Wednesday, January 23, 2008

တကိုယ်လုံးမပုပ်ခင်. ပုပ်တဲ့ လက်ချောင်းကိုဖြတ်


ဒါ..ကိစ္စမရှိဘူးလား။
ခဏလေး အချိန်ပေးတွေးကြည့်စမ်း.သူငယ်ချင်း။

သစ်တောပြုန်းကာ၊ မိုးမမှန်ပါ။
မြေဆီပျက်သုန်း။ရေလွှမ်းဖုံး။

ရာသီမမှန်. မျိုးမသန်
အထွက်နှုန်းကျ။ မျိုးမရ။

ရာသီနဲ့ လိုက်၊ သီးမစိုက်။
မိုက်စီမံကိန်း။ လယ်ဆုံးကိန်း။

ရေမြေဆီသုန်း၊ တောပြုတ်ပြုန်း။
ကြွက်ကျတောင်ယာ၊ ဆုံးရှုံးရာတည့်။

ငတ်မွတ်ဘေးဆိုက်။အားပြတ်ခိုက်
ရောဂါတွယ်ငြိ။ ဆေးမရှိ။

မျိုးဝမ်းစာထား။ ဒီစပါး။
အောက်ဈေးနှိမ်ချ။ ကောက်နေကြ။

အရင်းမစိုက်၊ လှေထိုးလိုက်။
တောင်သူမချေး၊အမတော်ကြေး။

ကျန်းမာစေရေး၊ ကုမပေး
ဆေးရုံလာကြည့်။ ဆေးမရှိ။

လစာနည်းပါး၊ လုပ်ကွက်ရှား။
လာဘ်ရကြားပေါက်။ လူတိုင်းစောင့်။

စားဝတ်နေရေး။ ကျပ်တည်းသေး
ခလေးငယ်များ၊ ပညာဝေး

ဥပဒေတွေ။ အရည်ပျော်နေ
ရေများရေနိုင်။မတရားနိုင်။

ခိုးရာဝှက်ရာ။ အကျင့်ပါ
သစ္စာဂတိ။ ပျောက်နေ၏။

ငါမှ ငါပင်။ ဘက်မမြင်
ထောင်ရင်ပစ်ချ။ နအဖ။

အူမ မတောင့်။သီလပျောက်
ဝန်ထမ်းတွေကြောက်။ ကြံ့ဖွတ်ရောက်။

စစ်တပ်လျှင်အဖ။ ပထွေးက
တပြည်လုံးသတ်။ သေမှရပ်။

ကူးစက်ရောဂါ။ မတားဆီးပါ။
AIDS.. မျိုးပြုန်းချက်။

ကပ်နေတဲ့ မုံ့ လုံးနဲ့ စက္ကူ။
ဂျပ်အေး သူအမေရိုက်သူ
ကြောင်ဘားက မြီးဖျား လိုက်
ဝင်္ဂဘာ..ချာချာလည်မူးခိုက်။

ဆင်းရဲတော့ တရားပျက်
တရားပျက်တော့ ရက်စက်
ရက်စက်တော့ တော်လှန်ရက်
တော်လှန်လေ.ပိုနှိပ်စက်
ပိုနှိပ်လေ..နာကျည်းချက်
နာကျည်းချက်တွေ.. အမုန်းခါးသက်
အမုန်းခါးလေလေ..လောင်မီးကောင်းလျှက်
ဘာသာရေးစစ်..မဆုံးမဲ့စစ်.
လွတ်လပ်ရေးအတွက်..စစ်မီးဖြစ်။
သေသည်ဦးမညွတ်. ဥဒေါင်းတို့ အသက်ဘဲစွန့် 
ဘယ်တော့မှ နောက်မတွန့် ။

ဘယ်သူ ပြောချင်လည်း။
ဘယ်သူ ငြင်းရဲ သလည်း။
ဒါ ကိစ္စမရှိဘူးလား?????။
တတိုင်းပြည်လုံးဆင်းရဲ..
တဖြေးဖြေး မွဲတေနေပြီ်။

ရောဟဏီမြစ်ရေဝေခွဲ
သမာသမတ်မျှတ ကြဖို့ 
တကမ္ဘာလုံးပြောတဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးညှိနှိုင်းရေး ပေးမလား
တွေးမလား။ နောက်ဆုတ်ဆင်းမလား
ကုတ်နဲ့ ကော် ကန်ချရမလား။
တပ်ကတည့်တည့်သာပစ်
မိုက်ညစ်ညစ် ပြောဆင်းတဲ့ ဦးနေ၀င်းရဲ့ဆိုးချက်
အခု မောင်ပုလဲက ဒိုင်းဝန်ထက်ကဲ။
အရှက်နည်းနည်း။ မဆင်းဘူးဘဲ။

ကဲ...ရဲကြစို့ သူငယ်ချင်း။
မလုပ်ရဲရင်..မင်းဇက်ပေါ်ကမဆင်း
သုမန ကျောက ဒဏ်ရာတွေ သွေးချင်းချင်းနီ
ရသမျှ လက်နက်နဲ့ တော်လှန်ကြဖို့  အချိန်ကျခဲ့ပြီ။

မသဒ္ဓါ (၁။၂၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */