
ညီညွှတ်တည်မြဲရန်..တည်ဆောက်ရမည် နိုင်ငံတခု
ကဲ ဘယ်သူက
ကြံကို ဘယ်နေရာက စစားမလည်း..
တွေးတောကြံစည်..သဘောပေါက်သင့်ပြီ။
မသဒ္ဓါ ( ၁၁။၂၆။၂၀၁၀)
အကိုးအကား..ဒေါင်းဖတ်စာ။ ။
Sunday, November 28, 2010
ကြံကို ဘယ်နေရာက စ စားမလည်း..
Posted by Ma Thadar ( မသဒ္ဓါ ) at 2:50 AM 0 comments
Thursday, November 25, 2010
ဂုဏ်ပြုထိုက်သောသူကို ချီးမြှင့်ခြင်း၏ မင်္ဂလာတစ်ပါး..
သောတာပန် ဟူသည်
သောတ နှင့် အာပန္န ပါဠိ အရ
သောတ-ဟူသော
သမ္မာဒိဋ္ဌိ၊ မှန်သော အမြင်
သမ္မာသင်္ကပ္ပ၊ မှန်သော အကြံ
သမ္မာဝါစာ၊ မှန်သာ စကား
သမ္မာကမ္မန္တ၊ မှန်သော အမှု
သမ္မာအာဇီဝ၊ မှန်သော သက်မွေးမှု
သမ္မာဝါယာမ၊ မှန်သော အားထုတ်ပြု
သမ္မာသတိ၊ မှန်သော ဆင်ခြင်အောက်မေ့ခြင်း။
သမ္မာသမာဓိ၊ မှန်သော တည်ကြည်ခြင်း
ဤ ရှစ်ပါး သော မဂ္ဂင်…
ဦးစွာအလျှင်ရောက်ရှိသောသူသာ
သုံးပါးသော ဘုရား တရား သံဃာ
အကြွင်းမဲ့ သက်ဝင်ယုံကြည်နိုင်သူသာ
ငါးပါးသီလ မကျိုးမပေါက်
ပြည်စုံခိုင်မာခြင်းသောသူသာ..
သောတာပန္န-သောတာပန်ရသောသူ မည်၏။
၁။ ဒါနပါရမီ…ရက်ရော ကူညီစောင့်ရှောက်တတ်သောသူ
၂။ သီလပါရမီ သန့် ရှင်းစင်ကြယ်သော အကြံအစည်၊
အပြုအမူ ၊အပြောအဆို ၊ စည်းကမ်းရှိ..ယဉ်ကျေးသိမ်မွေ့သူ
၃။ နိက္ခမပါရမီ၊ တစ်ကိုယ်ကောင်းမဆန်၊ ကိုယ်ကျိုးမရှာသူ၊
အများအတွက် ကိုယ်ကျိုး စွန့်လွှတ်နိုင်သူ
၎။ ပညာပါရမီ ။ ပညာရှိသူ ၊ အမှန်တိုင်းသိမြင်နိုင်သူ
အများကို အမှောင်မှ အလင်းသို့ ပို့ဆောင်နိုင်သူ
အသိဥာဏ် ဗဟုသုတ ခေါင်းဆောင်နိုင်သောသူ
၅ ။ ၀ီရိယပါရမီ သတ္တိရှိစွာ ကြောက်ရွံ့မဲ့ကင်း
ရည်မှန်းချက်ပန်းတိုင် ဇွဲခိုင်ခိုင်ဖြင့် ကျော်လွှားနိုင်သောသူ
၆။ ခန္တီပါရမီ သည်းခံစိတ်ရှည် ခွင့်လွှတ်တတ်သောသူ
၇။ သစ္စာပါရမီ မှန်ကန်ရိုးသားတည်ကြည် မုသားမဲ့သောသူ
၈။ အဓိဋ္ဌာန်ပါရမီ ပန်းပွင့်လို နူးညံ့ ကျောက်ဆောင်လိုခိုင်မာ
ခိုင်မာပြတ်သား သံမဏိစိတ်ထားနဲ့သူ
၉။ မေတ္တာပါရမီ ကြင်နာသနား
သွေးရင်းနှယ် ဂရုဏာထား..ပြုစုစောင့်ရှောက်တတ်သူ
၁၀။ ဥပေက္ခာပါရမီ စိတ်လှုပ်ရှားမဲ့ ညီမျှတည်ငြိမ်မှု
အေးချမ်းတည်ငြိမ်သူ ဖြစ်ရမယ် ၊
ဤရခဲ့သော ပါရမီတရားဆယ်ပါး
ပြည်စုံသူသာ သူတော်ကောင်း အာဇာနည်တပါး။
ဒေါ်စုနဲ့ မသဒ္ဓါ အပြင်မှာ မမြင်တွေ့ ဖူးပါ။
ဘုန်းတော်ဘွဲ့ တွေရေး…မသဒ္ဓါ ငတ်သူလည်း မဟုတ်ပါ။
ချီးမြှင့်ထိုက်သူ ချီးမြှင့်ရသော မြတ်မင်္ဂလာ
မသဒ္ဓါ မွေးဖွားခဲ့တာ အမျိုးကောင်းသမီး၏ နေရာ။
ကဲ့ရဲ့လွယ်သလောက် အကောင်းမြင်မှုပျောက်နေတဲ့
ကပ်လောကထဲ..မသဒ္ဓါ၏ ချီးမြှင့်မှုဆိုတာ..
အတ္တိသရ ၀ုတ္ထိအလင်္ကာ မဟုတ်ပါ။
သူမ၏ ကျေးဇူးသည် တင်နေတာ မြန်မာ၏ အကြွေး
သူမ၏ ပေးဆပ်မှုသည် ကျမတို့ အတွက် သမိုင်းရေး..
သူမ၏ စွန့် လွှတ်မှုသည် တမျိုးသားလုံး ကောင်းစားရေး
ဝေဖန်ကဲ့ရဲ့တတ်သော သူများရယ်
သင်သည် ဤသို့ စွန့်လွှတ်နိုင်ပါသလော...
သင်သည် ဖော်ပြပါ အရည်အချင်း ပြည့်စုံပါ၏လော။
လက်ညှိုးထောင်သူရှိရင်..သင့်အတွက်ပါ
ကျမ ချီးမြှင့်ပေးပါ့မယ်။ လာဆက်သွယ်။
ကဲ…
ဒီအတွက် ထိုက်တန်သော သူတော်ကောင်း၏ ဂုဏ်ရည်။
အထက်ဖော်ပြပါ အရည်အချင်းများ ပြည်စုံသောလူ သည်
လေးစားလောက်ပါသော ဒေါ်အောင်ဆန်းစုကြည်
ဝိသာခါသို့  မိန်းမ ကျမ ဂုဏ်ပြုပါသည်။
မသဒ္ဓါ ( ၁၁။၂၅။၂၀၁၀)
နာမည် အတွက် မရေး
ငွေကြေး အတွက် မရေး..
ပေါ်ပင် အတွက် မရေး
ဖားလို၍ မရေး
ယုံကြည်မှူအတွက် ကျမ ရေးသည်။
Posted by Ma Thadar ( မသဒ္ဓါ ) at 8:54 PM 0 comments
Wednesday, November 24, 2010
ဝိသာခါလို မိန်းမမြတ်
Posted by Ma Thadar ( မသဒ္ဓါ ) at 9:05 PM 0 comments
Tuesday, November 23, 2010
ဘိတ်ချေးကျသွားသော ဘိတ်သား
ကျနော်က ဘိတ်သား
အမျိုးက ဟိန္ဒြူကုလား..
ငယ်နာမည်က အပ္မနား
စိတ်ကူးယဉ်တာက ဓါတ်ရှင်မင်းသား
ရပ်ကွက်ထဲ နာမည်ကျော်
ပျော်ပျော်နေ..စားပြီးအိပ်.
မဟုတ်တာဆို ပထမချိပ်
အောက်တန်းကျကျ ကျနော့ စိတ်
အတန်းစာဆို..ညံ့ပါ့ ဘိတ်
ရူးမိုက်ဆိုးသွမ်း ကျနော်ထိပ်
လူလိမ္မာတွေ မလာနဲ့ တံခါးပိတ် ဂျိတ်
နှုတ်ခမ်းမွေးငုတ်စိ လူပျိုပေါက်
၁၀ တန်းတဖုန်ုးဖုန်း အပေါ်မရောက်
ရည်းစားတွေ တောင်းနဲ့ လိုက်ကောက်
စတိုင်ခပ်ပေးပေး…ကြာလူလီလေး တစ်ယောက်
ရှောက်ပြန်သံပေး ရွာရိုးကိုးပေါက်
တိုတိုသာ ပြောရရင်..
အဖေ အတိုးချတဲ့ နေပြန်တိုး..
ကိုယ့်ငွေနဲ့  ကိုယ် မီးထိုး..
ထိမ်းမရတဲ့ ရုပ်ရှင်ပိုး
အကိုမောင်သီက ဒါရိုက်တာ
ကျနော်ကတော့ မင်းသားနေရာ
မဟုတ်တုတ်တုတ် ဟုတ်တုတ်တုတ်
ကျနော် အညုကောင်းလိုက်တာ
ကံကောင်းစွာ ချေးပုံ ခွေးဟပ်ခိုက်
ကျနော်ဖြစ်တယ်ဗျ ဓါတ်ရှင် ဇာတ်လိုက်
မိုးလေမမြင် အနှစ်၂၀ ကျော်
လက်မထောင် ကျနော် ရွှေမင်းသားပေါ့..
ဖက်လိုက်ရတဲ့ မင်းသမီး
နှက်ခဲ့ရသော မင်းသမီး..
အကောင်တောင် မရေအားဘူး..
နာမည်ရ..ကျနော် နှာဘူး
တနေ့ တခြား ခြောက်သွေ့ စပြု မျက်နှာပြင်
တဖြေးဖြေး ဖြူလာတဲ့ ဆံပင်
ခပ်ပါးပါး ကြဲလာတဲ့ ခေါင်း
ပါးကြီးလည်း ဖောင်း
ဗိုက်ခေါင်းလည်း ကျယ်
စီပိုင်းကို ဘောင်းဘီဝတ်သည့်နှယ်
အခေါက်ထူ အဆီပြန်
နှာခေါင်းကလည်း တိုလာပြန်တော့
ဝက်နဲ့ တူတူ လာခဲ့ ကျနော့ရဲ့ ရုပ်ရည်
ဘုရား ဘုရား ခုများ..မတွေးရဲပေါင်
ကျနော့ အသက် ၄၀ တောင်
မင်းသားဘ၀က ရာထူးတိုး..
အဖေခန်းကျလည်း ..လုပ်ချင်ဘုးဂျာ..NO NO..
ကျနော် လိုင်းပြောင်း ဓါတ်ပုံဆရာ..
အကြံကုန် ဂဠုန် ဆားချက် ရာ
ပင်လယ်ပြင်ထွက် တောင်ပေါ်တက်
အရင်းမရ ကွဲလိုက်သမှ ၀က်ဝက်
မပိုင်ရင်တောင် ခြင်မရိုက်
ဇေကမ္ဘာ ဦးခင်ရွှေ ရဲ့ အောက်ဆွဲနောက်လိုက်
စီးပွါးရေးသမားတွေနဲ့ အရက်သောက် ဖဲရိုက်
ဆောက်လိုက်မယ်..လေတဲက တိုက်
နောက် (၅) နှစ်ကြာ ကျနော်လည်းလေ
ဖြစ်ချင်တယ်..ကြံ့ဖွတ်အမတ်
သေချာအောင် ခုဘဲ စရံသပ်
ဘယ်လောက် လာဘ် ပေးရမလည်း
ထည့်မယ်လေ..ကြံဖွတ်ကိုမဲ တစ်မဲ
ဧရာဝတီ မှာ ကြေငြာဗုံး ၀င်ကြဲ
ကျနော့ ထမင်းရှင်တွေ..သောက်မြင်ကပ် ကော်ဆဲ
မျက်နှာမရ..အိုးမည်းကျတယ်။
မှားပါတယ်ဗျာ…
သုမန ကျောမှာထင်ခဲ့ပြီ..ဒီအနာရွတ်
ကျနော့နာမည် မင်းသား ကြံ့ဖွတ်
အခု ကျနော်လေ.. မျောက်သစ်ကိုင်းလွတ်
ငိုခဲ့ရပြီ..မျက်ရည်ဝဲ..ရွှတ်..ရွှတ်..
မသဒ္ဓါ (၁၁။၂၂။ ၂၀၁၀)
လူဆိုတာ ကံကံ၏ အကျိုး ဘယ်သူ မပြု မိမိမှု..။ မကောင်းမှုပြုက..မကောင်းမှု သည် လားရာ ဖြစ်၏။ ကောင်းကင်ပေါ်မော့ထွေးသောတံတွေး၏ ပေကျံရာသည် ထွေးသူ၏ မျက်နှာ..
Posted by Ma Thadar ( မသဒ္ဓါ ) at 3:24 PM 2 comments
အခက်အခဲတွေရှိပါစေ..ကျနော် ဆက်ဆက်လာမယ်။
မှတ်မိပါ့မလား ကျနော် အမေ့သားလေ
မတွေ့ ရတာ နှစ်တွေ ကြာရှည်
ကျနော့ အသက် ၃၃ တောင်ရှိပြီ။
မှန်းဆ တမ်းတ..အမေ့အခြေအနေ
ကြမ်းတမ်းဆင်းရဲ အရိုးနဲ့ အရေ
အော်..အမေရယ် ပင်ပန်းနေမှာ..
မိုင်..ထောင်သောင်းဝေးဝေး
တွေ့ ခွင့်လေးများရရင်..
ဘာ အန္တရာယ်တွေဘဲ ဆီးဆီး..
နီးနီးလေးပါ
ကျနော် အရောက်လာခဲ့မှာ.
ညအိပ်ရာဝင်တိုင်းကြားယောင်တာ အမေ့ အမျှဝေသံ
ညလေပြေသွေးတိုင်းသတိရတာ..အမေ့ဆံပင်က ပန်းသင်းနံ့ 
ညနေစာစားတိုင်း တမ်းတတာ မီးဖိုချောင်က အမေ့ဟင်းနံ
အိမ်မက်ဆိုးတွေမက်တိုင်း..လွမ်းရတာ အမေ့ ရင်ခွင်
အမေရဲ့ ကြမ်းတမ်းတဲ့ အချုပ်နှောင်ရက်တွေထဲ.
ကောင်းအတူ ဆိုးဖက် အမေနဲ့နေချင်ခဲ့ပေမဲ့
ဇူဇကာပုဏ္ဍားလို ရက်စက်..
လူကြမ်းတွေ လက်ထဲကနေ..
" အမေ့ သားတွေအတွက် နောက်ဆံမငင်နိုင်ဖူး။
အမေ့ လူမျိုးတွေအတွက် အကြွေးတင် အမေမခံနိုင်ဖူး။
သားလေးရယ် လွတ်ရာမှာနေတော့
မင်းအဖေကိုသာ အမေ့ကိုယ်စားစောင့်ရှောက်တော့။"
“Good Bye my son” ဆိုတဲ့ စကားတလုံးနဲ့ 
အမေ ကျနော့လွတ်မြောက်စေခဲ့
ငယ်စဉ်ကတော့ ထင်မိတယ်
" ရက်စက်လိုက်တာ အမေရယ် " လို့ 
အရွယ်ရောက်တဲ့ အခါ..အမေ့ စေတနာ
ကျနော် နားလည်လာရတယ်..
မျက်နှာလွှဲတဲ့အခါ အမေရယ် ၀မ်းနည်းနေမှာ။
သားဆီ..စာလေးတောင်ရေးခွင့်မရတဲ့ အမေ့ ဘ၀..
သားကို. စကားလေးတောင် ဆိုခွင့်မရှိတဲ့ အမေ့ ဘ၀..
အဝေးကသာ လွမ်းနေခဲ့တဲ့ကျနော်
သတင်းဓါတ်ပုံတွေထဲက အမေ့မျက်နှာ..
ဇရာကြောင်း ထင်လာသော်ညား
အရင်လိုဘဲ ကြင်နာမျက်လုံးတွေ.
အရင်လိုဘဲ တက်ကြွတဲ့ခြေလှမ်းတွေ
အရင်လိုဘဲ ခိုင်မာသော စိတ်ဓါတ်တွေ
ကျနော် ဂုဏ်ယူတယ်..
ကျနော်လေ အမေ့သားပါ။
အဖေက ပြောဖူးတယ်။
“ နားလည်ပေးပါ..သားတို့အမေ
သာမညမဟုတ်သော ပါရမီ မိန်းမသား
သူ့ မွေးရပ်မြေအတွက်..သူ ကျေးဇူးဆပ်နေတယ်။
ဂုဏ်ယူပေးပါ..မင်းရဲ့အမေ..
လူသားတွေအတွက်.. သူ ငြိမ်းချမ်းစွာတောင်းဆိုနေတယ်။
အာဇာနည်ရဲ့ သွေးဆက်ဆိုတာ..
ရှင်သန်နေတဲ့ မြစ်တစ်စင်း..
အတားအဆီးမဲ့ ဖွင့်လှစ်စီးဆင်းဖို့ 
ကမ်းနဖူးလို ကာကွယ်ထောက်ပို့ 
ပါရမီဖြည့်ဖို့ က သားတို့ ရဲ့တာဝန်၊”
အမေရဲ့သွေးနဲ့ လူဖြစ်ခဲ့တာကျနော်ပါ
အမေရဲ့အားအင်နဲ့  လမ်းလျှောက်ခဲ့တာကျနော်ပါ။
အမေ့စိတ်ဓါတ်..အမှားဘက်မရပ်နိုင်တာ ကျနော်ပါ။
ဒါပေမဲ့ အမေကိုလွမ်းတဲ့အခါကြည့်ဖို့ 
အမေ့ချစ်တဲ့ ပြည်သူတွေနဲ့အတူ..
ကျနော်လည်း ဒေါင်းသွေးဆက် ပါဘဲ
အောင်ခွပ်ဒေါင်း အလံလွှင့်ထူကြောင်း..
လက်မောင်းပေါ်မှာ ရေးထိုးထားတယ်။
အမေရယ်..
အနှစ် ၂၀ ကျော်ကွဲခဲ့တဲ့သားရဲ့ ဦးခေါင်းကို
အမေ့ရင်မှာဝှက်..
ပီတိရင်မှာ သက်ပါရစေ။
" သားလာပြီအမေ.
လေယာဉ်ကွင်းကို အမေလာ.
ဒီနေ့ ဟာ သားတို့ အတွက် မင်္ဂလာ.
ရွှေလည်တိုင်မောမော့ .
မျှော်လှဲ့ ပါတော့ ချစ်သောအမေ"
မသဒ္ဓါ ( ၁၁။၂၂။၂၀၁၀)
သားငယ် မောင်ထိန်လင်း ခေါ် Kim Aris အတွက်…မိခင်တဦး အနေဖြင့် စာနာ နားလည်ခံစားလိုက်ပါကြောင်း..
Posted by Ma Thadar ( မသဒ္ဓါ ) at 1:17 PM 3 comments
Sunday, November 21, 2010
ကျောက်ဆည်သားရဲ့ ကျီးမနိုးပွဲ။
အစဉ်အလာ တန်ဆောင်မုန်းလပြည့်ည..
ကျီးမနိုးပွဲ နွှဲကြ..မြန်မာတို့ ၏ ထုံးစံ
တန်ဆောင်တိုင်ည .ရွှန်းပလ..
သူငယ်ဆိတ်မှ မိုးသောက်ထ
ပျော်ပျော်ပါးပါး ကာလသား..
သူခိုးပွဲတော် ကျင်းပတယ်။
ရွာသူကြီးရဲ့ အိပ်ကုတင်
လေးဘက်လေးတန် ၀ိုင်းမ
အိပ်ပျော်သူ မနိုးရအောင်
ရှူး တိုးတိုးမ ရွာလည်ခေါင်ချ..
မနက်မိုးလင်းရင်..သူကြီးအဖိုးကြီး..
ခေါင်းကြီးသွားအောင်။
အာကြမ်းတဲ့ ဟို အပျိုကြီး
လူသိများသော ထမီကြီး
တန်းပေါ်က အသာရုတ်.
စာသင်ကျောင်းရှေ့ အလံလုပ်။
လှုဖို့ မရဲ ကပ်စေးနဲ
တောင်အရပ်က သူဌေးငနဲ
ဒီလ ထိမယ်..ဒီညထဲ
ဘုန်းကြီးကျောင်းက ကျောက်ဆင်းတု
ဒေသစာရီ ကြွချီမှု
အဖိုးကြီးရဲ့ အိမ်ကပြင်..
ရောက်ရှိနေလျှင် နေကဇာတင်..
ဆွမ်းသာ ကြွေးဖို့ ပြင်။
မြန်မာ့ဝါဒ..တန်ဆောင်မုန်းည..
ပံ့သကူစွန့် ကြ..ဖွေရှာမှ
ဟိုမှာ ငွေကြေး..စာတိုလေး..
တွေ့ ရှိသူ သာ ကံထူးရာ…
ဦးဘယ်သူ့  အိမ် လာယူပါ။
ဒီလိုပျော်ဖွယ်..ကျီးမနိုးပွဲ..
ကျောက်ဆည်သားတွေ ဆင်ကာနွဲ..
လောဘကြီးနဲ့ အတင်းတုတ်
တောသားရဲက ဆွဲထုတ်
နှစ် ၂၀ အုပ်ချုပ်လိုက်တာ
လက်လွန်ခဲ့ပြီ…နှစ်လုံးပေါက်..
ခိုးမှူကဋ္ဋေ ကာယကံမြောက်
စောရနက္ခတ်..ဒီသူခိုး..
ရသမျှတွေ အကုန်ပိုး..
သားသမီး မြေးမြစ်..တပုံတပင်..
ဆွမ်းကြီးလောင်းပွဲ ထင်
ကျွန်းတောလည်းပြုတ်..ကျောက်လည်း ဆုတ်
ဝန်းကျင်ညစ်ညမ်း..ရေနံခမ်း.
မြေဆီပြုန်းတီး..ဆန်ဈေးကြီး..
ရွှေပြည် ဖုန်းဆိုး.အမည်သိုး..
ဒါ သူခိုးကြီးများရဲ့ ရွာ…
အဖိုးလက်ထက်..ကျီးမနိုးပွဲကျင်းပ
တနှစ်တခါ..တန်ဆောင်မုန်းညမှာ
ကျမတို့ လက်ထက်..ကျီးမနိုးပွဲ ရက်ဆက်မပျက်
ကျမ တသက်ဘဲ။
အကောင်ကြီးတွေ ရဲ့ ကျီးမနိုးပွဲ..
အဆုံးသတ်တော့ မြန်ပြည်မွဲ။
ဦးသန့် ဆယ်ခဲ့သမျှ မြန်မာ့ဂုဏ်
စောရနက္ခတ်ဖွား သူ့ လက်ချက်နဲ့ ကုန်
မြန်မာဆိုသည်..သူခိုးမျိုး သမိုင်းထိုးခဲ့သူ။
မြန်မာဆိုသည်..ကျွန်မျိုး ဖိနှိပ်ခဲ့တဲ့သူ။
မြန်မာဆိုသည်..ဖာမျိုး အရှက်မဲ့သူ။
သူခိုး လူဆိုး..လူယုတ်ပြိတ္တာ။
ဆိုသော သူ့ အမည်မှာ.
ခွေးရေပုရပိုက်၏ ခေါင်းကြီးပိုင်း
World Greatest Criminals top line
ငရဲမှာ ဘုရားအဆူဆူချွတ်..
မကျွတ်နိုင်စေ..ခမ်းခြောက်စေ။
မသဒ္ဓါ (၁၁။ ၂၀။၂၀၁၀)
Posted by Ma Thadar ( မသဒ္ဓါ ) at 12:08 AM 0 comments
Thursday, November 18, 2010
ပြည်သူချစ်သော အနူပညာသည်
ရုပ်ရှင်မင်းသား လုပ်ရမှ အနူပညာသမားမဟုတ်။
ဒါရိုက်တာလုပ်ရမှ အနူပညာ အစွမ်းပြရသည်မဟုတ်။
အိုသူကို လေးစားဦးညွှတ်တတ်သော ဦးခေါင်း။
နာကြင်သူကို ဖေးကူ တွဲသော လက်။
သေသူ ကို သယ်ပိုးသော ပုခုံးတစ်ဖက်။
ရဟန်းကို ဆွမ်းကပ်လှုသော လက်။
သင်သည် လူသားများ၏ အကြင်နာရှင်
သင်သည် လူသားအတွက် မေတ္တာရှင်
သင် နားခိုမဲ့သူများ အတွက် စေတနာရှင်။
သင်ပြုသော ကုသိုလ်..
သင်ထားသော ကိုယ်ချင်းစာ
သင်မျှသော ဂရုဏာ
သင် ထားသော မုဒိတာ
သင်၏ ကြင်နာသော မျက်လုံး
သင်၏ ပီတိ အပြုံးကား
သင်၏ အနူပညာ။
တပါးသူတို့ ၌ ရှာမရသော
တုနှိုင်းမဲ့မေတ္တာသည်
သင်၏ အနူပညာ။
တချို့ လူတွေ အဟောင်းစားချိန်
သင် သည် ကြွေးသစ်ချ
လူဘောင်လောကကို အလှဆင်ပြ
တုနှိုင်းမရှိသော သင်လိုလူ။
သင်သည် ရာသက်ပန် အနုပညာသမား။
ဘယ်သူတားဆီးစေ. အနုပညာ ဒီရေ မရပ်နိုင်ဘူး
သေသည်တောင် အားလုံးလေးစားခံရမည့်သူ
သင် (သို့ မဟုတ်) ကိုကျော်သူ။
မသဒ္ဓါ (၁၁။၁၇။၂၀၁၀)
လေးစားပါတယ် ကိုကျော်သူ..
ကိုကျော်သူရဲ့ profile ထဲက an actor, an artist, a film director and a humanitarian ဆိုတဲ့ အထဲ ကျမတော့ a humanitarian ဆိုတာ ကိုအလေးစားဆုံးပါ။
ဗီဇ နည်းနည်းရှိရင် ငွေရှိရင် an actor, an artist, a film director တွေ ဖြစ်လာနိုင်ပေမဲ့ အောက်တန်းကျသော အသက်ကြီးပြီး အချိန်မစီးသော မင်းသားများ ( ကိုယ်က သိပ်ချောလွန်းလို့  သားနားလွန်းလို့ ကိုယ်နဲ့မတန် အသုဘရာဇာသူတောင်းစားသရုပ် မလုပ်နိုင်ပါဘူးဆိုသော ရန်အောင်။ ကြံ့ဖွတ်က အားသာလို့  ကြံ့ဖွတ်ကို မဲပေးရမယ် ။ နောင် ၅ နှစ် လွင်မိုးလည်း အမတ်ဖြစ် ချင်ဖြစ်မှာပေါ့ လို့  ဗြောင် ပြောရဲသော လွင်မိုး) ဤ အုတ်အရောရော..ကျောက်အရောရော မင်းသားများထက်စာ..သင်သည် မိုးမြေကွာလေ၏။
A humanitarian ဆိုတာကတော့ မေတ္တာစေတနာ ဂရုဏာ အကြင်နာ စွန့် လွှတ်မှု စွန့် စားမှုတွေ နဲ့ အယောက်တသိန်းမှာ တစ်ယောက်ပေါ်ဖို့  ရှားတဲ့အတွက်..မိမိဖာသာအတိုင်းမသိ ဂုဏ်ယူစေချင်ပါတယ်။
Posted by Ma Thadar ( မသဒ္ဓါ ) at 10:51 PM 0 comments
Sunday, November 14, 2010
ဗေဒါပန်းကလေး၏ အထ္တုပ္ပတ္တိ
နဒီလှိုင်းဖျက်၊ မုန်တိုင်းသက်စေ
မမြုပ်သက်သေ၊ ပင်မသေတည့်
မနွမ်းလျှလျှ၊ ပန်းမြမြ။
ရေကြက် ဘဲငန်း၊ ဆိတ်ဆွကြမ်းစေ
တစ်ပင်ကိုဖျက်၊ နှစ်ပင်တက်မည်
အားနဲ့ ဗေဒါ၊ ခရမ်းပြာ။
လေပြေအလာ၊ ရွက်စိမ်းမြလွှင့်
နေခြည်အလာ၊ ပန်းခရမ်းပွင့်.
ဒီရေအတက်၊ ရွေ့ လျှားလျှက်
လောကဓံ ရန် ၊ ကြံ့ ကြံ့ ခံ
အားအင်နဲ့ မာန်၊ သတ္တိမှန်။
လှိုင်းရယ်လေကြမ်း၊ ဘယ်လောက်ထန်လည်း။
စီးရေ ဘယ်လောက် မြန်မလည်း။
ဖျက်ဆီးသူ ဘယ်လောက်သန်မလည်း။
ဗေဒါမှန်ရင်…ဘယ်ကမ်းတောင်မြောက်..
ဗေဒါမှန်ရင်…ဘယ်ဆီ ရောက်ရောက်..
မြစ်ပေါက်ရှင်သန်..ပန်းလှပန်။
အမေ သို့ မဟုတ်..
အိခရမ်းပြာ..ပန်းဗေဒါငဲ့
သင်သည်..ငြိမ်းချမ်းရေး၏ ပိုင်ရှင်
မြန်မဟာ၏ မိခင်။
ဘယ်လောက်ဖိဖိ၊ ကိုယ်မချိ
ဘယ်လောက်ထိထိ၊ ဒူး မြေမငြိခဲ့ 
ဘယ်လောက်ပိပိ၊ ခေါင်းထောင်ကြည့်
ဘယ်လောက်ငြိငြိ၊ နာကြင်မရှိ
အာဇာနည်သွေး၊ ရဲနီစွေးစွေး
ကြောက်ရွံ ကင်းဝေး၊ သတ္တိသွေး။
နှစ်ကြာစတေး၊ အမှောင်လမ်းဆီ
သက်ချွေးစတေး၊ သွေးဘဲနီနီ
မလျှော့သောအား၊ ရင်းနှီး မာန်တည်
ခိုင်မာသောဇွဲ၊ အားနဲ့  ရှေ့ ချီ
သူမသည်..ဗေဒါတစ်ပွင့်
မြူးကြွစွင့်ချီ၊ အနာဂတ်ဆီ
လှပနေမြဲ၊ ပန်းပန်ဆဲ။
မသဒ္ဓါ ( ၁၁။၁၄။၂၀၁၀)
အမေစု (သို့ မဟုတ်) ဒေါ်အောင်ဆန်းစုကြည်...သို့ 
အမေ့ရဲ့ ပြုံးနေတဲ့ မျက်နှာလေးမြင်ရဖို့  ၂ရက်ဆက် နေပူ မှာစောင့်နေတဲ့ ပြည်သူတွေ ရဲ့မေတ္တာကို ထိတွေ့ခံစားပြီး အမေ့အပေါ် ထားရှိတဲ့ ပြည်သူများရဲ့မေတ္တာအတွက်..ကြည်နုးလိုက်ပါအမေ။
ပြည်သူမေတ္တာဆိုတာ..လိမ်ညာဝယ်မရပါဖူး.
အာဏာနဲ့ ချစ်စေ..ခိုင်းမရပါဖူး.
လက်နက်ပြ ဒါးမြတိုက်လို့ မရပါဖူး
ဥုံဖွ မန်းမှတ်လို့ မရပါဖူး.
မေတ္တာဆိုတာ မေတ္တာရှိသူသာရစမြဲ
တပြည်လုံးလိမ်ညာခိုးတဲ့ မဲအရေအတွက်ထက်..
ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ ချမ်းသာပါစေ
အမေ့စု ကျမ်းမာပါစေ ချမ်းသာပါစေ ဆိုတဲ့ ဆုတောင်းသံဟာ အမေ့အတွက်ထာဝရ...ပီတိမြမြ ဖြစ်စေသောအရာပါ။
အမေ ကျမ်းမာချမ်းသာ ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း..မသဒ္ဓါ ဆုတောင်းကန်တော့လိုက်ပါရစေ။
"welcome Back our beloved Mother, We love you and We need you always"
Design ကိုမျိုးအား ကျေးဇူးတင်စွာဖြင့်
Posted by Ma Thadar ( မသဒ္ဓါ ) at 1:54 AM 0 comments
Saturday, November 13, 2010
တုနိုင်ပါရိုးလား…
မရဲတရဲ ကြံ့ဖွတ် အမတ်မင်း ရဲ့
သူခိုးချွတ်နင်း ခြေလှမ်းထက်စာ..
စောင့်နေတဲ့ ပြည်သူဆီ
မျက်နှာပြဖို့  ခြံစည်းရိုးကိုတက်တဲ့
သူမ၏ ခြေလှမ်းက ခိုင်မာတယ်။
“မှန်ပါ့ဘုရား”
ဗောင်းတော်ညိမ့်
ကြက်ဆူမင်းတရား၏ အနှစ်မရှိသူ
ပုတ်သင်ဖွတ်တွေရဲ့.
အနှစ်မဲ့စကားတွေထက်စာ
“ နှောင်ကြိုးတွေ နဲ့ လွှတ်တာ ကျမ မလိုဖူး” ဆိုတဲ့ ရဲရဲတောက်စကား..
ရာဇ၀င်မှာ ကဗျည်းထိုးပြီးသား။
မတရား လိမ်ကျစ်ကောက်
မြို့ တော်ဝန်ရဲ့ မရှိတဲ့ အရှက်အကြောက်
အပေါက်ခံရသူရဲ့ ပြည်သူ မစင်ထုတ်ထက်..
အားကိုးမဲ့ ပြည်သူရဲ့ မေတ္တာနဲ့ 
စောင့်နေတဲ့ ပန်းလေးတစ်ပွင့်
ခြားနားပြယုဂ် ဤ သက်သေ.
သူမသည် ရှင်သန်ဆဲ..မြန်မာပြည်၏ အမေ
လိပ်ပြာ မလုံတဲ့
ခိုးကြောင်ခိုးဝှက် သူခိုးမျက်လုံးထက်
မှန်ကန်သူရဲ့ မျက်လုံးချင်းဆိုင်ရဲတဲ့ သူမ၏အကြည့်
တုနှိုင်းမဲ့.သူရဲကောင်းရဲ့ သတ္တိ
ခိုးစားသူတွေရဲ့.. လူပါးဝ
ပါးစပ်ဖြဲ ဟန်လုပ်အပြုံးထက်.
ကြည်လင်တဲ့ အပြုံး..
ဖြူစင်တဲ့ အပြုံး
အားပေးသောအပြုံးက သာတယ်။
သူမဟာ..မြန်မာ၏.တောက်ပဆုံးသော သောက်ရှုးကြယ်။
တုနိုင်ပါရိုးလား..
လက်နက်အပြည့် နျူကလီယားဘဲ ဆင်ဆင်
အပြင်ထွက်ရန်..သံကိုယ်ချပ်ဘဲ ပြင်ပြင်.
အမှန်သည်..အမှန်
လက်နက်အားကိုး အာဏာရှင်
လူတွေ အမြင် မကြည်လင်ဖူး.
အချိန်မရွေး..ရှာဖွေရမြဲ
ပြေးဖို့  လမ်းရှာ ခွေးတိုးပေါက်..
ဂုဏ်သိက္ခာ လူ့ ဘ၀ခြောက်ခမ်းသူ
ဓမ္မ နဲ့ အဓမ္မ
မေတ္တာနဲ့ အမုန်း
အနိုင်နဲ့ အရှုံး
အပြုံးနဲ့  အမဲ့
မေတ္တာရှင် နဲ့အာဏာရှင်..
ပြိုင်နိုင်မယ် မထင်နဲ့ ..နိုင်နိုင်မယ် မယှဉ်နဲ့ 
ရူးချင်ယောင်ဆောင် မဲခိုးရင်သာရမယ်။
လက်နက်ပြ မေတ္တာကို ၀ယ်မရ။
စေတနာပြမှ အကြင်နာရတယ်။
ရိုးသားပါမှ ယုံကြည်မှု ရမယ်။
ခိုးစားရသော ပြည်သူ့  မသထာရေစာ
နေ့ စဉ် လူထု ကျိမ်သောကျိမ်စာ
ဘုရားရှစ်ခိုးတိုင်း မျှသော မေတ္တာ..
မတန်သူသာ..သစ္စာစူးပေါ့..
အရှိန်နဲ့ လင်းနေသေးသော
အာဏာရှင်ရဲ့ ဆီမီးခွက်..
ယဲ့ယဲ့ ညင်သာ..မကြာခင် ညိမ်းတဲ့အချိန်..
သင့် အမည်ယုတ်..သမိုင်းစာမျက်နှာ..
ရာသက်ပန် သေရာပါ
အဖြေ ရှာကြည့်ပါ
ဒီပွဲ .တကယ်ရှံးတာ..ဘယ်သူဘယ်ဝါ
ဘယ်သူမပြု မိမိမှု
ချောင်မှာ ငိုလည်း ရှင် အလကား
ပြည်သူ့ မေတ္တာ တန်သလား။
မသဒ္ဓါ ( ၁၁။၁၃။၂၀၁၀)
Posted by Ma Thadar ( မသဒ္ဓါ ) at 10:47 PM 1 comments