Wednesday, April 15, 2009

ဂုဏ်ယူတယ်ဒေါက်တာနေ၀င်း။ ငါ၏ သူငယ်ချင်းသို့ 




ဖုန်ထတဲ့ ရေဆင်း တက္ကသိုလ်လမ်းမပေါ်
ကတ္တီပါသဲကြိုးနက် ဖိနပ်
ရှပ်အကျီ င်္အပြာ
လွယ်အိပ်နီ တအိပ်.
ပေါ့လိပ်တစ်လိပ်..
ညနေတိုင်း တွေ့ ရတတ်သူ

စိုင်းစိုင်းက ကျဆိမ့် တစ်ခွက်
အကြမ်းအိုးက တစ်အိုး.
မိန်းမ တွေ မကြည့်
စာအုပ် ကို ဘဲဖတ်
လေအလာ.ညောင်ရွက်လှုပ်သံ
နားထောင်ရင်း ..သူ ကဗျာစပ်
စာကျိုးစားတဲ့ သူ
ကျေးလက်ကို ချစ်တဲ့သူ.
နှလုံးသားအပြည့်နဲ့ သူ

ကျောင်းသားဘ၀ထဲက နင်.
လေသံ ချိုချို..
ငြိမ်းချမ်းရေးကိုလိုတဲ့သူ
စိုက်ပျိုးရေးနဲ့ တိမွေးကု ရိုက်ပွဲ.
သူကဘဲ ဖြန်ဖြေတတ်သူ..
ကျောင်းသားကိစ္စ အ၀၀
မခိုကပ် သူဘဲ ဒိုင်ခံယူ.

တခါတခါ ကျမ ညစ်ကျယ်ကျယ်ငြင်းလည်း
သူက လေသံချို ပြန်လည်ရှင်းရဲ့
ဦးမောင်မောင်စံရဲ့ စနေစာပေ၀ိုင်း..
တူတူ ပုံပြင်နားထောင်ခဲ့တာသတိရတယ်။

လမ်းဘေးက လှည်းကြိတ်ခံခွေးလေး.
ကလေးမမွေးနိုင်တဲ့ ၀က်ကလေး..
ယုယစွာ သူပြုစုပေးတယ်
သူက စေတနာ ဆရာဝန်
ရှာမှ ရှားတယ်တာ သူလိုလူ

မတွေ့ တာ အနှစ် (၂၀) ကျော်ပြီ။
တနေရာရာ သူရှိနေမှာဘဲ။
တိမွေးကုဆရာဝန် နိုင်ငံတာဝန်ထမ်းမှာဘဲ။
သူသာ ထောင်ထဲ မရှိ နိုင်ငံအကျိုးရှိမှာမလွဲ

နာဂစ် မုန်တိုင်းကာလ
သူဓါတ်ပုံ ဖျတ်ကနဲမြင်တယ်..
သာဓုခေါ်တယ်.
ဘယ်သူမလုပ်ချင်
ပုပ်ပွ အလောင်းကောက်တဲ့အလုပ်
မင်းမို့ သာ လုပ်နိုင်တာ။
မှန်တာလုပ်ရင်..မနာလို တဲ့ နအဖ
မင်းနဲ့  အဖေတူ သမီးကိုထောင်ချ..
မတရားလုပ်ကြံ ပုဒ်မတွေ။

ဖိလေလေ ပိုပိုကြွတဲ့ လေ..
ပူလေလေ ပိုပို စွမ်းတဲ့ ရေငွေ့ 
နင်းလေလေ ပိုပို သန်တဲ့ မြက်..
သူငယ်ချင်းရေ..
ဘယ်သူမှ မသတ်နိုင်တဲ့ မင်းစိတ်ဓါတ်
ငါတော့ ထာဝရယုံကြည်ထားတယ်မှတ်
ဖြိုးဖြိုးအောင်ဆိုတဲ့ 
ပါရမီ ဖြည့်ဘက်သမီးလေးရထားတာ..
မင်း ကံကောင်းတယ်။

စိတ်ဓါတ်မကျနဲ့  သူငယ်ချင်း
အလောင်းကောက်လို့ ထောင်ကျ..
ဘာဂုဏ်ငယ်စရာမှ မလိုဖူး
မြန်မာ သမိုင်းထဲက
အာဇာနည်နာမည်..
မင်းနဲ့  မင်းသမီးလေးပါတယ်။

တိမွေးကု ဆရာဝန် ဒေါက်တာနေ၀င်း
ငါ အလေးပြုတယ် သူငယ်ချင်း။
ရဲရင့်တဲ့ လူဟာ တခါဘဲသေတယ်။။
နာမည် ဘယ်တော့မှ မသေဖူး။
မြန်မာပြည်ရဲ့ ဧရာဝတီ ရှိသ၍
မင်း နာမည်ရှိနေတယ်။

မသဒ္ဓါ ( ၄။၁၄။၂၀၀၉)
လူသေသော်လည်း နာမည်မသေမဲ့ သူငယ်ချင်း ဒေါက်တာနေ၀င်း BVS နှင့် သမီးငယ် မဖြိုးဖြိုးအောင်တို့  အတွက်။

3 comments:

နေသစ် said...

လမင်းကို ထရံပေါက်ကနေ့ ကြည့်ခွင့်ရဖို့ ဖိတ်ခေါ်ပါတယ်

MoeThwayNge said...

ခဏ ခဏ လာဖတ်တယ် မကြီး။ဘာမှမရေးခဲ့တာ...အဆင်ပြေပါစေ။

ကိုရီး{ကိုကြီး} said...

လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က MDY အိုးဖိုထောင်မှာ Dr - နေဝင်း/လှိုင်မြင့် တို့နဲ့ ရင်းရင်းနှီးနှီးဆုံခဲ့
ဘူးပါတယ်၊ စကားပြော အင်မတန် ယဉ်ကျေးကြပြီး စိတ်ဓာတ်ကြံ့ခိုင်မှုက လူပုံပန်သဏ္ဌန်နဲ့
တစ်ခြားစီပါပဲ၊ နာဂစ် သတင်းဓာတ်ပုံတွေမှာ တွေ့လိုက်ရပါတယ်၊စိတ်မကောင်းဖြစ်ရတယ်ဗျာ။

 
/* EOT ----------------------------------------- */