Sunday, May 27, 2007

ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ခြင်း

ကန်ထဲက ရေတပွက်ပမာ
လူ့ဘ၀ဆိုတာ ခဏနေခိုက်
ချမ်းသာလိုက် ဆင်းရဲလိုက်
နိမ့်တုံ မြင့်တုံ ဘယ်ဘုံမှမမြဲ
မျှော်လင့်အားခဲတိုင်းလည်း မဖြစ်
မျှော်လင့်မထားတဲ့ အရာတွေက လာဖြစ်
စိတ်တော့ ညစ်စရာပဲနော်။

လောကဓံ မုန်တိုင်းရဲ့ကြား
ဒေါသလှိုင်းတွေကလည်း…..ဆူ
သောကတံတိုင်းကလည်း …ထူ
မိစ္ဆိယမှိုင်းတွေကလည်း ကလူ..ကလူ
မောဟရိုင်းတွေကလည်း တံခွန်ထူ
အတ္တတွေ ၀ိုင်းရံနေတဲ့လူ
အမှန်ကို သတိမူမိခဲ့လည်း
ဝန်ချပြင်ဆင်ဖို့ကျ ခက်ခဲ
မာန်မာနက သရုပ်သဏ္ဍန်လွဲနေ
ဆိတ်သားရေ ဖုံးထားခဲ့တဲ့ဆင်သေ။

လောဘရဲ့ အမှောင်တွေဖုံး
အပြုံးမပါတဲ့ ဘဝ
စိန် ရွှေ ငွေ တွေအပေါ်ဖြန့်အိပ်နေရပေမယ့်
နှလုံးသားက ဆိတ်သုန်း
အပျော်များလည်း သေဆုံး
သိက္ခာများလည်း ဆုံးရှုံး
အပေါ်ဖုံးရွှေမှင်ရေးများ တစ်ဖြည်းဖြည်းကွာကျလာမှ
အဖြေရှာမိခဲ့ ကိုယ့်ဖာသာ
ရှင်ရက်နဲ့ ဘ၀သေခဲ့ရပြီ ငါ..

မသဒ္ဓါ

No comments:

 
/* EOT ----------------------------------------- */