Wednesday, May 27, 2009

ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..

“၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့”.
(၀ဲမှယာ) - ဖာနန်ဒိုဟင်းရစ်ကာဒိုဆို (ဘရာဇီးသမ္မတဟောင်း)၊ ဂျင်မီကာတာ (အမေရိကန်သမ္မတဟောင်း)၊ အလာဘက် (SEWA အဖွဲ့ တည်ထောင်သူ)၊ မေရီရော်ဘင်ဆင် (အိုင်ယာလန်သမ္မတဟောင်းနှင့် UNHCR အကြီးအကဲဟောင်း)၊ တောင်အာဖရိကဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ ဂရိုဘရန့်လန်း (နော်ေ၀၀န်ကြီး ချုပ်ဟောင်း နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း)၊ လက်ဒါဘရာဟီမီနှင့် ဂရာကာမချယ်

ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
Bold
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်.
ချစ်သော ညီမငယ်..
ကိုယ်တို့ မျှော်နေတယ်။

တီးသူမဲ့ စန္ဒယားရဲ့ ချိုသံစဉ်ညှိ..
စီးသူမပါ ကားနေရာ..ပလာအတိ
ထိုင်သူမဲ့ အစည်းအဝေး ထိုင်ခုံနေရာ..
သခင်မရဲ့ အလာမျှော်နေပါ၏။

၁၉ နှစ်ဆိုတဲ့ နှစ်အတိုင်းအတာ..
လူတဦး လူလားမြောက်နိုင်သော်လည်း..
၁၃ နှစ်ကြာ.အိမ်အိုထဲ..
သူငယ်ချင်းမရှိ..မိသားစုမရှိ.
ရဟန်းသံဃာ..လှုစရာမရှိ.
အလည်အပတ်လာစရာ ဧည့်သည်မရှိ.
နေမကောင်းတောင်..ဆရာဝန်လာခွင့်မရှိ
သေလုဆဲ ကြင်ယာ.မျက်နှာမြင်ခွင့်မရှိ..
သားကလေးမျက်နှာ..စမ်းကြည့်စရာမရှိ
မြေးကလေး၏ မျက်နှာ..ဘယ်အရာ..
ဘယ်သူနဲ့  တူတာ..မသိ
အိမ်မက်ထဲမှာသာ အဖြေရှာရသည့်..
၂၁ ရာစုခေတ် ၏ အကျဉ်းသားလူ..
တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄
လှောင့်ချိုင့်စံတဲ့ ညီမလေး..
ငါးကလေးလောက်တောင် မလွတ်လပ်ခဲ့သူ..
ဌက်ကလေးလောက်တောင် လေသင်းနံ့ မရှူရှိုက်ရသူ..
ပန်းကလေးတပွင့်လောက်တောင် နေရောင်ဆမ်း မလန်းရသူ

တီဗီမရှိ..ရေဒီယိုမရှိ..
သတင်းစာမရှိ..ဖတ်စရာစာ မရှိ..
တယ်လီဖုန်းမရှိ..အင်တာနက်မရှိ..
သံကွန်ခြာ အထပ်ထပ်ဖုံးဆဲ
စည်းသုံးတန် ခြား..ငရဲသားနဲ့မခြား..
မင်းမို့ သာ..စိတ်လက်ခိုင်မာ..
ဒို့ တတွေ ဂုဏ်ယူပါတယ်ကွာ.။

ညီမငယ်ချစ်သော နိုင်ငံအတွက်
ညီမငယ် မြတ်နိုးသော.
ပြည်သူပြည်သားများအတွက်..
နေခြည်၏ အလင်းတွေထဲ..
မှောင်မဲ ပျောက်ဆုံးနေခဲ့တဲ့ ကမ္ဘာ..
ပေးဆပ်တဲ့ တစုံတရာ..
ဘ၀နှင့်ရင်းနှီး စတေး
ငြိမ်းချမ်းစွာနဲ့ ရရမဲ့ လွတ်လပ်ရေး..
သွေးမခင်းဘဲ ရရမဲ့ သာတူညီမျှရေး..
မဝေးတော့ပါဖူး..ညီမလေးရယ်..

အသားအရောင်မတူ..
ယုံကြည်ကိုးကွယ်ဘာသာမတူ..
မျိုးနွယ် မတူပေမဲ့..
လူကောင်းလူမွန်.ဆိုတာ
တတန်း တစားထည်း..
တသွေး တမွေးထည်း..
နှလုံးသားရဲ့..သွေးအရောင်သည်..
တူတူနီနီ..ညီညီ..
လိုအပ် တောင့်တသည်
ငြိမ်းချမ်းရေး၏ လင်းရောင်ခြည်.။

ကိုယ်တို့ သည်
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား
ကမကထ..ထူထောင်ထားခဲ့.
ငြိမ်းချမ်းရေးလိုလားသူ..
“၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့”.
ဖာနန်ဒိုဟင်းရစ်ကာဒိုဆို (ဘရာဇီးသမ္မတဟောင်း)၊
ဂျင်မီကာတာ (အမေရိကန်သမ္မတဟောင်း)၊
အလာဘက် (SEWA အဖွဲ့ တည်ထောင်သူ)၊
မေရီရော်ဘင်ဆင် (အိုင်ယာလန်သမ္မတဟောင်းနှင့် UNHCR အကြီးအကဲဟောင်း)၊
တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊
ဂရိုဘရန့်လန်း (နော်ေ၀၀န်ကြီးချုပ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း)၊
လက်ဒါဘရာဟီမီနှင့် ဂရာကာမချယ်
ညီမလေးအတွက် အဆင်သင့်ရှိတယ်..

ညီမလေးရေ
မျက်နှာပြလေးတောင် မလာနိုင်ရှာပေမဲ့..
အစည်းအဝေး စားပွဲခုံပေါ်
နာမည်စာတန်းသာရှိ..လူမရှိပေမဲ့..
ကိုယ်တို့ မောင်နှမများ..မျှော်လင့်နေဆဲ..
ချိုမျက်နှာအပြုံးလေး ပွင့်လန်းလာမဲ့အချိန်
သံပခြုပ် လှောင်ချိုင့်တံခါးပွင့်မဲ့အချိန်..
ငြိမ်းချမ်းချိုးဖြု..တေးသံကူမဲ့အချိန်..
မဝေးတော့ဖူးညီမငယ်..
ကိုယ်တို့ မျှော်နေတယ်။

မသဒ္ဓါ ( ၅။၂၆။၂၀၀၉)

လူမျိုးခြားသော်လည်း..သွေးအရောင်တူ..စိတ်အရောင်တူ..ရင်ခုန်သံ တူညီကြသော ငြိမ်းချမ်းလူတစုအတွက်..
မျှော်လင့်ဆဲ..စောင်လင့်ဆဲ…အမေစု လာမဲ့လမ်းဆီ..ရွှေလက်တို့ ဖြင့်ကြိုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် လစ်လပ်နေတဲ့ တနေရာ (သို့မဟုတ်) ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များ တွေ့ဆုံပွဲ

ဓာတ်ပုံ - ရိုက်တာ၊ အေပီ
တောင်အာဖရိကသမ္မတဟောင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား ထူထောင်ထားသည့် “၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့” မှ အဖွဲ့ဝင်များ မေလ (၂၆) ရက်နေ့တွင် မော်ရိုကိုနိုင်ငံ၊ မာရာကက်မြို့တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး တောင်းဆို
http://drlunswe.blogspot.com/2009/05/blog-post_3592.html မှ .ကျေးဇူးပါ ဆရာ

No comments:

 
/* EOT ----------------------------------------- */