(မင်းကြီး)……မင်္ဂလာနံနက်ခင်း
မျက်စိဖွင့်စ။ နန်းရင်ပြင်က
ရုတ်ရုတ်သည်းသည်း.၊ ဘာသံတွေလည်း၊
ငါကိုယ်တော်အသဲထိတ်။
ဘာအချင်းပေလိမ့်။
လျှောက်တင်စမ်းမောင်မင်း။
(မင်းချင်း) .. မှန်ပါ့မင်းကြီး၊
နန်းရင်ပြင်ဟစ်တိုင်အနီး
ကြီးမားသောနွားလားဥဿဖ
ဂျိုကြွ စောင်းစောင်း။
ဘွတ်အဲအော်နေကြောင်းပါ။
(မင်းကြီး)……တယ်..
လာပြန်ပလား၊ ငါဘုရင်လုပ်စား။
မတန်ရာမတန်ရာ.စားနေဆဲ.
ပြည်သူတွေကို ကုသိုလ်ဖြစ်စေ.
လုပ်အားပေးခိုင်း။ ကျုပ်မိုက်ရိုင်းသတဲ့
ILO ကိုတိုင်လိုက်၊
အအားမနေ။ ၈၈ ကျောင်းသားတွေ။
ကားမစီးချင်၊ လမ်းပေါ်လျှောက်ခိုက်။
ဘုန်းကြီးတွေက၊ ကျုပ်ဆွမ်းမစား
သပိတ်မှောက်လိုက်။
ကြုံတုန်းကြုံခိုက်
နည်းနည်းကလေး၊ ဆုံးမထိုက်လို့ ။
လူမိုက်မွေးပြီး၊ တုတ်စာကြွေးခိုက်။
တကမ္ဘာလုံး၊ တံတွေးနဲ့ထွေးလိုက်ကြတာ..
မိန်းမအပေါင်း၊ ဘောင်းဘောင်းတွေပို့ လိုက်တာ.
ကျုပ်ဓါတ်ပုံလှလှ မီးရှို့ ကြသတဲ့.
ရပ်ဝေးဗမာများ၊ ကျုပ်ကိုအားပေးကြသတဲ့၊
ဆဲစာကဗျာများ၊ ရေးကြသတဲ့။
ကိုယ်တော် ကောင်းကောင်းနေရက်.
ဒီတခါလည်း. နွားက လာနှောက်ယှက်.
ကဲ..ခေါ်လာ..ရှေ့ တော်ခစား.
အမှုသွားလာ သိစေရာဗျား.၊
(နွားမင်း)……မှန်ပါမင်းကြီး၊
ဘိုးစဉ်ဘောင်ဆက်၊ နွားမှန်ရင်
လူတွေရဲ့ကျေးဇူးရှင်
ရွံ့ ထဲရုန်းကန်၊ အားကျိုးမာန်တက်
လယ်ယာထွန်ယက်၊ ပြည်သူ့ တွက်။
အသက်တောင်ပေးထားတာ.။
အသက်ကြီးရင်။ ဘေးမဲ့ပေး.
အငြိမ်းစားလေးတော့ယူချင်တယ်။
မင်းကြီးလက်ထက်၊ တိုင်းပြည်ကပျက်။
မအောင်မြင်တဲ့။ စီမံချက်.
စက်မှူလယ်ယာက ထွန်စက်ပျက်။
လောင်စာဆီနဲ့ ၊ မန်နေဂျာဘော်ချက်။
တိုးတက်ခေတ်ထဲ၊ နွားဘဲဆက်လက်။
လယ်ထဲထွန်ယက်နေ၊
ကျူပ်အဘေးလည်း၊ဒီအလုပ်လုပ်လုပ်
ကျူပ်အဖိုးလည်း၊ဒီအလုပ်လုပ်လုပ်
ကျူပ်အဖေလည်း၊ဒီအလုပ်လုပ်လုပ်
ကျူပ်ခေတ်များ တိုးတက်မလား.
တက်နွားများ။ စိတ်ကူးယဉ်ထား။
ခေတ်များပြောင်းမလားလို့ ။
ကမ္ဘာ့တလွား၊ စက်အားကိုသုံး။
ကျွဲနွားအားမသုံး။
ဗမာပြည်နေ ကျုပ်တို့ နွားဖြစ်ရှူံး
စပါးနဲ့ ငါး၊ နွေစပါး၊
ရေနက်စပါး၊ အ၀ီစိရေသွင်းလယ်ယာ။
အနေကြာစေမဲ့..နေကြာ.
မပြောင်းချင်လို့ တဲ့ ပြောင်းဖူး။
တသက်မပူချင်လို့ ကြက်ဆူစိုက်.။
ဗေဒင်ဆရာခိုင်းတိုင်း.မင်းးကြီးယောယိမ်းလိုက်
တကယ်ပင်ပန်းလိုက်တာက ဒီနွားတွေ.
သေတောင် ဘေးမဲ့မပေးကြ။
စားစရာမဲ့ နွားအိုသားသတ်စားကြ.
စစ်သားတွေရဲ့ အမြည်း..
အမဲခြောက်ဖုတ်ပြီး.
လှည်းဆွဲလည်းနွား။ တောတက်လည်းနွား၊
ဆီပွတ်လည်းနွား၊သစ်ဆွဲလည်းနွား.
စပါးလှေ့ လည်းနွား။ သေခါနီးလည်းသတ်စား
နောက်ဆုံးပေါ်ရောဂါ.
နွားအားသုံး..မီးထွန်းဦးမယ်တဲ့ဗျာ။
နေ့ လည်းမအား၊ညမနားကြ.
ခွေးထက်ဆိုးရ.ကျုပ်တို့ နွားလားဥဿဖ၊
သတ်ချင်သတ်။ ပစ်ချင်ပစ်။
နွားမျိုးဖြုတ်ချင်၊ လည်းဖြုတ်.
ကျုပ်နွားအရေး.ဟစ်တိုင်တက်
ဘွတ်အဲ..ဘွတ်အဲ
ဆန္ဒုပြရဲတယ်။ မင်းကိုတိရိစ္ဆာန်တောင်မချစ်
ယုတ်မာတဲ့ မင်းညစ်။
(မင်းကြီး)… အောင်မာ..တယ်လာတဲ့ဒီနွား.
အချုပ်ထဲတည့်ထား..
မနက်ဖြန်..အမဲသားဟင်းနဲ့ တမင်းစားမယ်။
နွားမကြောက်. လူမကြောက်.
ကျောင်းသားမကြောက်. သူပုန်မကြောက်.
ဘုန်းကြီးမကြောက်. ဘုရားမကြောက်.
ငရဲ မကြောက်. သံသရာ မကြောက်.
ဘုန်းကြီးခေါင်းခေါက်တဲ့ ငတေ.
မေ့မေ့မူးမူး ။ ဘုန်းကြီးရုးနဲ့ လှေလူး..
ဘယ်သူပြောပြော.ကျုပ်အာဏာရူး
ရှက်ဖူးဗျို့  ရှက်ဖူး။
မသဒ္ဓါ (၁။၈။၂၀၀၈)
Tuesday, January 8, 2008
နွားတရား စီရင်ခဏ်း
Subscribe to:
Post Comments (Atom)
1 comment:
Dear Ma Thadar
Another funny poem ! I am quite certain that our head of the state and all other authorities are quite able to communicate with the cows.
Why ?
Because they speak the same language !
Your Sis
Naychiu
Post a Comment