Thursday, April 30, 2009

ခိုင်ကြည်စိတ်သန် အားမာန်များသို့ 


မျက်ရည်မကျနဲ့ 
ဖြစ်ပျက်မြဲ ကြုံတွေ့ လောကဓံ

မျက်ရည်မကျနဲ့ 
ဆုံတွေ့ ကွဲ မမြဲတဲ့ တရားမှာ။

စိတ်ခွန်အားတင်း..
ရဲရဲနဲ့  ရှေ့ ဆက်လျှောက်လေ..

အနာခံ စိတ်ဇွဲ
အမှန်တရားအတွက်
တောင်းဆိုတိုက်ချိန်..
ရင်ကို ကော့
မင်းခေါင်းတို့ မော့ထားလိုက်ပါ.

မျက်ရည်မကျနဲ့ 
ဓမ္မနဲ့  အဓမ္မ ပြိုင်စဉ်

မျက်ရည်မကျနဲ့ 
တရားမှုတို့ အုံ့ ဆိုင်းတဲ့ အချိန်

အမှောင်ယံရဲ့ အနောက်..
အလင်းတန်းတို့  အဆင်သင့်ရှိနေ..

ဝတ်ရည်တို့ ရှိတယ်..
အဆိုးဆုံးရဲ့ ခါးသီးမှုအလယ်..
လေပြေညှင်းရှိတယ်..
ကြမ်းကြုတ်တဲ့ မုန်တိုင်းနောက်ဝယ်..

မနက်ဖြန် ဟာ ဒို့ အတွက်.
လင်းတောက်တဲ့ နေခြည်အောက်မှာ..
နေ့ သစ်များသို့ ရည်ရွယ်..
ကိုယ့်ခြေပေါ် ကိုယ်ရပ်ကြမယ်။

မသဒ္ဓါ ( ၄။၂၉။၂၀၀၉)
အမှန်တရားနဲ့  တရားဥပဒေ မျှတရေးအတွက် နည်းပေါင်းစုံ ပါဝင်ဆင်နွှဲသူများသို့  အားပေးတာပါ။
ရောက်လုပါပြီ..ပန်းတိုင်ဆီသို့ ..ရှေ့ ဆက်စို့ 

No comments:

 
/* EOT ----------------------------------------- */