Saturday, July 19, 2008
အာဇာနည်..သင်ဖြစ်ချင်ပါသလား
ဇူလိုင် (၁၉)
ဘယ်တော့မှ မညှိုးတဲ့ အာဇာနည်မျိုး
သမိုင်းမှာ.. ကဗျည်းထိုး။
နိုးထတဲ့ မြန်မာပြည်
၁၉၄၈ လွတ်လပ်ရေးမှသည်
မသမာသူ မတရား မြှုံးသွင်း
စစ်အာဏာရှင် လက်ခုပ်တွင်း။
အနိုမ့် ဘက် တဟုန်ချင်း
ပြိုနိုမ့် ဆင်းတဲ့ ရွှေပြည်ဗမာ။
နောက်ဆုံးတော့ ကမ္ဘာအောက်ခြေမှာ..
မြန်မာပြည် ကို မြန်မာတွေ အုပ်စိုးကာမှ
မြန်မာတွေ အရိုး ပိုပို ကျ..
မျိုးချစ်မှန် ထောင်ထဲသေရ
ဌက်လင်းဠ ကျနေတဲ့ မြေ။
ဘယ်သူတွေ အမျိုးကိုချစ်..
ဘယ်သူတွေက အမျိုးကိုနှစ်..
ချောက်ကမ်းပါးထဲ ကျခါနီးဆဲဆဲ
ကယ်ထားတယ်ဆိုတဲ့ စစ်တပ်..
တိုင်းပြည်နွံ့ ထဲနစ်နေတောင်..
အပြောက တစ်ချက်မရပ်..
တော်တန်ကြ..နအဖ
မင်းတို့ ဘယ်လောက် စားနိုင်မလဲ..
မင်းတို့  ဘယ်လောက် ကြွားနိုင်မလဲ
အားလုံးလဲ လဲ...မင်းတို့ လည်း လဲမှာဘဲ.
အမျိုးဖျက် ဗမာ..နံမည် တင်ရှားစွာ
မင်းတို့ အလောင်း စိန်စီတောင်..
အရုပ်သာဆိုး..အကျိုးရှိမည်မဟုတ်။
ရှက်စရာ မင်းရဲ့ ဆွေ ခုနှစ်ဆက်..
ဘ၀ပျက်မှာလည်း တွေးပြီးရှက်။
တော်လောက်ပါပြီ လူကြီးမင်း။
မျိုးချစ်စိတ်တွေ ကို မကုန်မချင်း
မင်းတို့  ဗြင်းနေတာ.
ပြည့်ပတ်ဝန်းကျင် အလှ
ရေကြီး မိုးကြီး.
တောပြုန်းတီးနေတာ
ခလေးတွေ မ၀ရေစာစား
မြေးအရွယ်လေးတွေ
ကိုယ်ရင်းနှီးစားနေရတာ.
မျက်မွေးတဆုံးကြည့်
ပြင်ဆင်နိုင်ပါသေး၏။
အချိန် ရှိပါသေး၏။
သင်၏ အမည်..
အာဇာနည် စာရင်းဝင်လိုလျှင်..
သင်၏ အမျိုး
ဂုဏ်ရှိန်မညှိုးစေလိုလျှင်..
သင်သည်သာအခရာ..
ပြင်ကြည့်ပါ..
သင်သည် လူကြီးလူကောင်းပီသစွာ
မသဒ္ဓါ ( ၇။ ၁၉။ ၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 1:13 AM 0 comments
Thursday, July 17, 2008
ထွက်ပေါက်မရှိတဲ့အိမ်..အလင်းတန်းတွေပျောက်ကွယ်ချိန်
ငယ်စဉ်က.
ကျမ အဖေက ပြောဖူးတယ်
“ စာကြိုးစားသမီး.
ပညာတတ်ရင်..အိုစဉ်တောင် မဆင်းရဲ”
ဒါ တကယ်ဘဲထင်တယ်..စာကြိုးစားခဲ့တယ်။
သီးချိန်တန်သီး..ပွင့်ချိန်ပွင့်
ကျမနဲ့ အချစ်။ ရင်ခုန်သံနှင့် ပျော်မြူး
မိုးမမြင် လေမမြင် ကြင်စဦး။
သမီး တစ်ကောင် က (၄)နှစ်.
ခမ်း လာခဲ့တဲ့ အချစ်.
အနံ့ပြယ် သစ္စာ.
ချိုအချစ် တွေ ခါးတဲ့ အခါ။
ခွဲခဲ့ရ ညောင်ညိုရိပ်မှာ။
ခြေမွေး မီးမလောင်၊
လက်မွေး မီးမလောင်သမီး
ခုများကျ အိမ်ထောင်ကွဲ တခုလပ်။
ကျမ အသက်ရှူကြပ်တဲ့အခါ။
မိဘကို ဒုက္ခမပေး.
ဆာလောင်နေမဲ့သမီးလေး..အရေးတွေး..
ရထားတဲ့ သမိုင်းဘွဲ့ လက်မှတ်
မှန်ဘောင်ထည့် အမေ အိမ်ထရံပေါ်တပ်
လူမှန်ရင်…
လက်ဖက်တော့ ထုပ်တတ်ပါတယ်အဖေ။
သမီးနိုင်ငံခြားထွက် အလုပ်ရှာ။
သမီးကလေး ကျောင်းကောင်းထားဖို့ ဒေါ်လာ။
အဖေရယ် ခွင့်ပြုပေးပါ။
အဖေရယ် ဆူမှာလား ဟင်။
အမေရယ် ဆူမှာလား ဟင်။
သမီးအတွက် မိဘရဲ့အိမ်မက်
အရာရှိ။ သုတေသီ.
တက္ကသိုလ်စာပြဆရာမ ဖြစ်စေလိုလိမ့်မည်.။
သို့ သော်
ဤအချိန်က ခေတ်ပျက်
ကျမအတွက် ရှိုက်ပင့်သက်။
အလုပ်ရရေး ခက်တယ်။
ပညာရှိလည်း..ဘာမှ လုပ်မရတဲ့အခြေအနေ။
စစ်အာဏာရှင် အုပ်စိုးတဲ့ မြန်မာမြေ။
သမီးလေးကို ကောင်းကောင်းထားချင်.
ကျမလည်းဘဲ မိဘကောင်း မေတ္တာရှင်။
ကျမ ဘွဲ့ နဲ့  မတန်တဲ့ အိမ်ဖေါ်။
ဒီတလမ်းဘဲ..ရှိတဲ့ ရွေးချယ်ခွင့်ကပေါ်
ချေးများရန် မသင့်တော်။
အဖေရယ် ကျမကို နားလည်ပေးပါနော်။
အိမ်ဖော် ထမင်းချက် တံပျက်လှည်း
ကောင်းရာကောင်းကြောင်း ငွေရှာ
ကျမ သတ္တိမနည်း။
တွေးမိတိုင်း သမီးလေးမျက်နှာ
ပြောတတ်တဲ့ တီတီတာတာ..
အိမ်ကို လွမ်းမချိ..
ချစ်ခင်သူတွေနဲ့ ကွေကွင်း
ဒါဟာလေ ငရဲတွင်းအတိ။
စင်္ကာပူက နေ့ ရက် တွေ။
ပညာတတ်ကျမ၊ အလုပ်က အိမ်ဖေါ်
အလုပ်ပင်ပန်းတာက တော်တော်
ညည အိမ်ရှင် ယောက်ျား.
အိမ်သာနဲ့  ကျမ အိပ်ခန်း မှား
လာလာစမ်းတဲ့ သားစားကျားလက်
ကျမ မအော်ဝံ့ ရှက်ရှက်
ကြာလာရင် ကျမ ဘဝပျက်မယ်။
နိုင်ငံက ပြာတေမွဲ..
စစ်အစိုးရက ဆက်ဆံရေး ကျိုးတိုးကြဲတဲ
ရိုးသားစွာ.လုပ်စား.
မိန်းမသား ခိုင်မြဲတဲ့ အကျင့်သိက္ခာ
ကံအကြောင်းမလှလို့သာ.ကျမက အိမ်ဖော်
အသွေးအသားနဲ့ ဖြေဖျော်..
ကျမ အပျော်မယား မဟုတ်ဘူး၊
ကျမ ပြည်တန်ဆာ မဟုတ်ဘူး၊
သူ့ လက်ခုပ်ထဲကရေ..သူ့ အိမ်မှာနေ.
ကျမ မျက်နှာငယ်ငယ်..
သံမှူးရယ် ကယ်ပေးပါလား.
ကျမ. မြန်မာပြည်က မိန်းမသား.
နိုင်ငံတော် အခွန်ပေးစားတဲ့ လုပ်သား.
ကာကွယ်ရန် စေတနာ မပါဘူးလား။
ပွဲစားက မြည်တွန်တောက်တီး.
အိမ်ခန်းထဲ သော့ခတ်ပြီး.
အမျိုးမျိုးညှင်း။ “ဆင်းရဲနိုင်ငံကမွေးဖွား
နင် ဘာတွေ ချေးများနေလည်း၊
အိမ်ရှင်ကြိုက်အောင်နေ။ အလုပ်ကြိုးစား
အိမ်ရှင်မ အစား အလုပ်လုပ်ရတဲ့အိမ်ဖေါ်
အိမ်မှူတာဝန်.ကျေပြွန်ပါစေနော်”
ဒုတိယနိုင်ငံသားဘဝ
ပထမ နိုင်ငံသားက ဂုတ်သွေးစုတ်။
အပြစ်မဟုတ်ပါဘူး.
ကိုယ့် နိုင်ငံက မကောင်း
ပြည်သူကိုနှိပ်စက်။ ဒီလိုမှ အပြင်မထွက်လည်း
စားစရာမရှိ မွဲတေ။ ကျောမွဲ ခရုခွံကျွတ်သေ။
ကျမတို့ ရဲ့ ၈၈၈၈ မျိုးဆက်.
အမှောင်လမ်းထဲဘ၀ဆက်
ဒီလိုနောင် ဘယ်နှစ်နှစ် ဆက်ဦးမလည်း
ကျမလို ဘယ်နှစ်ယောက် ဘ၀ပျောက်ဦးမလည်း
ထွက်ပေါက်မဲ့လမ်း.အလုံပိတ်အိမ်
အဆုံးမရှိတဲ့ ဥမင်၊ လှိုင်းကြမ်းပေါ်ကလှေငယ်ရှင်
လမ်းပျောက်နေတဲ့ ၀င်္ကဘာ
သော့ခတ်ထားတဲ့ အေးဂျင့်ရဲ့ အိမ်မှာ
၇ ပေ ရှည်..ခွေးလည်ပတ်လေးတစ်ကြိုး.
မျက်နှာသုတ်ပုဝါ ကလေးက (၅) ထည်။
ဆက်ထုံးနဲ့ ကြိုးတစ်စင်း။
သုံးထပ် ဝရန်တာကလျှောဆင်း
ပြုတ်ကျရင်လည်းသေ။
မပြုတ်ကျရင်လည်း လွတ်မြောက်ပစေပေါ့။
၅၀% ။ ၅၀% သော..ကြီးမား စွန့် စားချက်။
မြန်မာမိန်းမတဦး၏ အသရေအတွက်။
ဘုရားကယ်ပါ။။ အမေကယ်ပါ။
သမီးရယ်..သေရင်လည်းအမေကို ခွင့်လွတ်
လွတ်မြောက်ကြောင်းအရဲစွန့် 
အစော်ကားခံနေ မလား.
ဂုဏ်သိက္ခာနဲ့ သေမလား။
သမီးရယ် နားလည်။ အဖေရယ် နားလည်။
လန်းဆန်းသင့်သော ပန်းတပင်..
ရေမြေမကောင်းတဲ့ ပတ်ဝန်းကျင်.
လောင်းရိပ်တွင် အပင်ညှိုး
ကဗျည်းတင်ထိုးတဲ့ ဒီရာဇဝင်
ကျမရဲ့ ကြေကွဲ ပုံပြင်။
မသဒ္ဓါ ( ၇။၁၆။၂၀၀၈)
ညီမလေး မခင်ချိုဦးအတွက်…
ကြိုးစားမှုသည်သာ..မိန်းမကောင်းတို့ ၏ ဂုဏ်သိက္ခာပါညီမငယ်။
တက်ကျိုးတာတော့..၀ဋ္ဋ်ကြွေး ဆိုရင် ပေးစရာရှိတာ ပေးလိုက်ပါ ညီမလေး။ ညီမလေး ကောင်းရာ သုဂတိလားပါစေရန် မသဒ္ဓါမှ ဆုတောင်းပေးပါတယ်။
Posted by Ma Thadar ( မသဒ္ဓါ ) at 5:14 AM 1 comments
Tuesday, July 15, 2008
မြက်မစားလိုသော ကေသရာဇာခြင်္သေ့။ ပညာတတ်များ ဗိုက်ဆာသော တစ်နေ့ 
မဟော်သဓာ သုခမိန်..
ကံနိုမ့်ချိန်မှာ အိုးဖုတ်
ဇနပုဒ်က တဲကုပ်မှာ နေဖူးတယ်။
လူဆိုတာ ကံငယ်ချိန်မှာငြိမ်ကုပ်
ကံမြင့်ချိန် မှာ.ဘုန်းမြင့်ထယ်
ဒါ သဘာဝဖြစ်တယ်။
ဘယ်လောက်ဘဲ ပညာတတ်တတ်..
ဘယ်လောက်ဘဲ ဦးဏှောက်ရှိရှိ..
အသိဥာဏ်မဲ့သူ အာဏာရှိချိန်..
ပညာရှိ သော်လည်း အရောင်မှိန်။
ဒါ သဘာဝဖြစ်တယ်။
ပညာအရည်အချင်း ဆိုတာ..
အမြဲတမ်းတော့ မလင်း.
ဘယ်လောက်တော်တဲ့ rocket scientist
လုပ်ငန်းသုံး စက်ကရိယာမရှိတဲ့အခါ..
လက်သမား က သူထက်သာ။
ပညာရွှေအိုး..လူကတော့မခိုး
ဒါပေမဲ့..
ဒီပညာ သုံးမရတဲ့ အခြေအနေ
ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေ
အကောင်းဆုံး ဖြစ်အောင်ဘဲနေ။
တခါတရံ လူဘဝ
ကံမကောင်း အကြောင်းမလှ..
ဒါဟာ ဒီလူ ညံ့တယ်လို့ ပြောမရပါဘူး။
ဆရာဝန်ပင် ဖြစ်သော်ငြား.
(၁) အကပ် မရှိသောအခါ၊
(၂) အဖါး မတတ်သော အခါ၊
(၃) စစ်သား သားသမီးမဟုတ်
(၄) ကြီးကြီးပိုင်း သားသမီးမဟုတ်တဲ့အခါ၊
(၅) ကြံဖွတ် မ၀င်တဲ့အခါ၊
(၆) ဆေးခန်းဖွင့်ရန် မချမ်းသာသောအခါ၊
(၇) ယောက္ခမတွေ က အချလာဖြစ်နေသောအခါ၊
(၈) အမှန်တကယ်ကုသရေး
မိမိကိုယ်မိမိ. ယုံကြည်စိတ်ချမှူ မရှိတဲ့အခါ၊
(၉) အစိုးရ အလုပ်မရတဲ့အခါ။
(၁၀) အလုပ်ရသော်လည်း
ဝေသီခေါင်ဖျားမသွားနိုင်တဲ့ အခါ။
( ၁၁) နိုင်ငံခြားသွားချင်တဲ့အခါ၊
(၁၂) နိုင်ငံခြားမှာ အမာခံ ဆွေမျိုး
ကျောထောက် နောက်ခံမရှိတဲ့အခါ။
(၁၃) နိုင်ငံခြားဒေါ်လာလိုချင်သော အခါ၊
(၁၄) နိုင်ငံခြား ထွက်ရန် စရိတ်မရှိ တဲ့အခါ၊
ဆရာဝန် ပင်ဖြစ်သော်ငြား၊
ပညာပင်တတ်သော်ငြား
ဘာမှရွေးချယ်ခွင့်မရှိပါ။
စိန်ခဲ ကျောက်ခဲ ပတ္တမြားခဲ..
မသိသူရှေ့ မှာကျောက်ခဲသလဲ..
တန်ဖိုး မသိတတ်ကြတာ သဘာဝ။
တန်ဖိုး မကြည့်တတ်တာ သဘာဝ။
ရှင်းရှင်း ပြောရင်..
လွယ်လွယ် အပြင်ထွက်ကြရဖို့ က
မိန်းခလေးဆို အိမ်ဖော် အလုပ်
ယောက်ျားဆို စက်ရုံ အလုပ်ကြမ်းလုပ်
အေးဂျင့် ခေါင်းပုံဖြတ်ခုတ်တာ အသိ.
ဒါပေသည့် ဝမ်းစာ..
ပူဆာတာ..တင်းမရတဲ့ သိက္ခာ။
ဆရာဝန်တွေ
အိမ်ဖော်အလုပ်နဲ့ နိုင်ငံခြား မထွက်ကြသော်လည်း။
Visa ကျော်..over stay
အခြေအနေ "ဝလုံး" လုပ်ကိုင်ခွင့် ဆုံးတဲ့အခါ။
ဗမာပြည် ကဆေးပညာအဆင့်အတန်း.
အိမ်ရှင်နိုင်ငံက အသိအမှတ် မပြုတဲ့အခါ။
Visa မရှိ၊ ကျောင်းတက်ခွင့်မရှိ.
Visa မရှိ၊ ခိုးနေကြရ၏။
တနေ့ ရှာမှ တနေ့ စားရ။
ဆေးလိုင်စင် အကြိမ်ကြိမ်ဖြေ တဖုန်းဖုန်းကျ
ဒီလိုဘ၀တွေ လက်တွေ့ မှာမရှိဘူး ထင်သလား။
လာကြည့်ပါဦး အမေရိက။
လာကြည့်လှဲ့ ပါ့ ဂျပန်။
အမျိုးမှန်တိုင်း…မြေတိုင်းမှာအမြစ်မသန်။
နွံ မှာနစ်နေတဲ့ ပတ္တမြား
ခိုးသူရဲ့ လက်ထဲ..ညစ်နေတဲ့ပညာ..
အမိမြေရဲ့ ခါးသီးတဲ့ဝေဒနာ..
မြင်အောင်ကြည့်လော့။
ကြားအောင် နားဆင်လော့။
အဖိုးတန်တဲ့ ပန်း အများအပြား..
နေရောင်ထည်းမှာ နွမ်းကြေ။
အာဏာရှင်ကြောင့် ယိုစီးခဲ့
နှမြောဖွယ်..ငါတို့ ရဲ့ ဦးဏှောက်တွေ။
မသဒ္ဓါ။ (ရ။၁၄။၂၀၀၈)
ဒေါက်တာကိုစိုးထက်သည် ပညာတော်သင် တဦး ဖြစ်ခြင်းကြောင့်ပညာ၏တန်ဖိုးကို လူ၏တန်ဖိုးကို အလေး ထား ပါသည်။ မှန်ကန်ပါသည်။ ဆရာဝန် ဦးရေမြောက်မြားစွာ နှစ်စဉ် ကျောင်းဆင်းပါသည်။ အားလုံး ရေကန် အသင့်  ကြာအသင့် ဖြစ်မလာပါ။ အားလုံး ကံမကောင်းကြပါ။ အားလုံး မိဘအခြေအနေ စီးပွါးရေးမကောင်း ကြပါ။
အဘယ်ကြောင့် ပညာတတ်များအိမ်ဖေါ်လုပ်ရပါသနည်း။ ကို ဖတ်ပါက နားလည်နိုင်မည် ထင်ပါတယ်.။ အမှန် တကယ်ရင်နင့်ဖွယ်ပါ။ မသဒ္ဓါ သည် ဆရာဝန်များကို စော်ကားခြင်း မဟုတ်ပါ။ အမိမြေ၏ နှမျောတသ ဖွယ် ရင် နင့်ဖွယ် Brain Drain ကို စာဖတ်သူများ နားလည်ရန်သာ ရည်ရွယ်ပါသည်။ ငယ်စဉ်က ပြင်သစ် တော်လှန်ရေး တွင် ဆာ လောင်နေသူ ပြည်သူကြီးအား မိဖုရားမေရီ အန်းတော်နက် က တအံ့တသြဖြင့် "ဘာကြောင့် ဤသူတွေ ဆူပူ နေရသနည်း။ ပေါင်မုံ့ စားစရာမရှိ။ ကိတ်မုန့် စားနေပါလား" ဟု ပြောခဲ့သည်။ ငယ်စဉ် က အဘယ် ကြောင့် သူမ ဤသို့ ပြောခြင်းကို မသဒ္ဓါ နားမလည်ခဲ့ပါ။ ကြီးလာသောအခါမှ နားလည်လာသည်။ အဘယ် ကြောင့်ဆိုသော်. သူမ သည် မငတ်ဖူး သောကြောင့် ဖြစ်ပါသည်။ ကိုစိုးထက် လည်း..ဆင်းရဲမှုကြောင့် မာနမတင်းနိုင်ဘဲ ရရာ လုပ်ရသူများအပေါ် စာနာ ပေးနိုင်မည်ဟုယုံကြည်ပါသည်။
ပတ္တမြားမှန်လျှင် နွံ့ မနစ်သော်လည်း. အာဏာရှင်တို့ က စစ်ဖနောင့် သံခွါတတ် ခြေဖြင့်နင်း အတင်းနှစ်၍ ပတ္တမြားများ နွံ့ နစ် ခဲ့ရပါသည်။ ဤသည်မှာ စံနစ်ဆိုးကြောင့်ပါ။ နားလည်ပေးပါ။
Posted by Ma Thadar ( မသဒ္ဓါ ) at 3:36 AM 2 comments
Monday, July 14, 2008
ချစ်သောဧရာဝတီ။ ငြိမ်းချမ်းရေးသို့  ဖိနပ်မဲ့ ခရီးသည်
ဘားမား..ဘားမား..
ကြားသာ ကြားဖူးခဲ့..
မိုင်ထောင်ချီဝေးကွာတဲ့ ကျနော်ရဲ့ဌာနေ။
အရှေ့ တောင် အာရှက ပတ္တမြားမြေ။
အဖွားက ပြသ.
ဝါကြင်ကြင်ဓါတ်ပုံထဲက..
ဒုတိယ ကမ္ဘာစစ်တွင်းက အဖိုး
သူချစ်မြတ်နိုးတဲ့ အမျိုးမြန်မာ
ပြည့်ဝတဲ့ စေတနာ
လှပတဲ့ မြစ်ဧရာ.
စစ်မဖြစ်ခင်က..ဘားမားဆိုတာ။
ဒုတိယ ကမ္ဘာစစ်.
တော်ဝင် စစ်အရာရှိအဖြစ်
ဂျပန်နဲ့ စစ်တလင်း
ရှုံးနိမ့်တဲ့ မဟာမိတ်သုံ့ ပန်း
အဖိုး နေရတဲ့ တဲတန်း
ကွေးမြစ်တံတား ရဲ့ ငရဲစခန်း..
သံဖြူဇရပ်က..အိမ်မပြန်လမ်း။
မရောက်ဖူးသော်လည်း.
စိတ်အစဉ် အမြဲတွေး
မြန်မာရဲ့ အရေး..
အဖိုးခေါင်းချတဲ့ နေရာကလေး..
လွတ်လပ် ကြည်လင်..
စစ်မက်ကင်းစေ့ချင်။
စစ်မက်တွေရဲ့ သားကောင်.
အာဏာရူးတွေ ကဦးသျှောင်
ခင်မင်ဖွယ် မြန်မာမြေ.
မဲမှောင် အလင်းမဲ့ အနာဂတ်တွေ
လေးစားချစ်ခင် သူငယ်ချင်းဆွေ။
ဖိနှိပ်ခံ မျက်ရည်သက်..
ကျနော်လည်း ကြည့်ရက်ပ့ါမလား။
သံဃာ၏ မြတ်သောဂုဏ်ရည်
မြန်မာ မြေသို့  ခင်းသောသွေးသည်.
အသဲနှလုံးနှင့် အမျှ ထပ်တူ.
ကျနော်လည်း.ခေါင်းပြည်းကို တုံး..
ဖိနပ်မဲ့ ခြေလှမ်း..
ကြမ်းတမ်းတဲ့ မြေပြင်
ဆူးပြွမ်းတဲ့ မြေပြင်
အေးစက်တဲ့ နှင်းမြေပြင်
သွေးချင်းချင်းရဲပစေ..
ဆက်လှမ်း..ဆက်လှမ်း..
ဒီမိုကရေစီ လမ်းဆီ..
မရောက်မချင်း..အရှုံးမပေးပြီ။
ကျောပိုးအိပ် ကလေးတစ်လုံး
ရေအပြည့် ရေဗူးလေး တစ်လုံး..
သယ်ဆောင်ရာ ပစ္စည်း (၅ ) မျိုး
ဆန်နည်းနည်းနဲ့ ဆား
ချက်စရာခွက်နဲ့  မီးခြစ်တစ်လုံး
ဒါးသေးသေး တစ်ချောင်း
အမိုးမိုးစရာ ပတ္တူဖျင်စ..
ကျနော်..မိုင် (၆ဝဝ) ကျော်ခရီးစတယ်
ခြေလျှင်လမ်း ကြမ်းတော့ ကြမ်းမယ်။
ခရီးဆုံး တစ်နေ့ ရောက်ရမယ်။
စထွက်ရာ Edinburgh
အဆုံးပန်းတိုင် London
8-8-2008 အရောက်
နှစ် ၂ဝ ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်
လွှတ်တော် ရှေ့ ရောက်ရမယ်။
ဥဒေါင်းတွေ တွန်ကာကစေဖို့ 
နေညိုညို..ရွှေုပြည်သာလှစေဖို့ 
လွတ်လပ်ရေးအတွက် ငြိမ်းချမ်း ခရီးသည်
ဖိနပ်မပါ ခြေပလာ..
အသားမာပေါက်ပြဲ
သွေးချင်းချင်း နီရဲ..
အညို အမဲစွဲ..နာကျင်ကိုက်ခဲ လည်း
ကျနော်အားခဲ လျှောက်ခဲ့တယ်။
အေးချမ်းပါစေ…မြန်မာပြည်။
မသဒ္ဓါ ( ၇။ ၁၄။၂၀၀၈)
မြန်မာပြည် လွတ်မြောက်ရေး အတွက် ဖိနပ်မပါ၊ လမ်းလျောက်သူ အင်္ဂလန်နိုင်ငံမှ ကျောင်းဆရာ Ewen Hardie အားတလေးတစားဂုဏ်ပြူပါသည်။ “ Barefoot for Burma” campaign ကို စတင်လိုက်ပါတယ်။ http://barefeetforburma.blogspot.com/ တွင်ကြည့်ရန်။
Posted by Ma Thadar ( မသဒ္ဓါ ) at 4:55 AM 1 comments
Saturday, July 12, 2008
ရောက်လုနီးပြီ ပန်းတိုင်ဆီ။
သမိုင်းသစ်အတွက် ခြေလှမ်း..
ခွန်အားမြှင့်စေမဲ့ ခြေလှမ်း..
မြန်မာ့လွတ်လပ်ရေးအတွက် ခြေလှမ်း
တစ်လှမ်းပြီး တစ်လှမ်း…
ချီတက် လှမ်းနေ။
တောတောင် ကန္တာရကြမ်း..
ဆီးနှင်းတောင်..လွင်တီးခေါင်.
သစ်စိမ်းတော. ကျောက်တုံးတောင်ကြော
သဲကန္တာရ..လေဆင်နှာမောင်းကျ။
လျှပ်စီးမုန်တိုင်း မိုးမုန်တိုင်း တွေဘဲ ခ ခ။..
အပူအအေး. နွေးထွေး ခြောက်သွေ့ 
တံလျှပ်တကွေ့  နှင်းတပွေ့ နဲ့ 
စထွက်ခဲ့ ကြတဲ့ မတ်လ( ၁) ၂၀၀၈
အဆုံးရောက်မဲ့ ၈-၈-၂၀၀၈
(၅) လကျော်..ဖြတ်သန်း
မိုင် ၃၀၀၀ ကျော်..ခရီးရှည်..
ချီတက်နေတဲ့ ၈၈ စစ်ကြောင်း..
မကြာခင် ပန်းတိုင် အရောက်။
မိုင် ၁၀၀ ကျော်ရဲ့ အကွာ။
ငြိမ်းချမ်း စာပို့ ဆက်သား.
ကမ္ဘာကုလရုံးကို သွား..
ပေးရမဲ့ ပြည်သူရဲ့ အသံ
ငိုကြွေးညံ ပဲ့တင်ထပ်
လွတ်လပ်ခြင်းသို့ ချဉ်ခြင်းတပ်.
ကူညီ လက်သို့ တောင်းပန်စာ။
တရားဓမ္မ အရ ကူညီပေးပါ။
ဇွဲနဘဲနဲ့ ခွန်အား..
မရပ်မနားတဲ့ ခရီးသည်..
တောတွေဝင်..တောင်စဉ်ဆက်.
ငြိမ်းချမ်းရေးအတွက်..ရွက်လွင့်နေတယ်။
ခွပ်ဒေါင်းနီအလံ တောင်ပန်ဖြန့် နေတယ်။
သင်သည် မြန်မာ..လှိုက်လှဲပျုငှာ
အားပေး ကြိုဆိုပေးပါ..
နယူးယောက်သို့ 
ငြိမ်းချမ်းချိုးတမာန် ရဲ့အ၀င်လမ်း
ပန်းလမ်းခင်းလို့  လက်ကမ်းကြို။
မသဒ္ဓါ ( ၈။၁၂.၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 4:16 AM 0 comments
Wednesday, July 9, 2008
ဥဒေါင်းမှန်က..ဒေါင်း ပီသစေ။
အတောင်မညောင်း..
သတ္တိကောင်း..
အနိုင်ခွပ်မဲ့ ဒေါင်း။။
ပြည်သာရင်. က ပြမဲ့ဒေါင်း
ပြည်နာရင်.. ချ ကြမဲ့ဒေါင်း
မင်းရဲ့ မျက်စောင်း..အကြောင်းသုံးပါးမရွေး..
ဒို့ တွေမှာလည်း နီရဲတဲ့ သွေး။
နိုင်တဲ့အထိ..အသေခံခွပ်မယ်။
ညွတ်ကွင်းတော့ မ၀င်..
အသက်ဘဲ စွန့် လွတ်လိုက်ချင်
ခွပ်ဒေါင်းဆိုတာ..တော်ဝင်သံမဏိဌက်
ကြောက်ရွံစွာ..ဘယ်ခါ သွေးမပျက်။
သစ္စာနဲ့  ဒေါင်း..
အသက်စွန့် မဲ့ ဒေါင်း.
လွတ်လပ်မှုကို..ကပြ မတောင်း၊
ဒူးထောက်အညံ့ခံ ပြီး မတောင်း၊
ခွပ်ပြီး တောင်းမဲ့ ဇာနည်ဒေါင်း၊
ဒို့ ဗမာ့ သမိုင်းကြောင်းမှာ။
ဒေါင်းသွေးနီ..စည်းရုံးပြီး အုပ်ချုပ်..
တအုပ်စု တည်းနေ..ကြိုးအားကုပ်
အရောင် ပြောင်းပြောင်း..
အတောင်တွေ ဘဲ စောင်းစောင်း..
ခြေလက်ဘဲ ညောင်းညောင်း
ဒေါင်းဆိုတာ..ဒေါင်းသာပါချည့်..
ခွပ်ဒေါင်းသတ္တိရဲရင့်ကြောင်း
ခွပ်ဒေါင်းများသာ အသိ။
စည်းလုံးမှူတွေ အယောင်မဆောင်
ပုဆိန်ရိုးဒေါင်း ကြည့်ကာရှောင်..
ဥဒေါင်း စစ်က..ဒေါင်းချင်းမခွပ်ကြနှင့်..
သူများနောက်ကျော ဓါးနဲ့မထိုးကြပါနှင့်။
ရန်ကို ရှောင်..ဥာဏ်ကိုဆောင်.
အားအင်ကွဲ..အုပ်သင်းကွဲ
တကောင်ချင်း မျိုးပြုတ်တော့မှာ သတိဆောင်..
ရဲဝံ့ ချစ်ကြည်..စည်းလုံးညီညာ
ဒေါင်းမှန် ရင်..ဒေါင်းချင်းမခွပ်ကြပါ။
မသဒ္ဓါ ( ၇။၉။၂၀၀၈)
ဒေါင်းများ၏ စည်းလုံး ညီညာရေး အတွက် ကဗျာရေးပေးပါရန်..အကိုကြီးကိုအောင်ဝေးမှ idea ပေးသောကြောင့် တတ်နိုင်သမျှ မသဒ္ဓါ ရေးသားကြည့်ပါသည်။ မကောင်းလျှင် ခွင့်လွတ်ပေးပါ အကိုကြီး.
Posted by Ma Thadar ( မသဒ္ဓါ ) at 9:22 AM 1 comments
သင်သည် မြန်မာ..ရှက်တတ်ပါ။
မြန်မာဆိုတာ..
ရှေးအခါ..
ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တာ
ပြည့်ဝ ကုံလုံရာ။
ခိုသွေးရောင်ပတ္တမြား
ကျောက်စိမ်း အနှစ်သား..
ကျောက်မျက် နီလာ
ပုလဲ အရောင် မမှိန်ပါ ခဲ့ 
ပဲပြောင်း နှမ်းဝါ စပါး နဲ့ ဆန်ရေ..
ကျွန်းသစ်များ ပေါများရာမြေ။
ရေနံတွေ ချောင်းသို့ စီး..
ကမ္ဘာပေါ်မှာ နံမည်ကြီး။
ကျမတို့ ရဲ့ခေတ်
စစ်အေးခေတ်ထဲက လူဖြစ်
မိဘမကောင်း..တရွာပြောင်း..
လူငယ်တွေ လိင်ကျွန်အဖြစ်ရောင်း.
ခလေးတွေ အစာမဲ့ ဗိုက်ဟောင်းလောင်း
မျိုးချစ်မှန်သမျှ..သေကြေ ထောင်ကျ.
စစ်အာဏာရှင်ဖဝါးအောက်က ဘဝ။
ပညာစုံကြလည်း..အလုပ်မရှိ
အလုပ်ရရေး..ကြံ့ဖွတ်ဝင်မှရမည့်။
ပြင်ပလုပ်ငန်း လုပ်စား
လာဘ်လာဘစား၊ အခွန် အတုတ်များ၏။
ရေပေါ်ဆီ ပညာမဲ့ စစ်သား.
ကျွန်လို ဒူးထောက် ခစားရဖို့ ရှိ..
ပညာတတ် လူငယ်များ
ဘာ လုပ်ကြမလဲ။ ဘယ် သွားကြမလဲ။
ရေငုံနှုတ်ပိတ်..အအ လိုနေရင် အသက်ရှိ
နိုင်ငံရေးအကြောင်းပြောရင်.. အသက်ထွက်ဖို့ ကြည့်
ပါးကွက်သားကြံ့ဖွတ်.နေရာတိုင်းမှာရှိ
ပျက်နေသည့် တိုင်းပြည်။
ရေစုန်မြောခဲ့ ဗမာပြည်။
တနေ့ တနေ့ ပိုထင်ရှား..
ရွှေ တြိဂံ က မူးယစ်ဆေးဝါး.
လူငယ်များ ပျက်စီး
ဘိန်း ကျွန်ဖြစ်ပြီး.
နုပျိုမြစ်..မွေးနုသိမ်းသစ်
၁၂ နှစ်သမီး ပြည့်တန်ဆာ..
Made in Burma..ဗမာပြည်လုပ်ပါ.။
ပညာတတ် အိမ်ဖော်..ဆရာဝန်မ.
အိမ်ရှင်နေမကောင်းရင်ပြုစုတတ်ကြ
IT ဘွဲ့ ရတဲ့ ပညာတတ်မိန်းမ
စင်္ကာပူမှာ ခလေးထိန်းသွားကြ။
ဦးဏှောက်ယိုစီးမှု.ထိမ်းမနိုင် သိမ်းမနိုင်။
အာရပ်စော်ဘွားရဲ့ နိုင်ငံများ.
ဖိလစ်ပိုင်အိမ်ဖော်မ ထက်ကျော်ကြား..
ဗမာက..တင်သွင်းလာတဲ့ အိမ်ဖော် အပျိုစင်နုနု..
ခြေတော်တင်ချင် တဲ့
အာရပ် အိမ်ရှင်..စိတ်ထဲ
တံတွေးမျို ..ကလုကလု..
မိန်းမ သိက္ခာ.ရွှေပေးမရ.
ဘိုးစဉ်ဘောင်ဆက် ထိန်းထားသမျှ.
ရွှေဘဘ လက်ထက်မှ တိုင်းပြည်ပျက်..
ဗမာရဲ့ အနာဂတ်ကို တကယ်ဖျက်တာ.ဘယ်သူ
ဗမာရဲ့ မျိုးဆက်ကို တကယ်ဖျက်တာ.ဘယ်သူ
ဗမာရဲ့ ဂုတ်သွေးကို တကယ်စုတ်တာ.ဘယ်သူ
နယ်ချဲ့ကိုလိုနီခေတ်..
တက်ကြွတဲ့မျိုးချစ်စိတ်နှင့်
အသက်တွေပေး..
သွေးတွေနဲ့ဆေး.
အမိမြေ ကိုပိုင်ဆိုင်ရေး.
ဘိုးဘွားတွေ အသက်ပေးခဲ့တယ်။
ဒို့ သမိုင်းလည်း ဒို့ ရေး.
ဒီလိုနဲ့ဘဲ မိုးကြီးမချုပ်စေချင်..
မျိုးချစ်စိတ်ပြင်..နိုင်အောင် တိုက်ကြပါစို့ 
နွေးထွေးပန်းကလေးတွေ လန်းဆန်းရေးသို့ 
အနာဂတ်ရောင်နီ..ဗမာမြေဆီ လင်းလက်စေဖို့ 
မသဒ္ဓါ ( ၇။ ၈။၂၀၀၈) အမှန်တကယ်စေတနာ ထားသူ များကို တိုင်းပြည်က လိုအပ်နေပါသည်.
စဉ်းစားပါ... သင်သည် ရှက်တတ်ပါသလား.
Posted by Ma Thadar ( မသဒ္ဓါ ) at 2:52 AM 1 comments
Monday, July 7, 2008
၈၈၈၈ မျိုးဆက်၏ အညတြဒဏ္ဍာရီ
ဘယ်ဆီမှာလည်း..ပျောက်သော ချစ်သား.
ငယ်ငယ်ကတည်းက..
လိုချင်တာ ငိုမပြ
ဂျီမကျပါတဲ့ချစ်သား။
လမ်းလျှောက်တတ်ခါစ ကစ
ချီပိုး မခံ..
ကိုယ်ပိုင်ခြေနဲ့ လမ်းလျှောက်ချင်တဲ့ချစ်သား။
ကျောင်းမှန်မှန်တက်..စာမခက်
အိမ်စာမပျက်တဲ့ချစ်သား။
မိသားစုတာဝန်
ကျိုးကျိုးနွံ
တာဝန်ကျေတဲ့ချစ်သား။
၁၉၈၈ ..တော်လှန်ရေးဖြစ်
တိုင်းပြည်တာဝန် သဲတမှုန်အဖြစ်
ကျေပြွန်လိုတဲ့ချစ်သား
ကျောင်းကိုစွန့်  အိမ်ကိုစွန်
မကြောက်မရွံ့ ။ နောက်မတွန့် တဲ့ခြေလှမ်း
တော်လှန်ရေး ခရီးကြမ်းဆီ။
အဖေအတွက်ချန်ခဲ့တဲ့စာ.
“ သားကိုခွင့်လွှတ်ပါ။”
နှစ် ၂ဝ ကျော်..ပျောက်ဆုံး..
ဒီလို..သားသမီးဆုံးတဲ့ မိသားစု.
ဘယ်လောက်များ..ရှိပါ့မလဲ။
ဘယ်လောက်များ..ပူပင်ကြရမလဲ။
ဝေးရာကမျှော်မှန်း
သားရယ် ဘယ်ဆီရော်ရမ်း.
တွေ့ ရနိုးနိုး..ပြန်လာနိုးနိုး
အဖေ..တို့ မျှော်ကိုးလည်း..
ကြာကြာလေ..ပိုပျက်.
နအဖ လက်ထဲက မြန်မာပြည်။
ပြန်တွေ့ ကြ ဖို့ လမ်းမမြင်ပြီ။
တောခိုကျောင်းသား..သားလေးအပြန်ဆီ။
မသဒ္ဓါ ( ၇။၇။၂၀၀၈)
သားငယ်၏ ရင်တွင်းမီး မှတ်တမ်း..
ကျနော် အိမ်လွမ်းသော်လည်း..ဖေဖေ..
ဒီအချိန်ဆို..ဖအို..
အလုပ်ပြီးချိန် အိမ်ရောက်.
ထမင်းအိုးတည်ရမဲ့အချိန်။
အလိုက်မသိညီငယ်..
လျှောက်လည်တာ လိုက်ဖမ်း.
အဖေရယ် ပင်ပန်းနေမှာ။
လေငန်းဖြတ် မသန်တဲ့အဖေ့ခြေ.
ယိုင်နဲ့ နဲ့  သူခြေလှမ်းတွေ.
သဘောထားမဆိုင်..ကွဲလွဲ
ရွာပြန်သွားတဲ့ အမေ.
သားကြီးမို့  အဖ အရာ
ကျနော်ဘဲရှိတာ..
ကျနော့ အသက် ၁၆ နှစ်။
ဒို့ အရေး အော်တဲ့ခေတ်.
ကျနော့တွဲဘက်သူငယ်ချင်း
သွေးချင်းနီ ဦးနှောက်ထွက်
ရက်စက်တဲ့စစ်သား။
တော်လှန်ရန် ကျနော်သွားတော့မယ်။
နှုတ်ဆက်တယ် အဖေ။
နားလည်ပေးပါ.ကျနော့ အခြေအနေ။
တောတွင်းမှ..ကြမ်းတမ်းဘဝ
ဗမာပြည် လွတ်လပ်ရေးရဖို့ 
သွေးနဲ့  ချွေးအသက်
ကျနော်တို့ ပေးဆက်ခဲ့သည်။
မိသားစုရဲ့ နွေးထွေးတဲ့အရိပ်..
တသက်ပြန်အိပ်ရဖို့ လမ်းမမြင်..
လွတ်လပ်ကြဖို့  ကျနော်တို့ ငြမ်းဆင်
ကြမ်းချင်သလောက်သာ..ဘ၀ကြမ်း
နွမ်းသွားပါစေ..ကျနော်တို့ ဘ၀များ
မျိုးဆက်များအတွက်
သွေးကြွေးဆပ်ခဲ့တဲ့ကျနော် ရဲရင့် ခွပ်ဒေါင်း
ကျောင်းသားတပ်မတော် ရဲ့ ရဲဘော်..
ကျနော်သေပျော်တယ် အဖေ။
လွတ်လပ်ပါမှ..အမျှသာဝေ။
မသဒ္ဓါ ( ၇။၇။၂၀၀၈)
ဤကဲ့သို့  အရွယ်နှင့်မမျှ..ကြမ်းတမ်းသောဘ၀တွင်.ကျောင်းသားရဲဘော်များအဖြစ် ဖြတ်သန်းလာကြရသော မောင်ငယ်ညီမငယ်လေးများ။ လွမ်းဆွတ်ပူပန် ခဲ့ကြရသော မိဘဆွေမျိုးသားချင်းများနှင့် ချစ်သူ ရည်းစားများ အားလုံးကိုစာနာစွာ ဂုဏ်ပြုပါသည်။
ခေတ်ဆိုးတစ်ခုတွင်..မွေးဖွားကြီးပျင်းလာရသော မျိုးဆက်တခုအနေဖြင့် ပေါက်တဲ့နဖူး. မထူး.။လှေခွက်ချည်းကျန် ကျန်..အလံမလှဲ.အသက်သွေးချွေး.စတေး ကာ နောင်မျိုးဆက်သစ်များအတွက်.တော်လှန်ရေးကိုအပြီးတိုင် ဆင်နွဲကြပါစို့ ။
Posted by Ma Thadar ( မသဒ္ဓါ ) at 2:17 AM 1 comments
Saturday, July 5, 2008
ထွက်ပေါက်..
အဖေက..မြင်းလှည်းမောင်းတယ်။
အန်ထွက်လာ တဲ့ အန်ဖတ်များ၊
မချိမဆန့် ခံစား။
" အမလေး ပူလှချည်လားအဖေရယ်။
သားတို့ သမီးတို့ ဘာများဖြစ်တယ်။"
Posted by Ma Thadar ( မသဒ္ဓါ ) at 9:46 AM 0 comments