Monday, November 16, 2009

တစ်လုံး..နှစ်လုံး..သုံးလုံး..နောက်ဆုံးမှာသုန်း..လုံးပါးပါးမယ်..

အကြံကုန်ငွေကုန် သီပေါမင်းလက်ထက်
ရတနာပုံမှာ ထီရုံဖွင့်တယ်။
ရသမျှ ငွေအခွန်အကောက်
ဘဏ္ဍာတော်တိုက်ထဲရောက်စေ။
ထီပေါက်သူမှန်က
ရရမယ် `ဂုဏ်သရေရှိ သူဌေးမင်း´ဘွဲ့
ဆင်ပေါ်တင်၍ မောင်းခတ်လည် ပြတာမို့ 
ထိုးလိုက်ကြတဲ့ထီ..စိတ်ကူးယဉ်ကြသည်။
တနေ့ တနေ့ 
ဆင်းရဲသား၊ ကုန်သည်သား
နန်းတွင်းသား ဘုန်းကြီးမကျန်
ထီပေါက် ဂဏန်းကိုရှာ အတိတ်စိမ်း ကောက်
ဗေဒင်ပေး၊ နတ်မေး၊ အိပ်မက်ပေး
ထီဂဏန်းတွေ..အရူးအမူးလိုက်
မွဲလိုက်ကြတဲ့ပြည်သူ..
တိုင်းပြည် သူများ အယူခံရတယ်.

မျက်မှောက်ခေတ်မြန်မာ..
တစ်လုံး၊ နှစ်လုံး၊ သုံးလုံး
တွင်တွင်..ပြောနိုင်မှ လူရာဝင်
လက်ဘက်ရည်ဆိုင်တွေ ငွေရွှင်..

တစ်လုံး ဆိုတဲ့ ဘော်လုံး..
နှစ်လုံး ဆိုတဲ့ စတော့ အညွှန်းနှစ်လုံးထီ
သုံးလုံး ဆိုတဲ့ ထိုင်းချဲထီ..
ရိုးသားလုပ်စား မွဲတဲ့ခေတ်မို့ 
ကံယုံထီထိုး..တစ်ပွဲထိုးတွေ..
သူဌေးဖြစ်ဖြစ် ခွေးဖြစ်ဖြစ်
နောင်ခါလာမှ နောင်ခါဈေး..
ရရာစား ကိုယ်သာဝရေး..

တရားဥပဒေမှာ..
အပြစ်ရှိတဲ့ လောင်းကစား
ဖမ်းမဲ့ရဲကိုယ်တိုင် ထီရောင်းလည်းရောင်းရဲ့..
လက်ဘက်ရည်ဖိုး..အချီကြီးပေး..
နှာလည်းစေးလေရဲ့
လေးကောင်ဂျင် အနီထောင်..
မာကျောက် ဂျင်ဝိုင်း..
ကြိတ်ဝိုင်း ဖဲဝိုင်း ကြက်ဝိုင်း.
ကက်စီနို.သုံးလုံးပေါက်
သုံးဆဲ့ ခြောက်ကောင်ထီ အတိတ်စိမ်းကောက်
လက်သာရှောင်...ပေါက်ကောင်ဖွင့်မယ်..
တပြည်လုံး.ကျွံနေကြတဲ့ လောင်းကစားနယ်။

နိုင်ငံရေးလုပ်သူသာ ဖမ်းဟ။
ချဲမှုက..ရဲကို အကျိုးပြုတယ်.
ရဲစခန်းထိုင် အခွန်ကောက်.
ရဲမှုးမယား.ပိုင်တာ အနှိပ်ခန်းတဒါဇင်လောက်..
ရဲမှုး မယားငယ် အယောက် တစ်ရာလောက်..
ဒီတော့ လောင်းကစားပျောက်မလား.
မြန်မာပြည်သာ..အနာဂတ်ပျောက်သွားတယ်။
လောင်းကစားနွံ့ ရုန်းရခက်တယ်

အစစအရာရာ..ဇေပါတယ်လေ..
ရေသာပါ..အ၀ှါသာပါ..
တီတီတာတာ..ပလီပလာ..
အိုလေလေ တဏှာရူးလေလေဘဲ..
အံသွားကုန်လာလေ မြက်နုကြိုက်လေလေဘဲ
"ဘဘဆီလာ..အစစအဆင်ပြေမယ်သမီး.
အော် အားနာပါးနာ..လူကြီးလေ..
ကြည့်ရှု စောင့်ရှောက်ရတာပေါ့..
ခိုးရတဲ့ ငွေတွေ..မရေနိုင်လောက်တဲ့အခါ"

အိုနာကျိုးကန်းတွေ..နိုင်ငံတော်အကြီးအကဲ..
မသေမချင်း..ဒါ..ငါ့ထိုင်ခုံဘဲ
ငါမပြုတ်ချင်..တိုင်းပြည်ဘာဖြစ်ဖြစ်
နအဖရည်မှန်းရာ..ပန်းတိုင်
ဖာမြန်မာနိုင်ငံတော်သစ်အဖြစ်..

အထက်ကစ..အောက်ဆုံး..
ဝန်ထမ်းမှန်ရင်..လာဘ်ယူမဆုံး.
ခြစားနေတဲ့ ယန္ဒရား..လောင်းကစားများနဲ့ ပြည်သူ
ဘယ်သူလာကူပါ့မယ်..
ကြာလေလေဝေး..ရွှေရေးကွာတဲ့ အမိမြေ
အနာဂတ်ရေး..တွေးမသေချာချေ။

မသဒ္ဓါ ( ၁၁။၁၅.၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */