Tuesday, September 16, 2008

ကျမ နဲ့ မေရီအန်တော်နက်။ ကျမနဲ့ ဂျုန်း


ငယ်ငယ်ကကြည့်ဖူးတဲ့..
ပြင်သစ်တော်လှန်ရေးဇာတ်ကား
ခေါင်းဖြတ်စက်ဒါးကျ..
လူဆိုး.ဘုရင်မ ခေါင်းပြတ်တဲ့အခါ.
သြဘာပေးတဲ့ ပွဲကြည့်ပရိဿတ်များ။
နားမလည်နိုင်အားတဲ့ ခလေးငယ်
အဖေ့နား ပါးကပ်. တိုးတိုးလေး မေးတယ်။

“ အဖေရေ..
ခေါင်းဖြတ်လူသတ်တာ..
ဒီလိုဘဲ လူတွေ ဘာလို့ ကြည့်နေကြတာလည်း။
ဒီလူတွေ သေလုဆဲဆဲ။
မျက်နှာဖုံးစွပ်ဇောရိုး၊လာ မကယ်တာ၊
ဘာကြောင့်လည်း။
င်္ဒီလူ၊ လူကောင်းမဟုတ်ဖူးလား။”

အဖေ က ပြန်ပြောတယ်။
“သမီးငယ်..
လူဆိုးသေရင်..လူကောင်းလာမကယ်ဘူး။
လူဆိုးသေ..လူကောင်းဝမ်းသာတာ..အဆန်းမဟုတ်ဘူး။
ရှူး တိတ် တိုးတိုး.နေ..ကြီးလာရင်..
သမီးဖာသာ သမီးသိလာမယ်။”


အဲဒီတုန်း ကစောဒက။
ကျမ တက်ပြချင်ပေမဲ့
ခြေဆောင့်ကောက်၊ စိတ်ဆိုး.
“မပြောချင်လည်းနေ အဖေ၊
တနေ့  ကျမသိအောင် လုပ်မယ်”

ကြည့်ပါလား
သနားစရာ မျက်ရည်
စိန်တွေ ဝတ်ထား..လှပတဲ့
မေရီ အန်တော်နက်
အိမ်မက်ထဲတောင် ခဏခဏမြင်။
သနားစရာ့ မင်းသမီးလေးအသွင်။

ကြီးလာမှ ကျမသိတယ်။
ဘယ်ဟာ..လူဆိုး လူကောင်းသဲကွဲ
ကျမလဲ လူအုပ်ထဲ..
လူဆိုးတွေ မိရင်.. ပျော်ရွှင်
သြဘာ ပေးချင်တဲ့လူ..
အမှန်တရားနဲ့ ရှင်သန်သူ။

ပြင်သစ်မှာက လူဝီဘုရင်
မြန်မာပြည်က စစ်ဓါးမြ သခင်
မကောင်းတာလုပ်သမျှသည်.. NLD
အမြဲ ခြောက်ပြစ်ကင်းပါသည်..နအဖ။
သောက်သုံးမကျတဲ့..စစ်သမတ
ရာဇ၀င်မှာ ကောင်းကောင်းရေးထားတယ်..
စာလုံးမဲကြီး နဲ့  နင့်  နံမည်၊
ကျောက်စာထိုး မှတ်ထားခဲ့မယ်။

၈၈၈၈ ကျောင်းသားတွေ အားလုံးထောင်ထဲ
လူအခွင့်အရေးဆန္ဒပြ ဗုံးတရားခံစွပ်စွဲ
သက်ဆိုင်ရာ အမျိုးတွေ လိုက်ဆွဲ
ယောက္ခမ မနေရ၊ ယောက်ဖ မနေရ။
လူမမယ်မနေရ။ ဗိုက်ထဲက ခလေးမနေရ။
အဖိုးအို အဖွားအို..သံဃာအို
ဘယ်သူမှ မညှာဘူး။
ဝေသာလီ ပြည်စီးတဲ့ ဘီလူး။

အလှည့်ကျ မနွဲ့ ရဖူးတဲ့
စစ်နဲ့ အချစ်ရဲ့ တရားတဲ့ ဥပဒေ
ဒို့ တွေ လည်းအတုယူကြ..
ရန်ဆိုရင် ပြတ်ကြပစေ။
ဒို့ အမျိုးလည်း..အစိတ်သားရှင်းကြည့်။
သူ့ အမျိုးလည်း..အစိတ်သား ရှင်းပစေ။

မျက်လုံးဆို..တစ်လုံးချင်း
သွားဆို တစ်ချောင်းချင်း။
အချစ်ပေးရင်..အချစ်
အပြစ်ရေးရင် အပြစ်။
ရေဆေးတိုင်း..အဖြူပြန်မဖြစ်..
စသူအသစ်..ဖြစ်သူအဟောင်း.
သွေးကြွေးဟူသည်..သွေးနဲ့ ပြန်လောင်း။
သူကောင်းကောင်းပေးတဲ့ ဒုက္ခ..
ဒို့ လည်း ကောင်းကောင်းပြန်ဆပ်ခဲ့ကြ။

ငယ်ငယ်က သွေးတွေကြောက်လို့ 
အဖေရင်ခွင်ထဲ ပုန်းတဲ့ ခလေးငယ်..
အခုလေ ခေါင်းမော်ဝင့်
သံချပ်ကာဝတ်နဲ့  သူရဲကောင်းမ.ဂျုန်း လို..
အမျိုးအတွက်..အသက်ပေးမယ် ရဲရင့်
နိုင်ငံကို ချစ်တဲ့အချစ်..
သာသနာ အတွက် စတေးခွင့်
တဗိုလ်သေ..တဗိုလ်တက်ရစ်..
ရာဇ၀င်ကြွေး အဆုံးအထိ ဆပ်မယ်။
လူကောင်းဆိုတာ..
လူဆိုးကို နှိမ်နင်းဖို့ မွေးဖွားခဲ့တယ်။
ဘယ်တော့ မှ ဂုဏ်သိန်မငယ်။

မသဒ္ဓါ ( ၉။ ၂၅။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */