Thursday, May 8, 2008

မောင်လေး KO သို့ စာပြန်ခြင်း

ko said...
မသဒ္ဒါရဲ့ စီဘောက်ထဲက တာဝန်သိ၊ အမြော်အမြင်ရှိတဲ့လူတွေရဲ့ စိုးရိမ်တကြီးကြိုတင်သတိပေးချက်


မြန်မာပြည်မှာ မုန်တိုင်းပြင်းထန်မယ်ကို ပြည်ပ က လူတွေက သိပေမယ့် ပြည်တွင်းက လူတွေ မသိခဲ့ရရှာပါဘူး၊ဘလော့တစ်ခုက စီဘောက်ထဲမှာ မြန်မာတစ်ချို့က စိုးရိမ်တကြီး (၂) ရက် ကျော်ကြိုတင် သတိပေးခဲ့တာပါ ။ဒါပေမယ့် လူတိုင်းနီးပါးဟာ အမှတ်မဲ့ နေထိုင်ခဲ့ကြပါတယ်။

ခန့်မောင်: မုန်တိုင်းနောက်ဆုံးသတင်းတွေကို 01667766 မှာမေးနိုင်ပါတယ် သတင်းရရင် လက်ဆင့်ကမ်း ပေးကြပါအုံး
1 May 08, 17:53
ခန့်မောင်: မုန်တိုင်အကြာင်မယုံကြပါ မုန်းတိုင်းအရေးပေါ်ကြေငြာချက်များထွက်ဟန် မတူသေးပါ အဲဒီမုန်တိုင်း လမ်းတလျှောက်မှာရှိတဲ့ မြို့တွေကို ၀ိုင်းကူဖုန်းဆက်ပေးကြပါအုံး
1 May 08, 17:52
ခန့်မောင်: မုန်တိုင်းကြီးဘယ်လောက်ကြောက်စရာကောင်းသလဲ ဂူဂယ်အတ်ကနေ ၀ဲသာကို ကလစ်ဖွင့်ပြီး ကြည့်ရင်တွေ့နိုင်ပါတယ် လောလောဆယ် ဖျာပုံ ပုသိမ် ကလူတွေက
1 May 08, 17:26
ခန့်မောင်: မုန်တိုင်းဗဟိုနှင့်အနီးမိုင်၂၀အတွင်းတွင် တနာရီမိုင်၁၂၀အထက်လေတိုက်မည် မုန်တိုင်းဒီရေ ၁၅ပေခန့်မြင့်မည်
1 May 08, 17:26
ခန့်မောင်: နာရီအနည်းငယ်အတွင်း ဧရာဝတီတောင်ပိုင်းကို ဟိုင်ကြီးကျွန်းအနီးမှဖြတ်မည် လေတိုက်နှုန်း တနာရီမိုင်၆၀ကျော်မည်
1 May 08, 17:26
ခန့်မောင်: မုန်တိုင်းသည် မိန်းမလှကျွန်းနောက်ဖက်မိုင် ၉၀ခန့်တွင်ရောက်ရှိနေပါပြီ ပိုပြီးအားကောင်းလာ နေပါ သည်။ အရှေ့ဘက်သို့ လျှင်မြန်စွာရွေ့နေသည်
1 May 08, 16:53
ခန့်မောင်: ရန်ကုန်တွင်လေးပြင်တိုက်က ဆိုင်ဘုတ်ကြီများ တုံးလုံးလဲသွားနိုင်သည် မုန်တိုင်သတင်း ကိုဒီနေ့တောက်လျှောက် စောင့်ကြည့် ပေးကြပါ လက်ဆင့်ကမ်းပေးကြပါ
1 May 08, 16:53
ခန့်မောင်: မော်တင်စွန်းသို့ စတင်ဝင်ရောက်မည် ရန်ကုန်အနီးသို့ ဒီညတွင်ဖြတ်လိမ့်မည် ဧရာဝတီတိုင်း၏ ပင်လယ်နှင့် ထိစပ်နေသော အပိုင်းများ စိစိညက်ညက်ကြေသွားနိုင်သည်
1 May 08, 16:53
ခန့်မောင်: မုန်တိုင်အထူးသတင်း နာဂစ်မုန်တိုင်းသည် လောလောဆယ်တွင် လတ်15.8 နှင့် လောင် 91.2 မထင်မှတ်ပဲ အရှေ့သို့ဆက် ရွေ့နေသည် ခန့်မှန်ချက်အရ ဒီနေ့မနက် ၇နာရီတွင်
1 May 08, 12:19
okokok: မော်တင်စွန်းနဲ့ဆို မိုင်နှစ်ရာပဲဝေးပါတော့တယ် လပွတ္တာမြို့ကတောအိပ်ပျော်နေဆဲပါ သူတို့အပေါ် မုန်တိုင်းကြီး ကျော်တော့မယ်ဆိုတာ သိပုံမရရှာပါဘူး အားလုံးလက်ဆင့်ကမ်းသတိပေးကြပါ
1 May 08, 12:19
ညီညီ: မော်တင်စွန်းနဲ့ဆို မိုင်နှစ်ရာပဲဝေးပါတော့တယ် လပွတ္တာမြို့ကတောအိပ်ပျော်နေဆဲပါ သူတို့အပေါ် မုန်တိုင်းကြီး ကျော်တော့မယ်ဆိုတာ သိပုံမရရှာပါဘူး အားလုံးလက်ဆင့်ကမ်းသတိပေးကြပါ
1 May 08, 12:19
ညီညီ: မုန်တိုင်းလမ်းကြောင်းပြောင်းပါတယ် လောလောဆယ် လတ် 15.5 နဲ့ လောင် 92.1 မှာရှိနေပါတယ် ဒီပုံစံအတိုင်းဆို ဧရာဝတီတိုင်း အောက်ပိုင်းကတော့ စိစိညက်ညက် ကြေမယ့်ပုံပါပဲ
1 May 08, 12:19
ညီညီ: မုန်တိုင်းလမ်းကြောင်းပြောင်းပါတယ် လောလောဆယ် လတ် 15.5 နဲ့ လောင် 92.1 မှာရှိနေပါတယ် ဒီပုံစံအတိုင်းဆို ဧရာဝတီတိုင်း အောက်ပိုင်းကတော့ စိစိညက်ညက် ကြေမယ့်ပုံပါပဲ
1 May 08, 08:02
ခန့်မောင်: သိချင်တာတွေ မိုးလေ၀သ ဖုန်း 01 665944 သို့ဖုန်းဆက်မေးနိုင်ပါသည်
1 May 08, 08:02
ခန့်မောင်: မုန်တိုင်းစင်တာလမ်းကြောင်းဦးတည်ရာ၏ ညာဘက်တွင် လေမှတွန်းတင်ထားသောလှိုင်းလုံးကြီးများက ကမးခြေသို့ဝင် ဆောင့်တတ်သည် ယခု လှိုင်းများ ၂၇ပေထိမြင့်မည်ဟု ခန့်မှန်းနေသည်
1 May 08, 07:56
ခန့်မောင်: အချင်းဝက်မိုင်၂၀အတွင်း လေတိုက်နှုန်း မိုင်တရာကျော်သည် အချင်းဝက်မိုင် ၂၀မှ ၁၂၀ အတွင်း မိုင်၅၀မှမိုင် ၈၀အတွင်းရှိသည် တတိယ လှိုင်းလုံကြီးများ မုန်တိုင်းသည် လက်ယာရစ် လည်သည်
1 May 08, 07:56
ခန့်မောင်: မုန်တိုင်းတွင် အဖျက်စွမ်းအား ၃မျိုးရှိသည် ပထမ မိုးသည်းထန်စွာရွာခြင်းဖြစ်သည် ရေကြီးခြင်း တမံကျိုးခြင်း တောင်ပြိုခြင်းများဖြစ်နိုင်သည် ဒုတိယ လေပြင်းထန်ခြင်း မုန်တိုင်းစင်တာနှင့်
1 May 08, 07:56
ခန့်မောင်: မုန်တိုင်းစင်တာလမ်းကြောင်းဦးတည်ရာ၏ ညာဘက်တွင် လေမှတွန်းတင်ထားသောလှိုင်းလုံးကြီးများက ကမးခြေသို့ဝင် ဆောင့်တတ်သည် ယခု လှိုင်းများ ၂၇ပေထိမြင့်မည်ဟု ခန့်မှန်းနေသည်
1 May 08, 07:24
ခန့်မောင်: ၃ရက်နေ့ နေ့လည်တွင် ကယားနှင့်ရှမ်းတောင်ကြားသို့ရောက်မည်ဟု ခန့်မှန်းကြသည်။ ဖျက်ဆီးအားကြီးမားမည်ဖြစ်သောကြောင့် လမ်းကြောင်းကျနေသော မြို့ရွာများသို့ လက်လှမ်းမီသလောက်ကြောင်းကြားသတိပေးကြပါ
1 May 08, 07:24
ခန့်မောင်: ဂွမြို့နှင့်သံတွဲမြို့သည် အနီရောင်စိုးရိမ်မှတ်တွင်ရှိနေသည်။ ရန်းဗြဲ မန်အောင်နှင့် ပုသိမ်တို့သည် အ၀ါရောင်စိုးရိမ်အမှတ်တွင်ရှိနေသည်။ အဆိုပါနေရာမှ ရှေ့မြောက်ယွန်းယွန်းသို့ တစ်နာရီ ရေ(၇)မိုင်နှုန်းဖြင့်ရွေ့နေသည်။
1 May 08, 07:23
ခန့်မောင်: မုန်တိုင်းဗဟိုတွင်လေတိုက်နှုန်းတနာရီ မိုင်တရာကျော်လာပြီဖြစ်သည် ရန်ကုန်မြို့၏ အနောက်ဘက်မိုင် ၃၇၀တွင်ရောက်ရှိနေပါပြီ။ မူလခန့်မှန်းထားသော ၂ရက်နေ့သန်းခေါင်ယံထက်စောမည်ဖြစ်သည်။
1 May 08, 07:23
ခန့်မောင်: နာဂစ် ခေါ် ဆိုင်ကလုန်းမုန်တိုင်သည် ယနေ့တွင် အဆင့်နှစ်မှ အဆင့်တစ်သို့ ပိုမိုပြင်းထန်လာသည် မုန်တိုင်း၏အချင်းဝက်သည် မိုင်တရာကျော် အမြင့်သည် ဆယ်မိုင်ကျော်အထိ ကြီးမားကျယ်ပြန့်လာသည်
ကယ်ကြပါအုံး: https://metocph.nmci.navy.mil/jtwc/warnings/io0108.gif
30 Apr 08, 13:03
ကယ်ကြပါအုံး: မသဒ္ဓါ ကိုအားကိုးပါတယ်
30 Apr 08, 13:03
ကယ်ကြပါအုံး: http://www.alertnet.org/thefacts/reliefresources/TSR/200801B_01B.htm
30 Apr 08, 13:03
ကယ်ကြပါအုံး: တနာရီ မိုင်တရာကျော်နှုန်းလေတိုက်မယ်လို့ ပြောပါတယ် ဒီမှာအသေးစိပ်ကြည့်ပါ
30 Apr 08, 13:02
ကယ်ကြပါအုံး: Nargis လို့ခေါ်တဲ့မုန်တိုင်း ဗမာပြေကိုဝင်မယ် ရန်ကုန်နားကဖြတ်မယ် အပျက်အစီး အထိအခိုက်များမယ်လို့ သိရတယ် အားလုံးကိုအကြောင်းကြားပေးကြပါ
May 7, 2008 10:03 AM

www.platonicloveaugust4.blogspot.com

Ma Thadar ( မသဒ္ဓါ ) said...
ဟုတ်ကဲ့ ko ရှင့်
မသဒ္ဓါ တာဝန်သိ တာဝန်ကျေ ပြည်သူပါ..သတင်းရလျှင်ရချငိးဘဲ..အာဇာနည်နဲ့  ကိုမိုးသီး ဘလောက်များ ပေါ်သို့ မုန်တိုင်း သတင်း ကို တိုက်ရိုက်တင်ပေးပါတယ်..ဘာလိုလည်း ဆိုတော့ မသဒ္ဓါ ဘလော့ ဆီထက် စာရင် ဟိုဘက်ကို သွားတဲ့  လူတွေက များလို့ပါ. ဘလော့ဂါထဲမှာ မသဒ္ဓါ မုန်တိုင်း ကိစ္စ သတင်း update တွေ ရော..ရသမျှ အချိန်မီ ရသမျှ တင်ပေးပါတယ်.။
ဒီလောက်ထိ ဖြစ်ပျက်သွားခဲ့တာ တကယ်ဘဲ ကြေကွဲ ၀မ်း နည်းရပါတယ်မောင်ငယ်..ဒီလောက် ထိခိုက် တဲ့ကိစ္စကြောင့် စိတ်ထိခိုက်င်္ပြီးကဗျာ မရေး နိုင်တဲ့အတွက် ခုတလော မသဒ္ဓါ ကဗျာထွက်ကြဲတာပါ. လေမွန်း ကြပ်ရှူမရ သေသူနဲ့ ရေမွန်းကြပ် သေတဲ့လူတွေအတွက် မသဒ္ဓါရဲ့ နှလုံးသား လည်းမွန်းကြပ်ခဲ့ပါတယ်.

အပြစ်တင်လိုက တင်ပါ မောင်ငယ်။။ တကယ်လို့  မသဒ္ဓ့ါ တာဝန်မကျေတာ ရှိခဲ့ရင်။

ခလေးတယောက်လာရေးတဲ့..အမကြီးကို အားကိုးပါတယ် မသဒ္ဓါ ဆိုတဲ့ စကားလုံးလေးကြောင့် မသဒ္ဓါ..ဘာဘဲဖြစ်ဖြစ် ဘယ်သူဘဲ ပုတ်ထုတ် ပုတ်ထုတ်။ဘယ်သူဘဲ ကဲ့ရဲ့ ဆိုဆို၊ ချစ်ရတဲ့ မောင်ငယ်ညီမငယ် အားလုံး ကို လစ်လျှုရှူ ထွက်မပြေး နိုင်ခဲ့ပါဘူး.မသဒ္ဓါက နိုင်ငံရေးသမားလည်း မဟူတ်။ ကျောင်းသား ခေါင်းဆောင် လည်းမဟုတ်။ ခံစားပြီးသာ ကဗျာရေးသူ သာဖြစ်တဲ့အတွက်..မသဒ္ဓ့ါရဲ့  ပြည်သူများအတွက် လုပ်ဆောင်ပေးနိုင်မှု အတိုင်းအတာ.စိတ်ကျေနပ်စရာ မလုံလောက်ခဲ့ဘူုး ဆိုခဲ့ရင် အားလုံးကို တောင်းပန်ပါတယ်။ ခွင့်လွတ်ပါ။
လာရောက်ပြီး မုန်တိုင်း သတင်းပေးသူများ ကို ကျေးဇူးတင်ရှိပါတယ်။

4 comments:

kolwinmin said...

လူမှုရေးစိတ်ဓါတ် ၊ စွန်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့
ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာကြံခိုင်သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။

kolwinmin said...

လူမှုရေးစိတ်ဓါတ် ၊ စွန်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့
ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာကြံခိုင်သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။
www.platonicloveaugust4.blogspot.com

kolwinmin said...

လူမှုရေးစိတ်ဓါတ် ၊ စွန်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့
ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာကြံခိုင်သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။
www.platonicloveaugust4.blogspot.com

kolwinmin said...

လူမှုရေးစိတ်ဓါတ် ၊ စွန်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့

ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာကြံခိုင်သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။ ကင်မရာတွေလဲ ယူသွားကြ။ ရေဒီယိုတွေ ယူသွားကြပါ။
အမျိုးသမီးငယ်များ ၊ ကျောင်းပိတ်နေဆဲ ကျောင်းသူများ မိမိ ကျေးရွာ ၊ရပ်ကွက် ၊ မြို့နယ် အတွင်း တက်တက်ကြွကြွ အလှူငွေများ ၊ အ၀တ် အထည်၊ စားစရာများ အပင်ပန်းခံ လိုက်လံအလှူခံကာ ရယက၊ မယက ရုံးများသို့ သွားရောက်လှူဒါန်းကြ၊



http://www.countrybuilders.blogspot.com/ တွင် ရေးသားထားသော အောက်က အကြံပြုချက်လေးတွေကို လက်ကမ်းစာစောင်အဖြစ် ပြုလုပ်ပြီး ကိုယ်နှင့် မကွာယူသွားကြပါ ၊ ကျွန်တော်တို့ရင်ထဲ မှာ မချိအောင်နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့အချက်ကလေးများကို လေ့လာတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေပေးကြပါခင်ဗျား။ နောက်တစ်ခုပန်ကြားလိုတာ ကတော့ ကျွန်တော်တို့ သဘာဝဘေးအန္တရာယ်ကျရောက် တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမဲ့ လက်စွဲစာအုပ် ငယ်ကို ရှာဖွေပြီးတော့ ဘေးက Pane မှာ Link လုပ်ပေးထားပါတယ်။ တတ်နိုင်ရင် Chapter တစ်ခုစီလောက် မြန်မာလိုပြန်ပြီး ကျွန်တော်တို့ဆီကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ အကျဉ်းချုပ်ကို Print ထုတ်ပြီး အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ လောက်ဝေနိုင်ရင်လဲ အကျိုးရှိနိုင်မယ်ယူဆလို့ပါခင်ဗျာ။သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံးလိုအပ်တဲ့အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကယ်ဆယ်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ရမယ်၊ အစားအသောက်တွေကို ဘယ်လိုပြင်ဆင် မှုပြုရမယ်၊ ရေတွင်းရေကန်တွေကို ဘယ်လိုပိုးသတ်ရမလဲဆိုတာတွေ၊ တစ်သက်လုံးအမာရွတ်ထင်သွား စေနိုင်တဲ့ ကပ်ဘေးဒဏ်ခံ ပြည်သူတွေခံစားလိုက်ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးနိုင်မလဲ ဆိုတာတွေကို လေ့လာ အသုံးချနိုင်ကြပါတယ်ခင်ဗျာ။ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ (မှတ်ချက်။ ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။ လိုအပ်သည်ထက်ပိုပြီး ဂရုစိုက်လွန်းသည်ထင်ပါက ပယ်နိုင်ပါသည်)
*အမှန်တစ်ကယ်အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်
*အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများရေထဲထိနေခြင်းရှိမရှိစသည်။
*ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝမ၀င်ပါနှင့်။
*ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။ *ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်။
*ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်းကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
*တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။
*ခြံစည်းရိုးအစရှိသည်နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။
***အစားအသောက်ပေးလှူလိုသည်ဆိုလျင်အောက်ပါအချက်များအား စဉ်းစားပါ
*ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
*လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
*ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ
*ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ
*ဥပမာပေးထားသည့် အစားအစာများမှာ -
စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွတ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုးဆေးပြားများကိုလည်းပေးပို့နိုင်ပါသည်။ ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။
စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများ အားချေဖျက်ရန်ရေဓာတ်များစွာလိုအပ်ပါသည်။
*ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)
*အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။
အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။
*နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။
*အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
*အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
*ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး
*နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
*ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား
*လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
*လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။
ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ
*ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။
*အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
*ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
*ကလိုရင်း ဆေးရည်
*ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
*အိမ်သာသုံးစက္ကူ
*အိမ်သာဘယ်လိုဆောက်မလဲ -
*ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။
*အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင်စွန့်ပစ်ရန်သတိပြုပါ။

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့်အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများရှာဖွေရန်လိုအပ်ပါသည်။
ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ
*အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း
*အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
*ရေပတ်တိုက်ခြင်း
*Towlettes များအသုံးပြုသန့်စင်ခြင်း
*မျက်နှာလိမ်းသည့် ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
*စပရေးဘူးများအတွင်းသို့ ရေထည့် ကာ ပက်ဖြန်းရေချိုးခြင်းတို့ဖြစ်သည်။

www.platonicloveaugust4.blogspot.com

 
/* EOT ----------------------------------------- */