Monday, January 21, 2008

ပြည်သူ့ ကျိန်စာ စူးအံ့ရာ၏။


ဟယ်..မင်းအိုမင်းညစ်။ အာဏာချစ်သူ
ငါတို့ ချစ်ခင်၊ ခင်ပွန်းလင်သား
အသင်ရက်စက်။ ရိုက်နှက်သေကြေ
ဇီဝိန်ချွေသည်။
ဘာကြောင့်လုပ်ရက်ပါ၏လော။

သင်၏လက်ချက်။ သင့်စနက်သည်။
လင့်မဲ့ မယား။ အဖမဲ့ သား.
ပြည်သူအများ၊ ခံစား နာကြင်။
ပူဆွေး ငင်ခဲ့ ၊ ၊ဘ၀ပျက်စေ။
မှုန်းချေသမှု။ သင်ပြုသမျှ၊
မျက်ဒေါသသည်။
အရိပ်ပမာ။ သင့် နောက်ပါလိုက်
သင်၏မယား၊ သင်၏ သားသည်။
တူသောအကျိုး၊ ပေးစေသောဝ်။

ဆာလောင်နာကြင်။ ဘ၀နဲ့ ယှဉ်
ရင်၌ ခံစား.၊ မှန်တရားကို
ဟစ်အော် ကြွေးသူ၊ ရဟန်းရှင်လူအား။
ချစ်သူ ကွေကွင်း၊ နှောင်တဲခြင်း။
ညှင်းပန်း နှိပ်စက်။ သတ်ဖြတ်လျှက်။
ရတနာ သုံးပါး၊ ဦးထိပ်ထားသော
မြတ်သာသနာ။ ထွဋ္ဋ်ခေါင်ခြာလည်း
သင့်ကြောင့် ညစ်နွမ်း၊ နေထိပန်းလို
ရွန်းမစိုသည်။ သင်၏ကြမ္မာ
ကောင်းဆိုးရာသည်။ သင့်ကံသုံးပါး
လုပ်ရပ်များဖြင့်. တပ်တူထပ်မျှ
အကျိုး ညီတူ ဖြစ်စေသောဝ်။

မင်းမဲ့စရိုက်၊ အမှောင်တိုက်တွင်၊
ရိုက်နှက်ပုတ်နေ၊ စိတ်ဝေဒနာ၊
သေရာ ပါအောင်။ ကြိုးလုပ်ဆောင်သည့်၊
သင့် ဂလဲ့စား၊ မောဟ များသည်။
သင်၏ ဘ၀င်။ စိတ်နှလုံးတွင်၊
ပုံရိပ် ထင်ထား. ညများချောက်လှန့် ၊
နိုး ထိတ်လန့် မိ၊ ဆန့် မချိအောင်။
နာကြင် စေသား၊ သင့်နှလုံးသားကို။
ကြောက်ရွံ့ ဆင်းရဲပူပန်စေ။

စွန်းထင်း သွေးနီ၊ သင့်နံမည်သည်
ပုပ်ညှီ နံ့ ဆင်း။ ဆိုးသတင်းဖြင့်
ဆွေခုနှစ်လီ်။ မျိုးခုနှစ်ဆက်
နံမည်ပျက်စေ။ ခိုးဝှက်ဿပြာ
မင်းဘဏ္ဍာသည်။ ရန်သူငါးပါး
နှိပ်စက်အားဖြင့်၊
တူသောမျက်ရည် ကျစေသောဝ်။

သင်သတ်ထားသူ။ များစွာလူ၏
ဝိညာဉ် များသည်။ သင်၏ အပါး
ထပ်ချပ် နားနေ၊ ခြောက်လှန့်ပေအံ့။
အိပ်ကောင်း စားခြင်း။ ပျောက်ရှင်းမလှ
သန်းခေါင်ညဆီ။ ခွေးအူမြည်သား။
ကျီးပြိုလန့် ခြင်း၊ ဌက်ဆိုး ဠင်းတ
အိမ်ခေါင် နားစေ.။ ပျားစွဲအိမ်မှာ
မသာယာသည်။
သင်၏ ကံကုန် မှေးတော့မည်။

အလောင်းဘုရား။ မင်းတရားမှ
မည်သမုတ်တွင်၊ " ရန်ကုန်စင်"ဟု
နှစ်ပေါင်းရှည်ကြာ။ မြို့ ရွှေရွာမှ
မိုက်မဲကြီးမား။ သတ္တိရှားနည်း
တောကြီးရိပ်ညို. ပုန်းရိပ်ခိုလည်း
မျိုးနွယ်ငတ်ပြတ်။ မင်းဆက်ဖြတ်မည့်၊
ကြပ်ပြေးရပ်ခွင်၊ တစပြင်သည်.
သင်၏သုဿာန်ဖြစ်တော့တကား။

မသဒ္ဓါ ( ၁။၂၀။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */