Friday, March 18, 2016

ဂုဏ်ယူပါလှင့် အမေ


အမေ
မနက်ခင်း တောက်ပတဲ့ အာရုဏ်
ဆွမ်းတန်း မီအောင် ဆက်သ
သားအတွက် မေတ္တာ ပို့သနေမယ်။ ကျနော် သိနေတယ်။


အမေ
ထမင်းပွဲမှာ သားကြိုက်တဲ့ ဟင်း လျှာ
စားပွဲပေါ် ပါခဲ့ ရင် မျက်နှာညို
အမေ သက်ပြင်းချ ထသွားတော့မယ် ။ ကျနော်သိနေတယ်။

အမေ
မြေးလေးတွေ ကို ကြည့်ရင်း ဖတဆိုး ကလေးများရယ်
အမေ ဂရုဏာသက်နေ တော့မယ်။ ကျနော်သိတယ်

အမေ
ဆောင်းရာသီ မနက်ခင်းအေးရင်
ကျနော် တယောက် ထဲ အဖော် ကွဲချမ်းအေးနေမှာ
စိုးရိမ်နေမယ် ကျနော်သိတယ်။

အမေ
ကျနော်လေ အမှောင်ထဲ မှာ အနေကြာ
အလင်းမရှိလည်း အနေပျော်ပါတယ်။

အမေ
ကျနော်လေ အစာရေစာ ကြမ်းရှ
အရသာမရှိ တာလည်း မျို နိုင်ခဲ့ပြီ။

အမေ
ကျနော်လေ ချစ်ခင်သူတွေ နဲ့  ဝေးကွာ
ငရဲရက်များစွာ ကျနော် ရင်ဆိုင်နိုင်ခဲ့ ပြီ

ယောက်ျားပါ အမေ
ကျနော်ချစ်တဲ့ တိုင်းပြည်
ကျနော် ဘိုးဘွားတို့ မြေ
ကျနော်ချစ်တဲ့ ဒီ အမျိုး
ကျနော့ လို ရဲသောသွေး နဲ့ မြန်မာ
ကျနော် စားရမဲ့ ထမင်းတစ်လုပ် အတွက် သစွာ မဖောက်နိုင်ဖူး။
ကျနော့ နိုင်ငံကို တိုင်းတပါးလက် အရောက်မခံနိုင်ဖူး
ကျနော့ လူမျိုးတွေ အစုအပြုံသေကြေ
ကျနော် ရေငုံ မနေနိုင်ဖူး။
ယာက်ျားပါ အမေ

ဒီအတွက် ကျနော့ အသက်ပေးရမယ်ဆို ယူလိုက်ပါ့
ကျနော့မိသားစုကို ရင်းရမယ်ဆို လညိးစိမ် လိုက်ဗျ။
ကျ နော့ ဘဝတခုလုံး ကြေမယ်ဆိုလည်း ချေလိုက်ကြ။

ကျနော်သည် အမေ့ ၏ သား
ရာထူးအဆငိ့ အညိမ်းစား ဗိုလ်မှူး
စွဲဆိုပုဒ်မ နယူကလီးယား လှို့ ဝှက်ချက် ပေါက်ကြားမှု
ကျသင့်အပြစ် သေဒဏ်ပယ်ချ တသက်တကျွန်းကျ
အမှန်ကို အမှန်ဖော်ပြ
ကျနော် တာဝန်သိသော သူ
စွဲဆိုပါသည် နိုင်ငံတော်ကို ပုန်ကန်မှု
နိုင်ငံတော် အပေါ် တာဝန်ကြေ
ကျနော် နိုင်ငံရေး အကျဉ်းသားပါ အမေ။

ဂုဏ်ယူ အမေ
ကျနော် သေတောင် မငိုနဲ့
တပြည်လုံး မှာ မရှိ ရှား အာဇာနည် သား
အမေ့ရဲ့ ကျနော်
အမေ ဂုဏ်ယူပါတော့နော်။


မသဒ္ဓါ ( ၃။၁၇။၂၀၁၆)
ချစ်ခင်လေးစားပါသော ဗိုလ်မှူး ၀င်းနိုင်ကျော် သို့ ။ အကိုကြီးရေ။ မကြာခင် အလင်းပွင့်တော့မှာပါ။ အိမ်လည်း ပြန်ရတော့မှာပါ။ ကျန်းမာအောင် နေပါ ။ မိသားစု က မျှော်နေပါတယ်။

No comments:

 
/* EOT ----------------------------------------- */