ဟို မှာတစ်လုံး…ဒီ တစ်လုံး
နအဖ ဆင်ဗုံး..
လူအုပ်ကြီးထဲ ပစ်ရဲရင်..
စတိုးဆိုင်ထဲတွင်..
ဈေးဝယ်သူ..၂၀ လောက်.
စတေးရေး..သူမကြောက်။
အတိုက်အခံများ..လုပ်ရဲရင်..
သူတို့ သေမှာပင်.
ပြည်သူတွေ ထဲ ဒို့ မခွဲ
နှစ် ၂၀ ၊ သူတို့ ဗိုလ်စွဲ
ဆူပူမှုတွေ ဖြစ်လာရင်.
ဖြေရှင်းပေးမယ် မမြင်
ဟိုမှာ.. ဗုံးပစ်.
ဒီ ဗုံးပစ် ။
လွှဲချွကရင့် အပြစ်။
ကိုကရင်များ ရှိတဲ့နေရာ။
တိုက်ခိုက် လုယက်ရာ။
ကိုကရင်တွေ မျိုး ပြုတ်ပြုန်း
ဘယ်မလဲ..သူတို့ ဗုံး။
ကျောင်းသားအဖွဲ့  ဗုံးထောင်လျှင်.
အိမ်သာထဲ မထောင်ချင်။
သန်းရွှေ အိမ်အောက်..ဗုံးခြေပေါက်.
ဒါမှ အကျိုးရောက်။
တေဇ ကသာ ဗုံးဝယ်တာ.
ဒို့ တတွေ ငွေမရှိပါ။
ဘုံးထားငွေ နဲ့  ၀ယ်တဲ့ဗုံး
ပြည်သူသတ်ဖို့ သုံး။
ဆင်ခြေဆင်လက်. အမြဲကပ်
ဒို့ တွေမှသာ ကယ်တင်တတ်.
ချောက်ကမ်းပါးရပ်က တိုင်းပြည်
ဒို့ ဘဲ ပြည်ချစ်သည်။
အမှန်ချစ်တာ..သူတို့အသက်။
စားကြမယ်၊ တသက်။
ပါးစပ်သေနတ် အလွန်တော်.
လိမ်ညာ..မသူတော်။
အမှန်ဘက် သူမရပ်။
နအဖက အလွန်ညံ့။
အမှန်ကတော့ တိုင်းပြည်မှာ..
ကြေမွကွဲကျေရှာ..
အမှိုက်ပုံးပေါ် သူခြေရပ်.
ပြောတော့..ဒေ၀ဒတ်။
ဒီအလုံးတွေ ရိုးလွန်းနေ။
စာပြန်ဖတ် ဦးလေ။
ပြည်သူ တွေကသဘောပေါက်။
စစ်တပ်က ဗုံးဖေါက်။
နအဖတွေ..သတိထားစေ..
ဒို့ ဗုံးတွေ လာနေ။
သန်း (၅၀) သောပြည်သူ့ ဗုံး
နောက်ဆုံး…မင်းသာရှုံး။
မသဒ္ဓါ (၁။ ၁၃။ ၂၀၀၈)
Monday, January 14, 2008
ဗုံး.. ဘုံးထားတဲ့ငွေ နဲ့ ခွဲတဲ့ဗုံး
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment