ကျမတို့ ငယ်ငယ်ကဗမာ
မူလတန်းခလေး..မုံ့ ဖိုးတမတ်ဘဲပေး
မုန့် ဟင်းခါး အကြော်ပါ ၁၅ ပြား။
ကျောက်ကျော။ သံပုရာ ရည် ၁၀ ပြား
ဗိုက် ကြီး လည်း ဖောင်းကား
အစာရှိမှ စာသင်ရမှာ။
ကြံ့ခိုင်ကျန်းမာ ပညာရှာ။
ကျောင်းတက်ချိန်
ဖွံ့ ဖြိုးရေး။ အချုပ်အလုပ်
အိမ်တွင်းမှု အချက်အပြုတ်။
ကြံ့ခိုင်ရေး နဲ့ ပီတီ။
ကျွဲပေါက်များအလား သန်မာသည်။
စာပဒေသာ ရှာမှီး
ကျောင်းစာကြည့်တိုက်ကြီး
သိပ္ပံ ပညာ လေ့လာရေး
လက်တွေ့ ခန်း နဲ့ ဓါတ်ခွဲခန်း
၉ တန်း မှာ ဖား စခွဲ
မသဒ္ဓါ ကြောက်ရွံ့ မရဲတရဲ
ဖားကလေးက နှလုံးလေး ခုန်နေဆဲ။
ကျန်စစ်သား။ ဘုရင့်နောင်
အလောင်းဘုရားနဲ့ ဗန္ဓုလ.
ကျောင်း အသင်းများ ပြိုင်ဆိုင်ကြ
လာဘ်စားအောင်တာ ထုံးစံမရှိ
ဝန်ကြီးသမီး စာမကျက်က၊ စာမေးပွဲကျ၏
တော်သူ ပဲပြုတ်သည်သမီး
ဆုများများရ၏။
တရားမျှတ တဲ့ ဆရာသမား
အခုမှ ပိုလေးစား။
ဦးတင်ထားတဲ့ သမားဂုဏ်
ပင်စင်ကလေးနဲ့ ဆင်းရဲနေကြပုံ။
ငယ်ဆရာမ..
ရိုးသားတတ်အောင်သင်ပြ
ကြိုးစားတတ်အောင်သင်ပြ
မျောက်ရှုံးဆော့ တဲ့ မသဒ္ဓါ
လက်ဖ၀ါးမှာ ခုထိ အရှိုးရာရှိ
တော်ရင် ချီးမွန်း။ မတော်ရင်နှိပ်ကွပ်
အိုးကောင်းလိုချင် နာနာပုတ်
ခုလေ ဆရာလက်ထွက်
အိုးကောင်းတစ်လုံး၊ ကျောက်ကောင်းတစ်စေ့
ကျမ ဘယ်နေရာရောက်စေ
ဒေါင်ကျကျ ပြားကျကျ
မျက်နှာ မငယ်ရ။
ခုခေတ် ဆရာမများ
မသဒ္ဓါရဲ့ ငယ်သူငယ်ချင်းများ
ကျောင်းအုပ်မကြီး၊ ဌာနမှုး။
ရာထူး မှာယစ်မူး
ပုဝါကလေး ချ။ ကြံ့ဖွတ်ထဲ ချီတက်ပြ။
လက်ချည်း ပလာ.အိမ်မလာနဲ့ 
ပါတိတ်မပါ။ မျက်နှာမသာယာနဲ့ 
ယောင်္ကျားသာစစ်ဗိုလ်. ရာထူးလိုရာရခဲ့
ဒီခေတ် ဆရာမတို့ ဂုဏ်
ရွှေငွေသာမပါ. တော်တဲ့ခလေး ဘိတ်ချေးမှာ
ရေသာလာ..ကျူရှင်မှာ သင်မှာပေါ့
ပါမဲ့ မေးခွန်း..ငွေပေးဝယ်နော့။
အိမ်စုတ်ကလေးတလုံး
တခေါင်းလုံးဖြူနေတဲ့ ဆံထုံး
ဝေသီမွဲတဲ့ မျက်လုံး
အိုမင်းနေတဲ့ ဆရာမကြီး
အင်္ကျီ င်္ခပ် နွမ်းနွမ်း.။ ပူပုံပန်း
ချစ်တပည့်ရဲ့ မျက်နှာကို တစမ်းစမ်း
ကျလာတဲ့ ၀မ်းသာမျက်ရည်များ
တပည့်လာကန်တော့တဲ့ ငွေစက္ကူအနွမ်းများ
တုန်တုန်ယင်ယင် သာဓုခေါ်ခဲ့ 
" ဘုန်းကြီးပါစေ။ သက်ရှည်ပါစေ၊
ဘေးမသီရန်မခ. ရေထိပန်းလို လန်းဆန်းပါစေ။"
ရှိသမျှ ရသမျှ ဆု တွေကို ဆို
အမေအို ဆရာမရဲ့
သူ့ ဥယျာဉ် ကပွင့်တဲ့ လန်းဆန်းတဲ့ ပန်းကို
ရွှင်ပီတိ မျက်နှာ အိုအို..
မသဒ္ဓါ မျက်ရည်တို့ လည်းပြို။
မသဒ္ဓါ (၁။၂၅။၂၀၀၈) လက်ဦးဆရာမများသို့  ဂါရ၀တရားများစွာဖြင့်
Saturday, January 26, 2008
ဆရာကောင်း၏ ဂုဏ်ကျက်သရေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment