ပြည်ရွာစည်ပင်ရာ ၄ပါး
လယ်လုပ်သူ များပြား
ကုန်သွယ်သူများပြား
သီလရှိပညာရှိများပြားခြင်း
အကြားအမြင်သီလရှိ။ ရဟန်းက၀ိများပြားခြင်း
မှတ်သားခဲ့ဘူးတယ်..
စစ်သားများပြားစေရာ ဟုမပါရှိ
တပ်မတော်ကြီး အင်အားရှိစေရာ ဟုမပါရှိ
သစ္စာရှိရင်..ဖြောင့်မတ်တည်ကြည်
ငြိမ်းချမ်းလက်နက်.ချစ်ကြည်ရာ
ပြည်သာသည်။
ညောင်နှစ်ပင်က..
ကိုယ်မဲ ကိုယ်ချ ဥပဒေ
ဆိုတော့ အညွန့်သား
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ တဲ့
နိုင်ငံတော်သမ္မတ ဆိုရာမှာ
စစ်ရေး အတွေ့အကြုံရှိသူကိုသာ ရွေးချယ်ရာ။
ကာကွယ်ရေး ဦးစီးချုပ်ကရွေးပေး၊
အမတ်နေရာ..စစ်သား ၂၅% ပါဝင်ရေး.
အမလေး..
ဒီမှာလည်းလည်း.ကြိတ်။ ဟိုမှာကြိတ်
စားစရာမှန်သမျှ ကိုယ်အိပ်ထဲ ကိုယ်ဖိတ်
ရှက်စိတ်တွေ..ဘာမရှိ.
နအဖဆိုတာ.လှီးဖို့ ဘဲသိ။
မယုံမရှိနဲ့ ကိုယ်လူ
ဒီအချိုးနဲ့ သွား..
နောက်လူစား ဖို့ တောင်မရှိ.
ကမ္ဘာ၏ အောက်အကျဆုံးနိုင်ငံထဲ
မြန်မာ ပြိုင်ဖက်မရှိ ဗိုလ်စွဲ..
စစ်တပ် ဆွဲဖြဲသွားလို့ 
ဒို့ ဗမာပြည်မွဲခဲ့ပြီ။
မသဒ္ဓါ (၁။၂၆။၂၀၀၈)
Sunday, January 27, 2008
တိုင်းပြည်တိုးတက် စည်ပင်စေရာ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment