Sunday, January 13, 2008

အကန်းက မော့တော့တော့၊ ကျောကော့နေတာက ဒို့ တိုင်းပြည်


ရှေးသရောခါ ၊ ရွှေဗမာဝယ်
အကြံ နည်းပါး၊ ဦးဏှောက် ပါးလျှား။
ခြောက်ပါးသောဝန်၊ မျက်မမြင်များ၊
ဘုရင် ကိုဖား၊. အောက်လူ အားဖိ
နေထိုင်ကြ လေ၏။

မွေးဖွားကတည်း။ အလင်းမရှိ
အနံ့ သာသိ။ ထိတွေ ကိုင့်ကြည့် ။
အဆင်းမသိ၊ အချင်း မရှိ။
စက္ခု နတ္ထိ၊ မဲမှောင်သည့် ကမ္ဘာ။
အလင်းဆိုတာ..
ဘယ်သို့ သောအရာ သူတို့မသိရှာ။

တနေသောခါ. ဆင်အော်သံကြား.
ဘာကောင်များလဲ၊၊ စူးစမ်း လိုခိုက်၊
ခေါ်လိုက် ညီလေး.၊
ဆင် ဆိုသောအရာ။
ဘယ်လို..ဘယ်ပုံဘယ်ဝါ။
ဥာဏ်ကျယ်ထင်တဲ့၊ ၀န်ခြောက်ပါး။
ပုံခိုင်း နှိုင်းဖော်စေရာ။

အကြီးဆုံး သန်းရွှေ။ မရဲတရဲ ရှေ့ တိုး.
နံဘေးကိုစမ်း၊ ကြောက်ခမန်းထအော်
“ အား..ဆင်ဆိုတာ.
ခိုင်ခိုင်မာမာ ကျောက်နံရံကြီးပါတဲ့။”


ဒုတိယ မောင်အေး.ခပ်ဖြေးဖြေးလေး။
အစွယ်စမ်းမိ၊ လုံးမွတ်ချွန်ထက်။
လှံချွန်မြက်လို။
“ အော် ဆင် ဆိုတာ
ထိပ်က ချွန်နေတာကို။”


တတိယ ရွှေမန်း။ ယောင်အအ
ကြောင်တောင်ကန်း။ စမ်းမိတာက နှာမောင်း
သွယ်ပြောင်း ရှည်လျှား၊ ရှူးရှူးရှားရှား
“ အား ပါး ပါး ..ဆင်ဆိုတာ..မြွေကြီး ပါ လား.”.

သိန်းစိန်က။ လေးယောက်မြောက်
ဆင်ဝမ်းအောက်၊ ဒူးထောက်မှောက်
ခြေတောက်ကြီင်္းကိုစမ်းမိ
“ ဆင်ဆိုတာ၊ တိုတုတ်သည့်
အိမ် တိုင်ငုတ် အသွင်ရှိ။”


ငါးယောက်မြောက်က ဥာဏ်ဝင်း။
ဆင်ဦးကင်းက နားရွက်.
ခပ်သွက်သွက်၊ တဖြတ်ဖြတ်..
လှုပ်ခတ်နေတဲ့ အရာ
“ ဆင်ဆိုတာ..လှုပ်စိလှုပ်စိ.
ခတ်နေတဲ့ ထန်းယပ်တောင်ရွက် အတိ” ။


အငယ်ဆုံး ညီပုလေးကျော်ဆန်း။။
အမြီးဘဲ စမ်းမိတဲ့နေရာ။
“ ဆင်ဆိုသည်မှာ..ခပ်ဖွာဖွာ.
အီးအီးစော်နံ နေတဲ့ .ကြိုးလေးတချောင်း။
ကျနော်တွေ့ တာကမှ မှန်ကန်ကြောင်းတဲ့။”


အားလုံးငြင်းခုန်..
သူတို့ မျက်မမြင်ပေတဲ့
ထိတွေ့စမ်းခဲ့တဲ့
ဆင် ရဲ့ အကြောင်း
မာမာကျောကျော ထရံလိုလို။
အသွားချွန်မြ၊ လှံတန်လိုလို။
ချောချောသွယ်သွယ်။ မြွေနှယ်နှယ်။
တောင့်တင်းခိုင်ရ၊ ကျွန်းတိုင်လိုလိုရယ်။
အသွားတဖြတ်ဖြတ်..ထန်းပလက်ယပ်နှယ်။
ကျစ်လစ်လွန်ရစ်။ လွန်းကြိုးရစ်နှယ်။

ကိုယ့်အထိ ဘဲ ကိုယ်မှန်။
အငြင်းသန်သန်။
ဘူးက ခံခံ။ ပေါက်တဲ့နဖူးမထူး
မမြင်သူ အချင်းချင်း။
အောက်ကျက လည်းမခံ။
မသိတာလည်း ၀န်မခံ
ဆင်ဆိုတာ ဘယ်လို..ဘယ်ဝါစ
အပြန်အလှန် ခွန်းစ၊
ညင်းကောင်းချင်တိုင်းညင်းကျ။။
မဟုတ်တဲ့ idea တွေ စ.စ
စမ်းသတ်နေကြတာကြာပေါ့.

ဒီမျက်မမြင် ပုဏ္ဏားများ
လေကထွားထွား
ဗမာပြည်မှာ လက်နက်ပြ ကောင်းစား
နိုင်ငံတကာမြင်တော့..သူတောင်းစား
လွတ်လပ်ရေးရပြီးအနှစ် ၆၀
တိုင်းပြည်စုတ်ပြတ် အခွံဘဲကျန်တယ်.။

မသဒ္ဓါ (၁။၁၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */