Tuesday, September 30, 2008

မြန်မာ့ရှုခင်း..သွေးချင်းချင်းနီ..ကယ်သင့်ပြီ။


လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်
ကျမတို့ ငယ်ငယ်က..
အောက်အီးအီးအွတ်..လင်းကြက်တွန်လျှင်
အရှေ့ ဆီ ရောင်နီပြို့ မိုးသောက်
ဘုန်းကြီးကျောင်းက တုန်းခေါက်သံ
နိုးထခဲ့ မနက်ခင်း..
မြန်မာ့ အလှရှူခင်း။

ဖွားမယ်ကြော့ ရဲ့..ခေါ်သံ
မြေးလေးရေ..ထထ..
ဆွမ်းတော်ဗျို့ တဲ့..
ကိုရင်တွေ ဆွမ်းခံကြွပါပေါ့
အအိပ်မကြီးရ..မြန်မာ မိန်းခလေး..
ကုသိုလ်ရေး ဟာ..ဒို့ ယဉ်ကျေးမှု
သာသနာရောင်ဝါလင်းစေ.အကျိုးပြု.
ဒီကောင်းမွေ...မျိုးစဉ်ဆက်.မျှပေးဝေ.
မနက်ဆွမ်းပြု မပျက်ရစေ၊

ဆွမ်းတန်းကြွ ကြေးစည်သံဝေ
လက်ကတော့ထိုး.စက္ခုအိနြေ္ဒ
သံဃာ၏ ဂုဏ်ကြက်သရေ..
အမျှဝေ သာဓု..ငယ်စဉ်က ပြုဖူးတယ်။

အခုတိုင် သတိတရ..
ဖွားပေးတဲ့ အမွေမျိုးစေ့ချ..
ရဟန်း၏ မယ်တော်ဖြစ်ခဲ့ငြား..
ပျောက်ဆုံးနေတဲ့ သားမောင်ရဟန်း..
ဘယ်ဆီမျှော်မှန်း..ရှာဖွေရမ်းလည်း။
ဘယ်သောင် ဘယ်ဆီမသိ.
ပျောက်ချင်းမလှ ပျောက်နေသည့်မယ့်ရှင်။

သေနတ်မှန်ထိ..သေသည်၏လော..
ဒုတ်ခဲစာမိ..ပျံလွန်၏လော..
သွေးထွက်လွန်ရှိ..ရေတိမ်နစ်၏လော..
အကျဉ်းထောင်ဘယ်ဆီ မသိ..နှောင်တဲ၏လော။
အရှင်လတ်လတ်..ရေချသတ်၏လော။
မီးလောင်မြှိုက်သွင်း..အသေသတ်၏လော။
ချောင်းတွင်းက မှောက်ရက် ကိုယ်တော်..
ဘွဲ့ တော်..ဘယ်အမည်ပါလိမ့် 
မျက်နှာတော်ပုံကျ..ဘယ်သူ သိပါလိမ့် 
မယ့် သားတော်ပျောက် ဘယ်လိုရှာရပါခြိမ့်။

ဒို့ ဗမာပြည်မှာ သာသနာစစ် ပြတ်လပ်ခဲ့..
အမှောင် မိစ္ဆာဝါဒီ
စစ်အာဏာရှင်လက်ထက်
လူကို..ခွေးသတ်ကာညှင်း။
ယူကြုံးမရ..ဒို့ ခေတ်ကျမှ
အမယ်မင်း.ညံ့ကြပါလေချင်း။..

ပြန်တွေးတိုင်းနှစ် ( ၃၀)..
သာသနာတော်
မြန်မြန်ဆန်ဆန် ကွယ်တာ.
တကယ်ရင်နာတယ်။

မြန်မာ မှန်ရင်..
အယုတ်အလတ် အမြတ်မရွေးကာကွယ်ကြ..
ဗုဒ္ဓဘာသာ..စစ်ဖိနပ်အောက်မှ
နွံ့ နစ်ပတ္တမြား..ဝက်များတန်ဖိုးမသိကြ။
ဒီအတိုင်းဘဲ လက်ပိုက်..
ကုသိုလ်ရှင်တို့ ရေ..ကြည့်နေနိုင်ကြသလား။

တိုက်ရဲမဲ့ ယောက်ျားဇာနည်.
သာသနာအရေး စတေးမဲ့ သားကောင်းစစ်သည်။
လိုအပ်နေပြီ။
ငိုနေခဲ့သည့် မြန်မာပြည်
သွေးချင်းချင်းနီ..ဒို့ သွေးသားများ
ဆာလောင်မွတ်သိပ်သူ အိုးအိမ်မဲ့များ..
ပံ့ပိုးသင့်သည်..မြန်မာ အားလုံး.
ဒို့ မြန်မာမြေ..သာသနာပြုန်း..
လူဖြစ်မဆုံးသေးခင်…
သင်ဗုဒ္ဓဘာသာကောင်းဆိုပါလျှင်။

မသဒ္ဓါ ( ၉။၉။၀၀၈)
မသဒ္ဓါ၏ သတင်းအစအန မရ..ပျောက်ဆုံးနေဆဲဖြစ်သော သား သံဃာအရှင်မြတ် အား အမျှပေးဝေပါသည်။ သတင်းမကြားရသည်မှာ တနှစ်ကျော်ခဲ့ပါပြီ။ ဘာသတင်းမှ မရသေးပါ။ ပထမအကြိမ် ကံဆောင်စဉ်က. မစိုးရိမ်တိုက်တွင် သီတင်း သုံးခဲ့ဖူးသောကြောင့် ဤ တစ်ခေါက်တွင် ပါဝင်မည်မှာမြေကြီး လက်ခတ် မလွဲပါ။

1 comment:

Goldie Shwe said...

မသဒ္ဓါ
သား သံဃာအရှင်မြတ် အကြောင်း ကြားရသဖြင့် အလွန်စိတ်ဆင်းရဲမိပါသည်။ ကိုယ်တော်မြတ်၏ ကိုယ်စိတ်နှလုံးသုံးပါး ငြိမ်းချမ်းစေရေး အတွက် မေတ္တာပို့ အမျှပေးဝေပါသည်။

နေခြည်ဦး

 
/* EOT ----------------------------------------- */