Wednesday, January 23, 2008

First lady (သို့ မဟုတ်) အဂ္ဂမဟေသီ မှန်ခဲ့ ရင်


ရွှေနန်းရှင်ဘုရင်ဆိုတာ
တိုင်းပြည်ရဲ့ အဖ
လူမျိုးနဲ့ နိုင်ငံရဲ့ စံပြ
ဥသျှောင်ခေါင်းဆောင်နဲ့ ထိုက်
ပြည်သူက နှစ်ခြိုက်
ရွေးကောက်မှ စစ်မှန်ရာ။
ပြည်သူချစ်သော မင်းမဟာ။

အဂ္ဂမဟေသီ မိဘုရား.
အမိများတို့ ရဲ့ ဂုဏ်
ကြင်နာသော ဂရုဏာနိမိတ်ပုံ
ပြည်သူနဲ့ တသားထည်း
စာနာထောက်ထား.ရင်ဝယ်သားသို့
သီလတရား။ မျှတမှုများ
မောင်ဘုရားနဲ့ တူတကွ.
တိုင်းပြည်ကို..အကျိုးပြုထား
ဒါမှသာ နန်းမတော်.
ပြည်သူ့ အသဲကျော်။

ရှေးခေတ် ကတည်းက
ဘုရင်ကို မလျှောက်ရဲရင်
မဘုရားဆီတင်လျှောက်
မြ၀တီဦးစ ဘေးမရောက်
လှိုင်ထိပ်ခေါင်တင် အသက်မပျောက်
ဦးဘိုးလှိုင် သေကံမရောက်
လျှမ်းလျှမ်းတောက် တဲ့ စင်္ကြာဒေ၀ီ။.
မိဘုရားဖွားစောတဲ့၊ ပုဂံရာဇ၀င်ဆီ
ရှိခဲ့ဘူးသည်။

မှုန်နံ့ သာဘဲ ချယ်သ
မျက်ခုံးမွှေးဆွဲ မိတ်ကပ်အထပ်ထပ်
နှုတ်ခမ်း ကြက်ဖင်နီမြမြ
တီဗွီထဲ အလှ လာလာပြ။
ခုခေတ်က ရွှေကတော်ကြီး
ဘာတွေများ ကောင်းကျိုးပြုပါသနည်း?။

ကျောင်းတက်ချိန်
ခလေးတွေ လမ်းပေါ်ရောက်
ပလပ်စတိတ် လိုက်ကောက်။
လက်ဖက်ရည်ဆိုင်။ စားပွဲထိုး ဘ၀ရောက်.
စစ်တပ်ပြန်ပေးဆွဲ။ ခလေးစစ်သားဘ၀ပျောက်
နိုင်ငံခြားရောင်းစားခံရ၊ လိင်ကျွန်ဘ၀ရောက်
သင့်မြေးတယောက် ကောင်းစားဖို့ ဘဲကြည့်
သန်း ၅၀ ကမွေးတဲ့ ခလေးတွေက စားစရာနတ္တိ
မသိဘူး လာမပြောနဲ့ ။
သင်ရာဇသွေးက ဆင်းလာတာမဟုတ်ခဲ့
ပြည်သူထဲက မွေးလာတဲ့သူ။
သူများမြင်..သင်လည်းမြင်နိုင်သူ။

မိန်းမများဘဝ
ယောက်ျားက စော်ကား
စစ်တပ် ကမုဒိန်းကျင့်သွား။
သင့်သမီးသာဆို..သင်ငြိမ်နေပါ့မလား..

ဗမာယောက်ျားသား
ကွန်ဒုံမသုံးကြ.
သုံးရကောင်းမှန်းမသိကြ။
ဆွေးနွေးဆော်သြ.ပညာမပေး.မသိရ။
တွေ့ ကရာမိန်းမတွေနဲ့ အိပ်
မိန်းမကောင်းတွေ ကူးစက်ပါလိမ့်
မိဘမဲ့ခလေးတွေ များပြားပါလိမ့်
သင် မတွေးဘူးလား.
သင်လည်းလေ မိန်းမတဦး
စာနာမှုလေး ထားလှဲ့ ပါဦး။

စားဝတ်နေရေး မပြေ
စိတ်ညစ်လေလေ
ဗမာယောက်ျားရဲ့ ထွက်ပေါက်
အရက်သောက်ဆူပူ
မိန်းမကို ညူစူ
ဒီလို အညှင်းခံ မိန်းမများ
သင် ကယ်မပေးတော့ဘူးလား။
ငါ့လင်ကတော့ ငါ့အပေါ်ကောင်း
သူ့ လင်မကောင်းတာ ငါ့အရေးမဟုတ်
ဒီလိုတော့
မျက်နှာလွှဲခဲပစ်မလုပ်ကောင်းပါဘူး

အမည်ရရုံဖွဲ့  မိခင်နဲ့ ခလေးအသင်း
တခါလာ ဖဲပြားဖြတ်။ အလှုငွေဘဲ တောင်းလက်ဖြန့် 
မဲပြာပုဆိုးနဲ့  အလှူငွေ.
သင့်ဧည့်ခံစရိတ်နဲ့ ကုန်နေ။

သာသနာရေး ဘာသာရေး
ရေစက်ချတာဘဲ ဟန်ပြပေး
သင့်လင် ဘုန်းကြီးတွေသတ်
သာသနာရေးဘက် သင်မရပ်
ရန်ပြေအောင် သင်မဖြေတတ်
အိပ်ရာကိစ္စတခုဘဲ လင်အာသာဖြေတတ်
ဒါ မိန်းမမြတ် မဟုတ်ဘူး။
နန်းမတော်မှန်ရင်..ဘက်စုံတတ်ရမယ်။
လင်မကောင်းရင်.ဖျောင်းဖျတတ်ရမယ်။
တရားမမျှရင်။ ပြည်သူဘက်ရပ်ရမယ်။
ငါလင့်လုပ်သမျှ မှန်တယ်ထင်။
သင် ဟာ နန်းမတော် မဟုတ်။
သူဖုန်းစားရဲ့ ကြင်ယာအဆင့်ဘဲရှိမယ်။
ပြန်စဉ်းစားတော့ သင့်သိက္ခာဆယ်။
တိုင်းပြည်ကို..နန်းမတော် မှန်ရင်
ကယ်နိုင်သေးပါတယ်။

မသဒ္ဓါ (၁။၂၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */