Thursday, November 29, 2007

ချစ်သော..အမေ။ အသက်ရာကျော်ရှည်စေ။


အသက်ရှည်လို့ ၊ ဘုန်းမကြီး
ဘုန်းကြီးပြန်တော့၊ သက်မရှည်။
လူ့ စည်းစိမ် သဘာဝ
လောကဓံတရား အရပေမဲ့၊
ကံ အကြောင်း လှ၊
ဘုန်းကြီးပါလို့ ၊ အသက်ရှည်၊
ကျမတို့ ရဲ့ ၊ ချစ်သော အမေ၊

ရွှေမန်းသူ ယဉ်စစ၊
ဦးရာဇတ်ကျောင်းမှ၊
ဆရာကောင်းတပည်၊့ ပန်းကောင်းပန်၊
အမျိုးသား စိတ်ဓါတ်၊ ပြည့်ကျိုးမာန်၊
မြေမှန် ရေမှန်၊ မျိုးစေ့မှန်
တွန်သံကြူးခဲ့၊ ခွပ်ဒေါင်းအိုးဝေ။
ဒုတိယကျောင်းသား သပိတ်ရဲမေ၊

ဒါးသွားထက်ထက်၊ နှုတ်ဖျားထက်ထက်
ထိုးနှက်ခဲ့၊ နယ်ချဲ့ ကိုလိုနီ၊
ဇာတိသွေးရဲ့ အနီစက်၊
မြင့်မြတ်တဲ့ ကုမ္မာရီ၊
ကလောင်သွားထက်၊ တုနှိုင်းမမီ။

နိုင်ငံရေးအမြင်ပြည့်ဝ၊
ကြီးပွါးတိုးတက်ရေးအစ၊
သတင်းပဒေသာများ၊
ဆောင်းပါး၊ ဘာသာပြန်ရသ၊
မဟာဂီတ နဲ့ အထုတ္ထုပတ္တိ။
ဂန္တ၀င်ရေးသည့် သူ၏ စာ။
တင်ရှားပါတဲ့၊ လူထုဒေါ်အမာ။

အမရာနဲ့ မင်းမဟော်သို့ လိုက်ဖက်ညီ၊
ပါရမီဖြည့်ယူ၊ တိုင်းကျိုးအတူ
အမည်စုံတွဲ၊ တသားထဲရွှေဂဟေ၊
လူထုဦးလှရဲ့၊ ကြင်ဖော်ဆွေ။

နိုင်ငံအတွက် ဆို။
ဘာမဆို စွန့် ရဲ
သား တစ်ယောက်ကို စတေး၊
နောက်တစ်ယောက်က၊ တကျွန်းဆီဝေး၊
ထောင်နှုတ်ခမ်းဝ၊ ဘယ်မကြောက်
ဒီ လင်မယားနှစ်ယောက်၊
အင်းစိန်ထောင်ထဲ၊ အခေါက်ခေါက်။

ရာစုနှစ် နီးပါး၊
ရှည်လျားခဲ့တဲ့ အမေ့သမိုင်း၊
ကျော်ဖြတ်ခဲ့ရာ၊ ခေတ်အပိုင်းပိုင်း၊
ပါဝင်ဝိုင်းကူညီ၊ တိုက်ခိုက်ရင်း။
အင်္ဂလိပ်။ ဂျပန်။ အိမ်စောင့်အစိုးရနဲ ၊့
တော်လှန်ရေး ကောင်စီ။
မဆလ။ ငြိမ်ပိနဲ ၊့ နအဖ။
ဘယ်လိုနံမည်ဘဲ၊ ပြောင်းခဲ့ ပြောင်းခဲ့
မလွတ်လပ်ကြသေးတဲ့၊ အမေရဲ့မြေ၊

မသေခင်။ ဒီမြေတွင်
ဒီမိုကရေစီ ရတာ
ကြည်နူးမြင်ချင်တဲ့..အမေ့အိမ်မက်၊
လေပွေမှာ မကြွေသက်ရအောင်၊
ကျမတို့ အမေတာဝန်၊
ဆက်လက်ထမ်းဆောင်
ကမ္ဘာမှာ မြန်မာဂုဏ်ရောင်။
ထွန်းပြောင်လက်အောင်၊
အမေ့  ( ၉၂) နှစ်မှာ ကိုယ်စားပြု၊
မသဒ္ဓါ တို့ ရဲ့..ကတိတခု၊
အမေရယ်၊..သာဓုခေါ်လှဲ့ ပါ။

မသဒ္ဓါ (၁၁။၂၉။၂၀၀၇)
အမေ.လူထုဒေါ်အမာ၏ ကံထူးသော (၉၂) နှစ်ပျော်ရွှင်သောမွေးနေ့ မင်္ဂလာအတွက်။

No comments:

 
/* EOT ----------------------------------------- */