Friday, March 23, 2007

ဂုဏ်ယူတယ်.....မြန်မာနိုင်ငံသားဖြစ်ရတာကို

ဒီမြေပေါ်မှာမွေး..ဒီမြေက.အစာေ၇စာကြွေးခဲ့
ဒီမြေကပညာလည်းပေးခဲ့..
ဒီစကားကိုပြော၊ ဤစာပေကိုချစ်ခင်
ဤလူမျိုးကိုလေးစား၊ ဤဘာသာကိုကိုးကွယ်
ကျမလေဂုဏ်ယူတယ်.....ဗမာဆိုတာ၊

ကံဇာတာတွေခေခိုက်.အဝေးရောက်လွင့်စင်
ဆောင်းခိုဌက်ကလေး..မယ့်ဖြစ်အင်.
ရှွှေပြည်တော်ရယ်..မျှော်တိုင်းဝေးနေပေမဲ့
အတွေးတွေထည်းမှာတော့..နီးနီးကလေး
ဗမာသွေးနဲ့မဝေးကွာ၊

တိုင်းခြားဘဲရောက်.ရောက်၊ ပြည်တွင်းမှာဘဲနေနေ
ဘယ်မှာဘဲနေနေ..ဗမာဟာ..ဗမာပါဘဲ၊
ရင်းနှီးစွာ သွေးစည်းနေကြရင်။ ညီညွတ်စွာ ချစ်ခင်တတ်ကြရင်၊
ဘာသာနဲ့အမျိုး စောင့်ရှောက် ကြ၇င်..
အဝေးရောက်ဗမာ့တွေ၊ သစ္စာဖောက်မမည်ပေ။

ပြည်တွင်းမှာဝေလေလေ။ပျင်းရိအပါးခို
ကိုယ်အားကို ကိုယ်မကိုး၊ဆန်ကုန်လို့မြေလေး
အရေးမဟုတ်တာတွေလေကန်.. အမျိုးမမှန်တဲ့ ပေါင်းစေ့
သူများကြီုးစားတာ..ကိုထိုင်ကာ ကဲ့ရဲ့
သူတပါးချွေးနည်းစာများကိုလုယက်
ဓမြတိုက် ခိုးဝှက်..ကြောင်တောင်နှိုက်..တောင်းရမ်းနေတဲ့လူသား
ဒါဗမာများခေါ်ထိုက်သလားကွယ်။

တိုင်းပြည်အပြင်နေမှ...သစ္စာဖောက်မဟုတ်
ပြည်တွင်းမှာ..ဖော်လံဖား၊ မင်းအကြိုက်ခစား
တရုပ်ကိုအဖေ..ခေါ်သူများ။ ရုရှကို ဆရာခံသူများ
မြောက်ကိုရီးယားကို..ကျွန်ခံနေသူများ
ဒီလိုလူနွားတွေသာ..ကျွန်သဘောက်..
ရှန်းတောက်တဲ့..ဒို့ဗမာရဲ့ ဂုဏ်အင်္ဂါ..
သူတို့ကြောင့်သာ... ညှိုးနွမ်းခဲ့ရပြီ။
နားလည်ပေးပါ..ဘယ်သူဟာ ဗမာ ခေါ်ခံထိုက်သည်။

ဗမာပီပီသသ ဗမာများသို့ ဂုဏ်ယူစွာဖြင့်
သဒ္ဓါ

No comments:

 
/* EOT ----------------------------------------- */