Thursday, January 17, 2008

ဒါ..ကြောက်စရာလား။ လာမယ်လေ..ကလဲ့စား


ကျော်ဆန်းက ရာဇသံဆင့်
နိုင်ငံတော် မီဒီယာသမားများ
မှန်ရာ မပြောကြလှင့်။
ပြည်ပမီဒီယာများ၊
ဝင်ခွင့် ဗီဇာမပေး
ဒီလာ အလုပ်မလုပ်ကြနှင့်။

အမျိုးသား အကျိုး စီးပွား..အဲလေ
( နအဖ ရဲ့ အကျိုး စီးပွား)
ထိခိုက်မဲ့ သတင်း၊ မှန်တဲ့ သတင်း
ရေးခြင်းဆို တင်းတင်းကျပ်ကျပ်
အရေးယူမယ် သာမှတ်။
ဦးဝင်းတင်သာ.သာဓက ယူအပ်။
ထောင်ထဲမှာ။ အသက်ရှုရပ်သွားမယ်။

နအဖ၏ မူဝါဒ၊ လိုက်နာကြ
ကွယ်ရာဆို ယားတောင်နားရွက်မကုတ်နဲ့ 
လမ်းပြမြေပုံ ၇ ချက်အကြောင်း
ကောင်းကောင်း မကောင်းကောင်း
ယောတောရှိ ကြောင်း၊ အဖား ကောင်းမှ။
စာပေစီစစ်ရေးက ကျမယ်။

အမှောင်ထဲ ဗမာပြည်၊
ပိုးထိုး လောက်ကိုက်ဘဲဖြစ်ဖြစ်။
စလောင်း ပိုင်သူ၊ ကြည့်စရိတ်တိုး
အင်တာနက်ဆိုရင်.
အထူးနှုန်းကလေးနဲ့  too.slow။
နစ်နေမန်း၊ ကိုထိုက်နဲ့ 
ဆုံဆည်းရာဘလော့တွေသာ တက်ကြည့်။
ဟင်း..ဟင်း..အကြောင်းသိသွားမယ်။
မသဒ္ဓါ ဆိုတဲ့ ကောင်မ..
သူကလည်း ဂျိုကြွနေ။
CID တွေ အမြဲလာလာ check
နေ့ စဉ်နဲ့ ရက်ဆက်။

ဖုန်းပြောသမျှ..ချောင်းခိုး နားထောင်။
သူတို့ ဘဲ..ပထွေးယောင်ယောင်။
တပြည်လုံး သူတို့ ဘဲ။
ကြွေးထားရသယောင်ယောင်.
ပါတီ အဖွဲ့ ဝင်မှန်သမျှ၊
ကြည့်မရပုဒ်မ နဲ့ သာဆွဲဟ။
လွတ်လပ်ရေးပွဲ လာတက်.
ချီးထုတ်နဲ့ သာပေါက် ဟ။
ခြုံပုတ်ထဲ ကင်းပုန်းဝပ်။
လောက်လေးနဲ့ သာ ဆော်ရဲပစေ။
ကျောက်ရောင်းငွေနဲ့  ပေးမဲ့
နိုင်ငံဂုဏ်ရည်ဆု
ပုပု၀၀. ဆူကြုံနိုမ့်မြင့်
ဂျပိုးတေလေ.. ဘယ်သူဘဲဖြစ်ဖြစ်။
ဂုဏ်ထူးဆောင်. ထောင်ထုတ်ချီးမြှင့်
ကောင်းသူမှန်သမျှ.. မျိုးသာဖြုတ်ရစ်။
ကိုရင်ငယ်တောင် မချန်ရစ်နဲ့ ။

တိုင်းပြည်ရဲ့ ရှေ့ ရှောက်လမ်း
အနာဂတ် မျိုးဆက်ပန်းတွေ.
မှောင်ရီသမ်း.
ဝေဒနာ ဒဏ်ရာသင့်
နိုးထကြလော့ ပြည်သူ။
တစတစနွမ်း..ပန်းကလေးတွေ။
ရာဇ်ပုဇော်ခံရ..ထောင်ဗူးဝထဲမှာ။
ဗမာမှန်သူ။ ဇာတိမာန်ကို ပြသကြ။
တိုင်းခြားလက် နိုင်ငံကျတာတောင်.
သာသနာ မပျက်။
လူယုတ်မာ ဗမာလက်ထက်
သာသနာဖျက် လည်း။
ဆက်လက်ရှင်သန်ရန်။
ဗမာမှန်ရင်..တာဝန်သိကြ
မင်းယုတ်ကိုဆွဲချကြစို့ ရဲ့။
ရယ်ဒီလာလေ..၀မ်း..တူး..သရီး။

မသဒ္ဓါ (၁။၁၆။၂၀၀၈)
http://www.irrawaddy.org/bur/news2008/January/jan_14d_08.html

No comments:

 
/* EOT ----------------------------------------- */