Monday, January 12, 2009

တရားခံ ဘယ်သူလည်းဟေ့


ခါနွေဆန်းစ
ဥသြတွန်သံလေးကြားရတဲ့ အခါ..
မေ့ မရ အညာကိုလွမ်းတယ်။

တံလျှပ်ခိုးဝေ
ထန်းညို့ တန်းတွေ.
မကျည်းပင်ရွက်ကြွေ
ဖုံလှိုင်းလုံးထ
နွေလေပွေ အစ..
ကျမ ချစ်တဲ့အညာ…
အရင်က လိုပါဘဲလား..

လွန်ခဲ့တဲ့ ၂၅ နှစ်..
မြန်မာနိုင်ငံစာတတ်မြောက်ရေး..
အရေးအဖတ် အတွက်ဆိုတဲ့ အ သုံးလုံး
ကျောက်သင်ပုန်းမရှိ.
ထမင်းစားပွဲခုံ ထောင်ပြီးရေးရသည့်
ဝ ထ က လ သ.
အမေစိန် ကို မသဒ္ဓါ စာသင်ပေးခဲ့တာ..
တွေးမိရင်
မနေ့ တစ်နေ့ ကလိုပါဘဲ။

မသဒ္ဓါတို့ ခေတ်
အမေစိန် စာဖတ်ဖြစ်ခဲ့ပေမဲ့.
အမေစိန့်  မြေးကလေး "နုထွေး"
သေစာ ရှင်စာလေးမှ မတတ်..
ရှိသောလယ်ပွဲ..စစ်တပ်ကသိမ်းဆည်း
ယာမြေ လည်းပြုတ်
ထန်းတောလည်း မီးလောင်ငုတ်
လုပ်စားရန် အလုပ်ရှား
ပညာမရှိ နုံအ တောသား
လူပွဲစား က မစ တဲ့ အခါ
ထိုင်းနို်င်ငံက နိုက်ကလပ်ထဲ..
လုံးတီးကိုယ်ချွတ် တိုင်ပတ်ကခုန်ဆဲ။
အမျိုးစောင့်ရှောက်တာ မြန်မာ တဲ့ နအဖ ညာဖြီးဆဲ
ယုံကြမလား…ပုံကြမလား..

အော်
နအဖ လက်ထက်
တိုးတက်ပါတယ်ဆိုတဲ့ မြန်မာ..
မဆလ ခေတ်ထက် ဆယ်ဆသာပေါ့.
တပြည်လုံးလည်း ဖာ..
တိုးတက်နေဆဲ AIDS ရောဂါ..
ဘယ်သူလည်း…
လက်သည် ဘယ်မလဲရှာပါ။

မသဒ္ဓါ (၁။၁၁။၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */