Thursday, December 2, 2010

ညီစေ...


ကဲ့ရဲ့တာ လွယ်
ချီးမြှောက်ဖို့ ကျ ခက်တယ်။

လက်ညှိုးထိုး လွယ်
လက်ဆွဲနှုတ်ဆက်ဖို့ ကျ ခက်တယ်။

နောက်လိုက်တာ လွယ်
ခေါင်းဆောင်ဖြစ်ဖို့ ကျ ခက်တယ်။

သူတပါးကို နိုင်ဖို့ ထက်..
ကိုယ့် အတ္တကို နိုင်ဖို့ က ခက်တယ်။

ဇာတ်မြောနေတဲ့ စစ်ကျွန်တော်လှန်ရေး..
မအောင်မြင်သေးခင် ရင့်ယော် ပုပ်ရိ
ဆွေးမြေ့မသွားဖို့ က အရေးကြီးတယ်။

ရိုးသားစွာ တွေး..
သင်၏ ကိုယ်ရည် ကိုယ်သွေး
သင့်သာသည် အသိ။
သမိုင်းပေး၏ တာဝန်ရှိသည်။

မိမိ နိုင်ရာ ဒေါင့်တစ်နေရာ
မိမိ ဆိုင်ရာ ခေါင်းမရှောင်သာ
ရဲရင့်စွာ နေရာယူပေးကြပါ။

ဦးခေါင်းလည်း ဦးခေါင်း..
ခြေချောင်းလည်း ခြေချောင်း.
သူ့ တာဝန် သူ့ ဝန်တာ.
အတူတူ လှုပ်ရှားမှ ရွေ့ မှာမို့ 
ကဲ သူငယ်ချင်းတို့ ရေ..
နောက်ကချည်း လိုက်မလား..
အောက်ကချည့် တိုက်မလား..
ဒူးထောက်မိရင် တသက်
ဖောက်ထွက်နိုင်ရင် တစ်ချက်
လူရှုံး လူအ..လူစွမ်း လူစ
ဘယ်အစားမှာ မင်းပါသလည်း။

ခေါင်းဆောင်လည်း ခေါင်းဆောင်
ငယ်သား လည်း ငယ်သား
ဟန်ချက်ညီညီ..ရုန်းသင့်ပြီ။

ငါသေရင်..မင်းဆက်တက်..
မင်းသေရင်..ငါ ဆက်တက်မယ်။
တော်လှန်ရေးရဲ့ သဘော..
သွေးရင်း.ချွေးရင်း..စတေးရင်း.
တဗိုလ်ကျ..တဗိုလ်တက်..
တပ်မပျက်ဖို့ က အရေးကြီးတယ်။

ခေါင်းခါး ခြေလက်..သွက်သွက် လှုပ်ရှား.
ညီညွတ်မှု ယန္ဆယား..
ရစ်သမ်နဲ့ စည်းချက်..
သက်လုံနဲ့ ၀င်သက်ထွက်သက်
အားလုံး ညီကြစေ။

ပန်းတိုင်လိုချင်…
ရင်းရမယ့် လုံ့ လ
အလကား ဘာတခုမှ မရ
လိုချင်ရင် အားထုတ်..
လွတ်မြောက်ချင်ရင်..ဖောက်ထွက်စို့ ။

ကဲ..ညီပြီလား..
အဆင်သင့် ပြင်….
ရှေ့ တက်မယ် လာ..
ပြောနေ.. ကြာ။

မသဒ္ဓါ (၁၂။၁။၂၀၁၀)
ခေါင်းစဉ်ဒီဇိုင်းကို ကျေးဇူးပြု ရေးဆွဲပေးသော မောင်လေးမျိုးအားကျေးဇူး အနန္ဒ ပါ။

No comments:

 
/* EOT ----------------------------------------- */