ငယ်စဉ်ကတည်း က
သူ့ကဗျာများ တကြော်ကြော်.
အော်ဆိုရင်း ပျော်ခဲ့ကြ..
ခလေးတွေကိုချစ်တဲ့..ဒီစာဆို..
ကဗျာရေးတဲ့…ဘအို
ကိုယ်အရွယ် မရောက်တရောက်
သူ့စာပေပွဲ တွေကိုရောက်...
မတောက်တခေါက် ကဗျာဆရာမ
နားမလည်တာတွေ လျှောက်မေး.
သူဆွေးနွေးပေးတဲ့ ပညာ.
အခုတိုင်.ကိုယ့် နှလုံးသားထည်းမှာ။
၂၀၀၇ အမျိုးသားနေ့ မှာနောက်ဆုံးတွေ့ ခဲ့ရ
ဗမာတမျိုးသားလုံး အတွက်..
ဘ၀ကိုသူ စတေးပေးဆက်
ထောင်ထွက်ဒီစာဆို…
လေးစားရတဲ့..ဘအို
နေအလာ..ကြွေရှာတဲ့နှင်းဖြူစက်..
လေအဖြာ..လွင့်ရှာတဲ့ေ၇ွယော်ရွက်..
ဆေးလိပ်ကလေးလည်း.တို..
နေ ကလည်း ညို
ဂုဏ်ပြု ဆိုကာ..
နှုတ်ဆက် လိုက်ပါရဲ့
ကဗျာစစ်သည် ဘအို..
ကောင်းရာသုဂတိလားစေလို။
မသဒ္ဓါ (၂၀၀၇)
လေးစားရပါသော..ဆရာကြီးဦးတင်မိုး သို့ .
ဒီကဗျာကို ဆရာကြီး ဆုံးတဲ့ အချိန် လွန်ခဲ့တဲ့နှစ်က ရေးခဲ့တာပါ။ ဆရာကြီး အမှတ်တရ ကျန်ရစ်သူ မိသားစု ထံ ပို့ ပေးခဲ့ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်အနေနဲ့ပြန်တင်ပေးလိုက်တာပါ.
Friday, January 25, 2008
ဘာမထီ..အာဇာနည်...စာဆိုစစ်သည်
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment