Tuesday, February 3, 2009

အပျိုရည်ပျက်သော သတို့ သမီး..


နှင်းစက်စ ပျော်ကျ..
ရေမှုန်တစ်စ..
တပေါက်ချင်းပေါင်းစီးခဲ့..
တွေ့ ဆုံတဲ့ မေခရယ်..မလိခရယ်။
ဖြစ်ခဲ့ရတဲ့ အပျိုစင်မ..
မြစ်ဖျားအစ ဧရာဝတီ..

ကျောက်စိမ်းမြေသားကို ပွတ်တိုက်..
ငြိမ့်တလှည့်..လှုပ်တလှီ..
ရိုင်းတချီ..ယဉ်တလှည့်..
မြီးကောင်ပေါက် ဘဝ
အပျိုဖြန်း အလှ နဲ့  ဧရာဝတီ.

စစ်ကိုင်းတောင်ရိုး..
ဦးခ ရိုကျိုး..
သစ်နဲ့  ၀ါးဖောင်..
လှေပဲ့ထောင်..
ကျောထက် သယ်ပိုး..
ထက်နယ်..အောက်တရိုး..
ကျွေးခဲ့တဲ့ အစာ..
အပျိုမ..အိနြေ္ဒဖြာ.
မြစ်ကြီးရယ်တဲ့ ဧရာ။

ရှေးဘုရင် အဆက်ဆက်..
ခရီးထွက်..စစ်ဆင်..
သွေး ရင်ပြင်နဲ့ မြစ်..
ရာဇ၀င်သမိုင်းတွင်ရစ်..
မန္တလေး..အမရပူရ..
စစ်ကိုင်း အင်းဝ
မင်းကွန်း.ပုဂံ
သရေခတ္တရာ..
မင်းလှ. သပြေတန်း..
ခံတပ်စခန်း..
မေးတင် အိပ်ရာ မြစ်..
ရာဇ၀င်ကြောင်းထဲက ဧရာဝတီ..
ရင့်ကျက်တဲ့ အလှ ဧကရီ။

သောက်ရေသုံးရေ..
လယ်ရေ..ယာရေ..
သီးနှံ အများ ပေါကြွယ်များခဲ့..
ရေထွက် အစာ ကုန်းထွက်အစာ
ဆီကိုရေချိုး ဆေးရိုးမီးလှုံ
ဆန်တွေ တောင်လိုပုံစေခဲ့
ဂရုဏာအပြည့်နဲ့ ဧရာဝတီ..

မြောက်မှ တောင်ဆီ ငြိမ့်ငြိမ့်စီးနေဆဲ..
သက်တမ်းရှည်ကြာခဲ့လည်း..
အာဏာရှင် လက်ထက်
ပြောင်းလဲခဲ့တဲ့ ပတ်ဝန်းကျင်..
သစ်တွေ ပြုန်း..မြေဆီဆုံး.
သောင်ထွန်း မြစ်ပျက်..
ရွေရှာတဲ့ စီမံကိန်း..
ညစ်ထပ်ထပ်နဲ့  မြစ်ရေ..
ပတ်ဝန်းကျင် အလှ ပျက်သုန်း..
အပျိုရည်ဆုံးတော့မဲ့ အလှ

အမိ နဒီမ…ဧရာဝတီ
ဇာတ်ဆုံး တော့မည်လား..
အလှ သုန်းခဲ့ပြီလား..
အိုဘဲ့ ဧရာ..
သင်လည်းဘဲ မြက်ဘ၀နဲ့ မြေဇာ..
စစ်ဖိနပ်အောက်မှ ကြေမွရှာ။

မသဒ္ဓါ (၂။၂။၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */