Friday, April 8, 2016

အဖေ တစ်ဦးရဲ့ မျှော်လင့်ချက်

ဘယ်လို နေပူပူ
ဘယ်လို လူတွေ ဆူဆူ
မညူ  မစူ
အဖေ နံရံ အပြင်ကစောင့်နေတယ်။
မြင်ချင်တဲ့ သမီးလေး ရဲ့ မျက်နှာ။

ဒီနေ့ ဟာ
နှောင်ကြိုးမဲ့ဒေါင်း ဝေဟင်ပျံ မဲ့ ရက်မင်္ဂလာ။


မိန်းကလေးပေမဲ့  မျက်ရည်ခိုင်တဲ့သူ
ငယ်ရွယ်ပေမဲ့ ရင့်ကျက်တဲ့ နှလုံးစိုင် နဲ့ သူ
မြန်မာပြည်အတွက် ဘ၀ကိုစတေးခဲ့တဲ့သူ

ဒီသမီးဟာ အဖေအတွက် ကျ
အကောင်းဆုံး ဘ၀ရဲ့လက်ဆောင်မွန်
ဒီသမီးဟာ မြန်မာပြည် အတွက် ကျ
အနာဂတ်ကို ထူထောင်ကြမဲ့ အုတ်တချပ်

နှင်းဆီနီ တစ်ပွင့်။
ဒေါင်းအလံနီ စွင့်လို့ 
အဖေလေ..မျှော်လင့်နေဆဲ
ဘယ်အချိန် ဘယ်အခါ ပါလည်း
နေကြဲကြဲ အရိပ်မဲ့ ထောင်တံခါးဝထိပ်
ရင်ထိတ် စိတ်မော
သမီးလေးကို လွှတ်မယ် ပြောသောနေ့ 
မသဒ္ဓါ ( ၄။၇။ ၂၀၁၆)

သူငယ်ချင်း ကိုနေ၀င်းနဲ့  သမီးငယ် ဖြိုးဖြိုးအောင်အတွက်..အပျော်မျက်နှာလေးတွေ ထာဝရ ရှင်သန်ပါ စေကြောင်း မသဒ္ဓါ မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အာဇာနည်မျိုး သေမျိုး မရှိပါ သမီး

No comments:

 
/* EOT ----------------------------------------- */