Saturday, June 4, 2016

ဘုရင်မပါတဲ့..စစ်တုရင်ပွဲ

ဒို့ ဟာလေ..
စစ်တုရင်ပွဲထဲက..ဘုရင်မ..
အသုံးမကျတဲ့..ဘုရင်ဧကရာဇ် ကို..
အသက်ပေး..
ကာကွယ်ဖို့ လက်မနှေးတဲ့..မဟေသီ..
သစ္စာရှိတဲ့..ဒေ၀ီ..
ထက်မြက်တဲ့…ဧကရီစစ်သည်..

သံချပ်ကာဝတ်..
စစ်ဘုရင် ဒါးကိုဝင့်..
အလံကိုလွှင့်ကာလှမ်း..
တလှမ်း..ချင်းသာရွေ့ ..
မပိုင်တဲ့ ရုပ်သေးဘုရင်..
ရန်သူကိုအငုတ်မချွေနိုင်

ထက်မြက်တဲ့မိဘုရား..ဒို့ ..
ဒေါက်လိုက်ပဲပို့ ပို့ ..
အလျှားလိုက်ဘဲပြေးပြေး..
အနီးမှာလည်းစားနိုင်..
အဝေးသို့ လည်းသွားနိုင်
ကြိုက်သလို ကစားနိုင်

 ချစ်ကြင်သူမင်းကြီး ထံတော်ပါး..
အသက်နဲ့ ခန္ဓာ စတေးထား..
အချစ်ဝိဥာဉ်ကို..ပေးထား.
အနီးနား..ခစား…
အဝေးစစ်မြေပြင်သို့ စစ်တိုက်သွား
ဘက်စုံရတဲ့..ထိပ်ထား..

မျက်မှောက်ခေတ်ရဲ့..မိန်းမသား..
မှီခိုစားဖို့ ..ယောက်ျားကိုမလို..
ကိုယ်ကချစ်ရမဲ့..ယောက်ျား..
ကိုယ့်အပေါ်စစ်မှန်ချစ်မဲ့
ယောက်ျားသာ လိုအပ်.
လွတ်လပ်ခြင်းနဲ့ ..အမြင်ရှင်းမှု..
တူညီနားလည်..
လုပ်ပိုင်ခွင့်ဘဲလိုတယ်..

သာမှ..စားမဲ့ယောက်ျား..
မျက်နှာများမဲ့..ယောက်ျား..
သစ္စာမထားမဲ့ ယောက်ျား.
.ဖေါက်ပြန်မှားမဲ့..ယောက်ျား.
ဒို့ များမလို..
ကန်တော့ဆွမ်းဘဲဆိုမယ်..

ခုခေတ်အတွက်.
စစ်တုရင်ကစားနည်းအသစ်..
မသဒ္ဓါ တီထွင်ဖြစ်ရင်..
တကွက်ထည်းသာပြေးမဲ့..မင်းကြီး.
မိဘုရားကာကွယ်မှ..ဘေးရှင်းမဲ့မင်းကြီး..
ကိုယ်လွတ်ရှောင်..
သားရဲဘောကြောင်တဲ့မင်းကြီး မလိုဘူး..

ရှင်းထုတ်..
ဘုရင်မပါမဲ့..စစ်တုရင်နည်းသစ်..ထွင်
ဘုရင်မတယောက်ထဲဘဲ..
တိုက်ပွဲဝင်ချင်တယ်။

 မသဒ္ဓါ

7 comments:

Thu Rein said...

chess ကစားရာမှာ queen ရဲ့ value က 10 ပါ။ကျန်တဲ့အရုပ်တွေ ထက်တန်ဖိုးမြင့်ပါတယ်။ ဒါပေမယ် king ရဲ့ value က infinite လေ။ ဒီတော့ဘယ် လိုမှယှဉ် မရတာပဲ Ma Thadar ရယ်။...ဟဲ..ဟဲ

naing said...

ပွဲစပြီ လား ခင်ဗျာ ၊ မတတ်ကျွမ်းသော ပရိသတ် တစ်ဦးပါ ။

Ko Nay Gyi said...

သြော်.... တန်ဖိုးမှမတူတာကို...။ ဒါပေမဲ့ ဘုရင်ကြီးမရှိတော့ရင်တော့ ဆက်ကစားလို့မရတော့ဘူးနော်...။ ရှုံးသွားပြီလေ...။

Layma said...

mama,,,go on...
I like ur poem...
Pls share more than like this...
If the King is talented ,dose the queen need him????

Thadar (မသဒ္ဓါ ) said...

အမှန်ကတော့လေးမာရယ်..ကျမရည်ရွယ်တာက..ဖောက်ပြန်တတ်တဲ့ယောက်ျားကိုကံမကောင်းစွာရပြီးအားငယ်နေတဲ့မိန်းမများအတွက်ရေးပေးတာပါ။ဘယ်သူမဆိုရွှေမင်းသားတော့လိုချင်ကြတာပေါ့။ပုံပြင်ထဲကရွှေမင်းသမီးတော့ဖြစ်ချင်ကြတာပေါ့.မှန်းလျက်နဲ့နှမ်းထွက်မကိုက်တော့လည်း..ဟန်ကိုယ့်ဖို့ပေါ့လေ.အားလျှော့ပြီးယောက်ျားနိပ်စက်လို့.ဘ၀ပျက်တာထက်စာရင်..တယ်..ဒီမိန်းမသူ့ကိုယ်သူတော်တော်အထင်ကြီးပါလားအထင်ခံရတာ။သိပ်မဆိုးဘူးထင်ရတာဘဲ..ဟဲဟဲ....ကျေးဇူးတင်ပါတယ်၊လာအားပေးတာ။တဲလင့်ရှိပြီးကိုယ့်အပေါ်ကောင်းမဲ့မင်းကြီးတွေ့ရင်တော့ မသဒ္ဒါအသက်ပါပေးလိုက်မှာပေါ့။ဘွာတေး..ဘွာတေးဆိုပြီး.။ဟီးဟီး..ကောင်လေးတွေကိုတော့ပြန်မပြောနဲ့နော်.မမရှက်ရှက်

MELODYMAUNG said...

မသဒ္ဓါရေ မလို ဘ၀ကဗျာတွေရေးတတ်ဘူး အချစ်ကဗျာပဲရေးတတ်တယ် ဘယ်လိုလုပ်ရမလဲ။ ပြီးတော့ ဘယ်သူတွေဘာပြောပြော စစ်တုရင်ပွဲထဲက..ဘုရင်မ..လုပ်ချင်လို့

zawmyo said...

ကျွန်တော် ကိုကဒေါင်းစီမှာတင်မရလို့ဒီမှာ လာတင်တာပါ

ကျွန်တော်ရေးတာ ဖျက်ပြစ်ချင်လဲ ဖျက်ပြစ်နိုင်ပါတယ်။ ကျွန်တော် ဒီမှာ ကွန်ပျူကျောင်းတက်နေပါတယ်။ အတိအကျပြောရရင် Linux ပိုင်းပါ။ ကို ကဒေါင်း ကို ကျွန်တော်ပြောပြချင်ပါတယ်။ သီအိုရီအရ Hack ကို ဘယ်လိုနည်းနဲ့မှ မကာကွယ်နိုင်ပါဘူး။ အမေရိကန် အိမ်ဖြူတော် ကွန်ပျူတာ Hack လုပ်ခံရတာ အစ်ကို ကြားမိမှာပါ။ နောက်တစ်ခုကတော့ MYSQL server ကို security လုပ်ရင်း အဆင်မပြေရင် ဘယ်လို ဖြစ်တတ်လဲဆိုတာ ကိုကဒေါင်းသိထားမယ်ဆိုရင် အခုလို ကောက်ချက်ချမှာတော့ မဟုတ်ပါဘူး။ အစ်ကိုတို့ အစ်မတို့ ဒီမှာ အားမနာတမ်း teashop အတင်း ၀ိုင်းပြောနေတာ တော့ စိတ်မကောင်းပါဘူးဗျာ။ အစ်ကိုတို့ ကြော်ငြာတွေကို တင်ပေးတာတွေ၊ အစ်ကိုတို့ပြောချင်တာတွေ ဆင်ဆာ မပါပဲ လွပ်လွပ်လပ်လပ် ပြောခွင့်ပေးတာတွေ ကို မေ့နေလို့လား။ တခြားနေရာတွေမှာ အစ်ကိုတို့ကို အဲလို လုပ်ပေးတာရှိလို့လား။ အစ်ကို တို့ ဒီမိုကရေစီ သမားတွေလုပ်တဲ့ နေရာမှာ အဲလို လွတ်လပ်လို့လား။ စေတနာနဲ့ လုပ်ပေးထားတာကို အပြစ်ပြောတော့ လွယ်လွယ်လေးနဲ့ပြောပြစ်တယ်။ အစ်ကိုတို့ အချင်းချင်း မျက်နှာပြရဲ သေးလားဗျာ။
အစ်ကိုတို့ လဲ ယူဆချက် ပြောတာပဲ။ အစ်ကို မောင်ဆန်လဲ ယူဆချက်ပြောတာပဲ။ အစ်ကိုတို့ ပြောရင် အထောက်အထားပဲ ဖြစ်ဖြစ် ကျိုးကြောင်းဆက်စပ်တာပဲ ဖြစ်ဖြစ် ဘာများရှိလဲ။ အဲလို ယှဉ်မပြောနိုင်လို့ teashop လွတ်လွတ်လပ်လပ်ပြောတာကို အစ်ကိုတို့ စိတ် ထဲ မကျေနပ်ဖြစ်နေတယ် မဟုတ်လားဗျာ။
ကိုမောင်ဆန် မလေးရှားက လူကို ကူညီသွားတယ်။ ပညာရေးတိုးတက်ဖို့အတွက် ပေါင်းလုပ်ဖို့ စည်းရုံးသေးတယ်။ အစ်ကိုတို့ ဘာများလုပ်သလဲ။ အခုလိုပဲ ၀ိုင်းဖွဲ့ပြီး အရေမရ အဖတ်မရ အချိန်ဖြုံန်းနေတာပဲ မဟုတ်လား။
အစ်ကိုတို့ အခုပြောထားတာတွေကို ကျွန်တောလဲ Yahoo Group မှာတင်လိုက်ပါမယ်။ Teashop ကြောငြာ တင်တဲ့ နေရာမှာပါ။ Teashop လဲ အစ်ကို တို့အားလုံးရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စိတ်ဓါတ်လေးတွေ သိသွားအောင်လို့ပါ။
ကျွန်တော် ကတော့ အစ်ကို မောင်ဆန် နေတဲ့ မြို့သွားပြီး သူ့ကို ရအောင်ရှာမယ်။ သူနဲ့တွေ့ရင် သူ့ကို Forum ထောင် ဖို့ အကြံပေးမယ်။ ငွေရော လူအင်အားပါ အကူအညီပေးမယ်။ မရ ရအောင်ရှာမယ်။ သူရဲ့ အတွေးအခေါ်ကို ကျွန်တော် လေးစားတယ်။ အစ်ကို ကဒေါင်းလို ဗမာကို အခွင့်ရတရွေ့ နှိမ်တာမျိုးတော့ ကျွန်တော် ရွံတယ်ဗျာ။ အစ်ကို တရုပ်မိုလို့ အဲလို လုပ်တာလား။ တရုပ် ဆိုးတာတွေ အများကြီး ရှိတာပဲ အစ်ကို ဘာဖြစ်လို့ မပြောလဲ။ ကျွန်တော် ဗမာစစ်စစ်ပါ။ အခု အစ်ကို မောင်ဆန်ကို ရအောင်ရှာပြီး Forum အသစ်လုပ်မယ် ။ အစ်ကို တို့ အဲဒီမှာ ယှဉ်မပြောရဲရင် အခုလိုပဲ ဘေးထွက်နေပါ။ အစ်ကို မောင်ဆန် ရေးတာကို တလုံးချင်း ကျွန်တော်နဲ့ တခြားလူတွေ ဖတ်သွားမယ်။

 
/* EOT ----------------------------------------- */