Thursday, March 18, 2010

အမှန်တရားရဲ့သမိုင်းမှာ..ဗိုလ်ချုပ်ရဲ့စစ်တပ် အရောင်မမှိုင်းစေချင်

စစ်အတွင်း..ကာလ နာဇီစစ်သုံ့ ပန်း..
မျိုးပြုန်းသတ်ဖြတ်..ကြေကွဲဇာတ်လမ်း..
Anne Frank ရဲ့ နေ့ စဉ်မှတ်တမ်း..
ကမ္ဘာကျော်..စေခဲ့တာ..အမှန်တရားရဲ့ သက်သေ..

အပြစ်မဲ့ ကလေးမလေးရဲ့.သုန်းသွားခဲ့တဲ့ အပြုံး
ရက်စက်.သွေးပျက်
ကြမ်းတမ်း..နာကြင်ခဲ့တဲ့ဝေဒနာ..
လူသားတွေ အတွက်.. သာဓက..
တင်ပြခဲ့သော ကလေးတယောက်ရဲ့ ဘဝ

စစ်အာဏာရှင်တဦး၏ ရူးမိုက်မှုလေးတခု ပေါ့
ဂျုးဖြစ်တာနဲ့  အသက်သေထိုက်ပါသလား..
တန်ဆာခံက..သေကြေရသော ဂျူးလူမျိုး ၆ သန်း
၂၅ ရာနှုန်းက ၁၅နှစ်အောက် ကလေးတွေ..
တကဲ့ ဖြစ်ရပ်မှန်..လူမဆန်တဲ့ ရက်စက်မှု.
ဒီလို မျိုးတုန်းသတ်ဖြတ်မှုဟာ..လက်ခံသင့်ပါသလား
သင်သည်လူသား..စဉ်းစားပါလော့

သမိုင်းဆိုသည်မှာ လူသားရေးခဲ့သောအရာ..
မကောင်းတာပြု..တနေ့ ပေါ်မြဲအရာ
မြန်မာ့သမိုင်း..သွေးစွန်းစေတော့မလား
အာဏာရှင်ရဲ့စစ်တပ်..သင်.ကဗျည်းထိုးရဲသည်လား
သွေးရဲ့သက်သေ..လူသားတို့ ရဲ့ မျက်ရည်..
တက်စေပါသလား..မြန်မာ့စစ်တပ်၏ ဂုဏ်ရည်..

မီးသင့်ခံနေသော..အိမ်ယာ
မုဒိန်းကျင့်ခံ နေရသော.မိန်းမဦးရေ များစွာ
လုယက်ခံနေရသော..သင်တို့ ၏ပိုင်ဆိုင်မှု
သတ်ဖြတ်ခံနေရသော အသက်များစွာ..
ဖမ်းဆီးအဓမ္မ အထမ်းပေါ်တာလူသား
မြေကြီးထဲက မိုင်းရှာ စတေးခံလူသား
သင်ရဲ့ သမိုင်းကောင်းပါရဲ့လား မောင်စစ်သားရယ်..


သင်နေထိုင်ရာသည်..ဗုဒ္ဓဘာသာနဲ့  မြန်မာပြည်..
သမိုင်းစဉ်တလျှောက်
ဘာသာ..လူမျိုးကွဲစေ..ချစ်ခင်နေထိုင်ခဲ့တဲ့ မြေ
ဒီတမြေ..တရေထဲသောက်..ညီညွတ်ခဲ့တဲ့ မြေ..
ဘိုးဘွားပေးခဲ့တဲ့ ဒို့ အမွေ
စစ်အာဏာရှင်တဦးရဲ့ နှုတ်မိန့် ..
သတ်စေဆိုတိုင်း..သေစေရမလား..
စစ်တပ်ဆိုတာ..ကြေးစားလူသတ်သမားလား..
ဒီလိုသာဆို..ဗိုလ်ချုပ်ဖွဲ့ ပေးသွားမှာမဟုတ်ဘူး

နောင်တနေ့ နေ့ ..စစ်ပြေးဒုက္ခသည်ကလေးတွေ
မြန်မာစစ်တပ်သမိုင်းကို..ရေးပါလိမ့်မယ်။
သင်တို့ ရဲ့ နှလုံးသားအမြင်ကို.ကမ္ဘာသိကြပါလိမ့်မယ်..
ငါးခုံးမတစ်ကောင်ကြောင့် ပုပ်စော်နံစေမှာ..
သင်ချစ်သော စစ်တပ်..
အာဏာရှင်က စစ်တပ်အမည်ကိုပါ သတ်ပြန်ပေါ့
နေ၀င်းစစ်တပ်..သန်းရွှေစစ်တပ်..
ဒါ အောင်ဆန်းရဲ့ စစ်တပ်မဟုတ်ဘူး..

ကရင် ကရင်နီ မွန်ကယား..
ကချင် ရခိုင် ရှမ်း နာဂ
ဝ ပလောင် ချင်း စသောတိုင်းရင်းသား..
အစည်းပြေ သွေးကွဲမသွားပါနဲ့ ..
မြန်မာက တိုင်းရင်းသားကို မသတ်..
အာဏာရှင်စံနစ်က သတ်တယ်..

အာဏာရှင်ကို ဖြုတ်ချဖို့ 
ထင်းစည်းတို့ ရဲ့အား..ပျားတစ်အုံရဲ့ စွမ်းအား..
သင်သည်..ညီညွတ်ခြင်းရဲ့ အင်အား ပြကြပါစို့ .
လက်တွဲတူတူ..တော်လှန်ကြပါစို့ 

မသဒ္ဓါ (၃။၁၈။၂၀၁၀)

1 comment:

Unknown said...

ကချင်၊ ၀၊ ချင်း၊ ပလောင်၊ ပအိုဝ်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ကယား၊ လားဟူ စတဲ့ အဖွဲ့အစည်းတွေ အားလုံး တစ်သံတည်းအော်ရမှာက၂၀၀၈ အခြေခံဥပဒေကို မပြင်ရင် ပြည်ထောင်စုက ခွဲထွက်မယ် ဆိုတဲ့ အော်သံပဲ ဒါကတာ ၂၀၀၈ အခြေခံဥပဒေကို ပျက်ပြားစေနိုင်မယ်

 
/* EOT ----------------------------------------- */