Wednesday, January 30, 2008

ဘာမှမကြောက်နဲ့ ..အမေရှိတယ်။


ညပိန်း မှောင်မဲ.လရောင် နည်းပါး
မိုးသည်း ရွာချ။ လျှပ်ပြက်စတွေ
လေထန် ပြူတင်း။ ခန်းစီး ကခုန်
ညမုတ်သုန်။

စိုရွဲ မိုးရေ။ ငိုနေ မျက်ဝန်း။
ညှိုးငယ် လွန်းနေ။ သမီးလေးရေ။
မိုးတွေ မှောင်မဲ။ ကြောက်ဘဲ နေမလား.
ချမ်းစိမ့် အေးမှောင်။ သံချိုင့်လှောင်ထဲ
တယောက်ထည်း.။

မကြောက်နဲ့ သမီး။
အမှန်တရားနဲ့ ကြီးပျင်း
သစ္စာ ရှိခြင်း ။
တည်ကြည်ရဲရင့်
တရား သဖြင့်၊ တော်လှန်ခြင်း။
ရာဇ၀င်တွေထဲ
သွေးမနည်းတဲ့ ခေါင်းဆောင်တွေ
သတ္တိ ရှိတဲ့ တော်လှန်ရေးသားကောင်းတွေ။
ဒီလို ပေါ်တွန်းစေဖို့ 
ကျွေးမွေး သုတ်သင်တဲ့ အမေလို
အမေလေ သမီးနောက်မှာအမြဲ
ခိုင်သောနှလုံးသားနဲ့ သမီးလေး ယုံ။

စိတ် သံမဏ္ဍိ။ ခိုင်မြဲ အတိ။
ယုံကြည်ရာလမ်း။ မလျှော့တမ်းပင်
အသက် (၁၆) ငယ်ပျိုမျစ်လည်း.
ခွပ်ဒေါင်း ပီပီ။ ရဲသွေးနီသည်။
မသေ မချင်း။ ခွပ်လိုက်မဲ့ အိုးဝေ။
မတရားတာဆို။ လက်ပိုက် မကြည့်
ရဲရင့် ကာကွယ်။ ကျောင်းသူငယ်တို့ 
၂၀၀ရ က. စက်တင်ဘာလ.
ရွှေဝါရောင်ဆင်း။တော်လှန်ခြင်း။

မေ့ အိမ်ပြန်လမ်း.။ ပမ်းလျှ အိုမြစ်
စိုညစ် သွေးစွန်း။မျက်ဝန်း မျက်ရည်။
တောက်ခေါက် အံကျိတ် ။ ဒေါမာန် စိတ်သည်။
“သေသည်တိုင်တောင်..ကျမ မကြေ၊ အမေ”

သူတယောက်ထည်း၊ အမှောင်ထဲမှာ
ဆီမီး ပူဇော်၊ ကိုးကော်ရော်သည်.
ပျံလွန် သံဃာ။ ကျဆုံး ရဲဘက်။
ကောင်းရာဘုံသို့ လားကြစေ။

ထိုစဉ် ၌ကြား.တံခါးခေါက်သံများ။
မိုးကြိုးသွား လို၊ အော်ဟစ် ငေါက်ငမ်း ။
“ ဟေ့ ဟေ့ တံခါးဖွင့်ကြစမ်း”..
ခပ်ကြမ်း တမ်းတမ်း၊

ဆတ်ကနဲ သူ ထ.
မီးစ မျက်ဝန်း။ စေ့ထား နှုတ်လွှာ။
အံတင်းတင်းကျိတ်။
ပြတ်သား ရိပ်ဖြင့်
“လာခေါ်ပြီအမေ. သမီးသွားမယ်
နှုတ်ဆက်တယ်။”
(၁၆) နှစ် သမီး။ ခေတ်ပျက် မှာကြီး
သခင်မဟုတ်ရတဲ့.စစ်ကျွန်ပေါက်စ။
ဆန္ဒပြလို့ တဲ့ ထောင်ချ။
အသက်တောင်မပြည့်သေး
တော်လှန်ရေးအတွက် သူ စတေးခဲ့ပြီ။
ခွပ်ဒေါင်းပျိုအတွက်..မွေးမေ ဂုဏ်ယူသည်။

မသဒ္ဓါ ( ၁။၂၉။၂၀၀၈)
အမေသက်တမ်းရောက် မသဒ္ဓါ၏ သွေးမငယ်သော သူငယ်ချင်းမများနှင့် အာဇာနည် သမီးများအတွက်

No comments:

 
/* EOT ----------------------------------------- */