ရှုံချည်နှပ်ချည် အမျိုးမျိုးလုပ်
နအဖ သွေးတိုးစမ်းနေသည်။
အခွန်အတုတ်အမျိုးမျိုးကောက်
လောင်စာဆီဈေး.တောင်ထိပ်ရောက်
ကားခဈေးကြီး လမ်းဆင်းလျှောက်
မီးမလာရေရှား..စိတ်ကနောက်
စလောင်းခွန်တွေ မိုးပေါ်မြှောက်
ပိုင်ရှင်တွေ ဒေါသပွား..
ခုဘဲ.. ဖြုတ်ရမလား
ခုဘဲ.ပြန်တတ်ရမလား။
ချီတုံချတုံ..သောကများ။
အစစ အရာရာရှားပါး
ချဉ်သီးနဲ့ ဆားအတူတူထား
ဆားလည်းပျော်သွား
ချဉ်သီးလည်း ရှုံတွပျက်
စာရွက်ရှိသမျှ၊ ခပ်ပေါပေါ ပုံနှိပ်သော
ဘုန်းဘလောအော ငွေစက္ကူသား
တနေ့ တခြား လေဖေါင်းလာတဲ့ မိုးပျံဘူဘောင်း
ငွေကြေးများ ဖေါင်းပွကောင်းကောင်း။
ခြသေ့င်္များ..ဈေးကျ၊ ဒေါ်လာသာ.ခိုင်မာလှ
ဈေးတခါဝယ်..ထောင်တန်တအုပ်
အိမ်ထောင်ရှင်မိန်းမများ၊
မျက်ခုံးခပ် လှုပ်လှုပ်။
ဈေးခြင်းတောင်းစုတ် ထဲရှာကြည့်၊
ဘဲဥ နဲ့ ဟင်းသီးဟင်းရွက်ဘဲရှိ၊
အစာကောင်းစားချင် ဓါတ်ပုံသာငေးကြည့်။
သွားရည်ကျ အရသာရှိ။
စားပွဲပေါ်ကြည့် ကန်ဇွန်းရွက်ရေလုံပြုတ်ဘဲရှိတယ်
ငါးပိရည်တောင်..အရည်ကြဲကြဲရယ်။
ဒီလို အဟာရမှမရှိရင်..
ဘယ်လို ခလေးတွေ ဖွံ့ ထွားမလည်း။
စားဝတ်နေရေးဘဲလုံးပမ်း.
ခလေးတွေ ဘယ်လိုမွေးလို့ ရမလည်း။
လင်မယားနှစ်ယောက် ကြက်လိုရုန်းကန်.
ခလေးတွေ ဘယ်လို ပြုစုပျိုးထောင်မလည်း။
အစာအဟာရ မမျှတ
ဗမာ ဘ၀..တဖြေးဖြေးပုကွ
လူစဉ်တောင် မမှီကြ
ဂျပန်ကို ငပု နှိမ်ခဲ့ တဲ့ ရွှေ ဗမာ
အခု ဂျပန်ကို မော့ကြည့်နေရပါရော့။
အာရောဂျံ ပရမံလာဘံ
ငွေမရှိက..ဘာလာဘ်မှ မကျန်။
ကျမငယ်ငယ်.အဖေ့ရဲ့လခ.
မိသားစု ၉ ယောက် ၀၀စားလို့ ရ
ခလေးထိန်း အိမ်ဖော်မနဲ့ 
ဘိုးဘွားပိုင်အိမ်..စီးစရာကားနဲ့ 
ရွှေငွေ တွဲလွဲ.
အမေ့ခါး လည်းလှတယ်။
အဖေကသင်ပေးခဲ့
ရိုးသားကြိုးစားသမီး
" ပညာကြီးရင် တသက်မဆင်းရဲ" ဆိုလို့ 
ဖတ်လိုက်ရတဲ့ စာ။ တွက်လိုက်ရတဲ့ ကဏန်းသင်္ချာ
ခလေးဘ၀မှာ ကစားရမဲ့အချိန်တောင်မရှိ။
စာဂျပိုး.စာဘဲကြည့်
နှစ် (၃၀) ကျော် နောက်ပြန်ကြည့်မိတဲ့ အခါ
ပညာတတ်ဘွဲ့ ရ၊
နံမည်နောက်က အမြီးဘဲရတယ်။
အရာရှိမ ဖြစ်လာသော်ငြား.
မစားတတ်၊ မ၀ါးတတ်က
ဝမ်းဝ ခါးလှရေး မလွယ်။
ပညာတတ် လင်မယား
ခိုးမစားတတ် ရိုးသားတတ်အောင်
ကေသရာဇာ.. မြက်မစားတတ်အောင်
အဖေက သင်ပေးခဲ့တဲ့ အခါ
မိုးခါးရေလည်း သမီးမသောက်တတ်၊
ကြာကြာလေ.ပိုပိုငတ်။
ဘတ်ဂျက်ပြတ်နေ။
အမှန်တရားဘက်ရပ်။
လူဆင်းရဲတွေအပေါ်စာနာတတ်
အားနည်းသူ အပေါ် ကြင်နာတတ်
မင်းလိုလိုက် ဖော်လံဖါး မပြောတတ်တဲ့ အခါ
ရှာထားတဲ့ပညာတွေ မှိုတက်.
တနေ့ စာ တနေ့ ကြက်လိုယက်
နွားလိုရုန်းကန်ရင်း နဖုးကချွေး ခြေမသက်
ရှာစားရ သမာအာဇီဝသမားက ဘ၀ပျက်
လျှာမှာ မြက်ပေါက်လျှက်
ပညာရှင်ဘ၀ မြေသက်ခဲ့တယ်.
လူယုတ်မာတွေ ရဲ့ ကြိုးဝိုင်းအလည်။
မသဒ္ဓါ ( ၁။၂၁။၂၀၀၈)
Monday, January 21, 2008
ကေသရာဇာတို့ ၏ ဂုဏ်ရည်.( ပညာရှင်များ၏ ဒုက္ခ)
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment