Wednesday, July 9, 2008

သင်သည် မြန်မာ..ရှက်တတ်ပါ။

မြန်မာဆိုတာ..
ရှေးအခါ..
ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တာ
ပြည့်ဝ ကုံလုံရာ။

ခိုသွေးရောင်ပတ္တမြား
ကျောက်စိမ်း အနှစ်သား..
ကျောက်မျက် နီလာ
ပုလဲ အရောင် မမှိန်ပါ ခဲ့ 
ပဲပြောင်း နှမ်းဝါ စပါး နဲ့ ဆန်ရေ..
ကျွန်းသစ်များ ပေါများရာမြေ။
ရေနံတွေ ချောင်းသို့ စီး..
ကမ္ဘာပေါ်မှာ နံမည်ကြီး။

ကျမတို့ ရဲ့ခေတ်
စစ်အေးခေတ်ထဲက လူဖြစ်
မိဘမကောင်း..တရွာပြောင်း..
လူငယ်တွေ လိင်ကျွန်အဖြစ်ရောင်း.
ခလေးတွေ အစာမဲ့ ဗိုက်ဟောင်းလောင်း
မျိုးချစ်မှန်သမျှ..သေကြေ ထောင်ကျ.
စစ်အာဏာရှင်ဖဝါးအောက်က ဘဝ။

ပညာစုံကြလည်း..အလုပ်မရှိ
အလုပ်ရရေး..ကြံ့ဖွတ်ဝင်မှရမည့်။
ပြင်ပလုပ်ငန်း လုပ်စား
လာဘ်လာဘစား၊ အခွန် အတုတ်များ၏။
ရေပေါ်ဆီ ပညာမဲ့ စစ်သား.
ကျွန်လို ဒူးထောက် ခစားရဖို့ ရှိ..

ပညာတတ် လူငယ်များ
ဘာ လုပ်ကြမလဲ။ ဘယ် သွားကြမလဲ။

ရေငုံနှုတ်ပိတ်..အအ လိုနေရင် အသက်ရှိ
နိုင်ငံရေးအကြောင်းပြောရင်.. အသက်ထွက်ဖို့ ကြည့်
ပါးကွက်သားကြံ့ဖွတ်.နေရာတိုင်းမှာရှိ
ပျက်နေသည့် တိုင်းပြည်။
ရေစုန်မြောခဲ့ ဗမာပြည်။

တနေ့ တနေ့ ပိုထင်ရှား..
ရွှေ တြိဂံ က မူးယစ်ဆေးဝါး.
လူငယ်များ ပျက်စီး
ဘိန်း ကျွန်ဖြစ်ပြီး.
နုပျိုမြစ်..မွေးနုသိမ်းသစ်
၁၂ နှစ်သမီး ပြည့်တန်ဆာ..
Made in Burma..ဗမာပြည်လုပ်ပါ.။

ပညာတတ် အိမ်ဖော်..ဆရာဝန်မ.
အိမ်ရှင်နေမကောင်းရင်ပြုစုတတ်ကြ
IT ဘွဲ့ ရတဲ့ ပညာတတ်မိန်းမ
စင်္ကာပူမှာ ခလေးထိန်းသွားကြ။
ဦးဏှောက်ယိုစီးမှု.ထိမ်းမနိုင် သိမ်းမနိုင်။

အာရပ်စော်ဘွားရဲ့ နိုင်ငံများ.
ဖိလစ်ပိုင်အိမ်ဖော်မ ထက်ကျော်ကြား..
ဗမာက..တင်သွင်းလာတဲ့ အိမ်ဖော် အပျိုစင်နုနု..
ခြေတော်တင်ချင် တဲ့
အာရပ် အိမ်ရှင်..စိတ်ထဲ
တံတွေးမျို ..ကလုကလု..

မိန်းမ သိက္ခာ.ရွှေပေးမရ.
ဘိုးစဉ်ဘောင်ဆက် ထိန်းထားသမျှ.
ရွှေဘဘ လက်ထက်မှ တိုင်းပြည်ပျက်..
ဗမာရဲ့ အနာဂတ်ကို တကယ်ဖျက်တာ.ဘယ်သူ
ဗမာရဲ့ မျိုးဆက်ကို တကယ်ဖျက်တာ.ဘယ်သူ
ဗမာရဲ့ ဂုတ်သွေးကို တကယ်စုတ်တာ.ဘယ်သူ

နယ်ချဲ့ကိုလိုနီခေတ်..
တက်ကြွတဲ့မျိုးချစ်စိတ်နှင့်
အသက်တွေပေး..
သွေးတွေနဲ့ဆေး.
အမိမြေ ကိုပိုင်ဆိုင်ရေး.
ဘိုးဘွားတွေ အသက်ပေးခဲ့တယ်။

ဒို့ သမိုင်းလည်း ဒို့ ရေး.
ဒီလိုနဲ့ဘဲ မိုးကြီးမချုပ်စေချင်..
မျိုးချစ်စိတ်ပြင်..နိုင်အောင် တိုက်ကြပါစို့ 
နွေးထွေးပန်းကလေးတွေ လန်းဆန်းရေးသို့ 
အနာဂတ်ရောင်နီ..ဗမာမြေဆီ လင်းလက်စေဖို့ 

မသဒ္ဓါ ( ၇။ ၈။၂၀၀၈) အမှန်တကယ်စေတနာ ထားသူ များကို တိုင်းပြည်က လိုအပ်နေပါသည်.
စဉ်းစားပါ... သင်သည် ရှက်တတ်ပါသလား.

1 comment:

Goldie Shwe said...

Thank you, Ma Thadar.

I am so sad to read this poem. All I can hope is that many other people from Burma, especially the gentlemen will read this, understand, feel bad about it and most importantly will do something to save our beloved country and it's people.

With respect

Nay Chi U

 
/* EOT ----------------------------------------- */