Tuesday, November 24, 2009

အသားထဲကလောက်တွေကို အရင်ရှင်း..

ကျမ ငယ်ငယ်.
အဖိုးကို မြင်တာနဲ့ ကြောက်တယ်။
မျက်နှာပေါ်က မီးလောင်ရာအမာရွတ်ကြောင်း
လက်သည်းမရှိ ကျွတ်နေတဲ့ လက်ချောင်း
ကျိုးနေတဲ့သွားများ..ကုန်းနေတဲ့ခါး
အဖိုးဟာ မကြည့်ရဲစရာ ပုံပြင်ထဲကတာတေ

တကယ်ဆို
အဖိုးဟာ ဖက်စစ်ရဲ့သားကောင်
ညီမငယ်ကို ဂျပန်ဆွဲ..လှံနဲ့ ထိုးရဲတဲ့မောင်.
ဂျပန်ပြောက်ကျား တပ်သားကောင်း
မြေအောက် တော်လှန်ရေးသားမောင်.
ကံမကောင်း အကြောင်းမလှ..
ဂျပန်အလိုတော်ရိမြန်မာက သစ္စာဖောက်
ငရဲခန်းရောက် လက်သည်းခွံ အချွတ်ခံရ..
မီးတောက်စ မျက်နှာအထိုးခံရ..
အကျည်းတန်ရတယ်…
မြန်မာ့လွတ်လပ်ရေး..
သူပေးခဲ့တာ..အနစ်နာ
ဖြည့်ခဲ့တာ..တော်လှန်ရေး၏ အညတြတနေရာ။

ကျမ အဖေပေါ့..
မတွေ့ တာကြာပြီ..
နိုင်ငံရေးသမား…၈၈ ကျောင်းသား..
ထောင်ထဲ ၀င်ထွက် မရေမတွက်နိုင်ဘဲ
နှစ်တို နှစ်ရှည်ထောင်ထဲ..ပေးဆပ်ဆဲ..
ကျမ်းမာရေး တဖြေးဖြေးယွင်း.
အမြင်မှုန် စက္ခုအာရုံကွင်း
သွားကြွေ ချိနဲ့ ရောဂါတွေနဲ့  အဖေ
အသက် (၄၀) ကျော်ပေမဲ့ အဖိုးထက် အိုတဲ့အဖေ..

အသားကို စားတဲ့လောက်များ..
မိမိမြေကို ရောင်းစားနေတဲ့လောက်များ
မိမိထမင်း၏ တစ်လုတ်..
အာဏာ၏ လက်တစ်ဆုတ်ရဖို့ 
မျိုးချစ်များကို ရောင်းစားသူုများ..
သတင်းပေး ချောင်းရိုက်သူများ..
လူမြင်ကွင်း..ခွေးလို ဆွဲရဲသူများ
နေရာတိုင်းမှာ ရှိတယ်။

အရင်က...ဂျပန်ကင်ပေတိုင် အလိုတော်ရိ
အခု..နအဖ ကြံဖွတ်ဆိုသည့် ပုဆိန်ရိုးတွေ
ရှိရှိနေသမျှ..လွတ်လပ်ရေးမရနိုင်ဘူး..
ဖြိုချင်ရင်..သူတို့ ကို အရင်ဖြိုမှ..
တကောင်ချင်းဆီ အမှည့်ချွေမှ..

ရဲမှသာ ရမယ်မောင်ရို့..
အသားထဲကလောက်ကို ဆူးလိုထွင်ဖို့ 
ကိုယ့်တာဝန် ကိုယ် ကျေပြွန်ကြစို့ 

နအဖ စစ်ဘီလူးကို..
လက်ချောင်းကို တစစီ..တဆစ်စီဖြုတ်..
တနေ့ ကျ တကိုယ်လုံးပြုတ်အောင်..

မသဒ္ဓါ (၁၁။၂၄။၂၀၀၉)

1 comment:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်တယ်မသဒွါရေ
ကျတော်တို့ လည်းအသားထည်းကလောက်တွေကြောင့် ထောင်ထည်းရောက်ခဲ့ဘူးတယ်ဗျာ

 
/* EOT ----------------------------------------- */