ကမ္ဘာဦးအစ လူဖြစ်စ
နေ့ အချိန်မှာ..နေမင်း
ညအချိန် ကြယ်နဲ့ လအဆင်း
အလင်းရောင် ရဲ့မူလ..
ကျေးဇူးတင်..ရှစ်ခိုးကြ။
ထင်ကြတယ်..
နေနတ်သား.လမင်းသမီးများ.
နတ်ဒေ၀တာ ရဲ့ တန်ခိုးပြာဋ္ဋိကာစွမ်းအား။
တစတစ..လူရည်လည်လာကြ
မိုးကြိုးပစ်ခြင်း။ တောမီးလောင်ခြင်း
သဘာဝအရင်းမြစ်မှ.ဖြစ်ရပ်
လေ့လာနှံ့ စပ်
ကျောက်တုံး နှစ်တုံးခတ်
မီးမွှေးတဲ့ပညာရပ်.
ကျွမ်းကျင်တတ်ခဲ့တယ်။
မီးစာလုပ်ရတဲ့ ထင်း။
တိရိစ္ဆာန် စွမ်းအင်သုံး ဆီကျိတ်ခြင်း။
ဆီမီးခွက်ညှိကာ မီးလင်း။
ပျားဖယောင်း၊ ကညင်ဆီ.ထင်းရူးဆီ။
တိရိစ္ဆာန်ဆီ။ ရေနံဆီ။
ဒါတွေဟာ.. အလင်းပေးမဲ့လောင်စာဆီ။
လေ၏ စွမ်းအင်။ ဒလက်ဆင်။
စွမ်းအင်ထောက်ပန့်  အသုံးဝင်။
ထင်းမီးသွေး နဲ့ ကျောက်မီးသွေး။
မီးကို မွှေး..ရေနွေးအိုး တည်။
ရေနွေးငွေ့ အင်ဂျင်.စက်၏ စွမ်းအင်။
ဂျိမ်းဝပ် တီထွင်ခဲ့တယ်။
အက်ဒီဆင် တီထွင်တဲ့ မီင်္းသီး။
ဘင့်ဂျမင် ဖရန်ကလင်း ထီထွင်တဲ့ ဘက်ထရီ။
ပြောင်းလဲ တိုးတက် နည်းပညာလှိုင်း
လူ့ သမိုင်း၏ မှတ်တိုင်
မှောင်နေသောကမ္ဘာမြေအတွက် အလင်း
သိပ္ပံပညာရဲ့ တိုးတက်ခြင်း ။
ရေနွေးငွေ စွမ်းအား၊ အင်ဂျင်များကိုလည်စေ။
ရေအလျှင်၏ စီးဆင်းအား၊..တာဘိုင်များကိုလည်စေ။
လောင်စာဆီရဲ့ စွမ်းပကား၊.ဂျင်နရေတာများကိုလည်စေ။
နေရောင်ခြည်ရဲ့စွမ်းအင်၊…ဘက်ထရီများကိုအားအင်ဖြည့်စေ။
အံမခန်း..လူသားရဲ့ စွမ်းရည်။
E=MC 2 အိုင်းစတိုင်း ရဲ့ သီအိုရီ။
ပရိုတွန်. နျူထရွန်များ.
RADIOACTIVE DECAY, FUSION နဲ့ FISSION
နျူကလီယားရဲ့ မဟာစွမ်းအင်.
ဟိုဘက်ကမ်းမှာ မီးထိန်ထိန်လင်း။
အမှောင်ကို ခွင်း ၊ ရွန်းလက်ဝင်း
လူ့ ဦးဏှောက်ရဲ့ အားသာခြင်း၊
၂၀၀ရ ရဲ့ဗမာ..
ကမ္ဘာ့ပညာရှင်တွေ ကိုအားကျ..
တီထွင်လိုက် မဟ။
အရင်းမစိုက်။ လှေထိုးလိုက်။
ကြက်ဆူတွေ စိုက်လိုက်ကြ။
ကျွဲနွား အသုံးချ။
၂ပေမီးချောင်း ကလေး အလင်းရအောင်
ရွှေဥာဏ်တော်စူး ကြောင်တောင်တောင်
မင်းတရားအလိုလိုက်..မငိးကြိုက်ဆောင်
ပညာမဲ့ မင်းပေးသနားမဲ့
တောင်စမုတ်က ငွေထုတ်တစ်ထောင်
ကမ္ဘာတလွှားရောက်
မြန်မာ အင်ဂျင်နီယာများ နားမှာ ကြား..
အသည်းများကွဲသွားပါ့မယ်။
ရုရှားရောက် နျူကလီယာပညာသင်၊ စစ်ဗိုလ်ငယ်များ
နှလုံးသွေး ရပ်သွားပါ့မယ်။
ဗမာ့တီထွင်ဥာဏ်၊ အပြောကျယ်ကျယ်။
ရှိတဲ့သဘာဝ ဓါတ်ငွေ့  ကို ရောင်းစား
ကျွဲ နွားသုံးကာ.မီး ထွန်းစေမယ် တဲ့။
ကျောက်ခေတ်လူတွေက ဟားတိုက်ရယ်။
နအဖ အစိုးရ..သူတို့ ရဲ့ COPY RIGHTS ကိုဝယ်.
ညအခါမှာ မီးလေးလင်းဖို့ အရေး
တပြည်လုံး အိမ်တိုင်း နွားမွေးရဘွယ်။
အိမ်တောင်ဦးစီးယောက်ျားများ၊ နွားစာ မြက်ရှာ ရွာလည်
သနားစရာ..ယောင်လည်လည်။
မင်းတရားကြီး တီထွင်ဥာဏ်ကြီးကျယ်
ကရော်.. ကရော်..သိပ်ရှက်ဖွယ်။
မသဒ္ဓါ (၁။၂။၂၀၀၈) နစ်နေမန်း ၏ post ကိုဖတ်ယူ ခံစားထားပါသည်။
Thursday, January 3, 2008
အမလေးဟဲ့ ..တယ်တော်ပါ့ ..ဒို့ များနအဖ။
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment