လေပြင်းထဲ
ငြိမ်းခဲ့တဲ့ ဖန်မီးအိမ်ငယ်။
နှစ် ၁၀၀ ကြာသော်ညား
မမေ့ပျောက် အားပါတယ်။
ခလေးငယ်ဘ၀..
သူကဗျာနဲ့  ကိုယ်ပျော်ဖူးတယ်။
လူလတ်ဘဝ
သူ့ ကဗျာနဲ့  ကိုယ်ရဲရင့်ဘူးတယ်။
လူကြီးဘဝ
သူ့ ဝိညာဉ် နဲ့  လမ်းဆက်လျှောက်ဦးမယ်။
အာဇာနည် ကဗျာဆရာဘဝ
ဘယ်တော့မှ ဒူးထောက်မကျ၊
တဗိုလ်ကျရင်..တဗိုလ်တက်
ခရီးကြမ်းလမ်း ဆက်လျှောက်လျှက်
ဆရာ့ခြေမှုန်ဖျား..ကျမ တုမမီငြား
အားတင်းကာ ဆက်လျှောက်
ဆရာဂျမ်းရေ..
မသဒ္ဓါတော့ ကြမ်းနေပါပေါ့။
ဘယ်တော့ဇွဲမလျှော့။
ဖန်မီးအိမ် မဟုတ်ခဲ့ရင်တောင်
ဆီမီးလေးတခွက်
ဖွဲမီးလေးတဆုတ်
ကျမ..ဆရာလိုဘဲ ဘယ်တော့နောက်မဆုတ်
သေ.ဇီဝိန်ချုပ်သည့်တိုင်
မသဒ္ဓါ (၁။၂၂။၂၀၀၈)
ဆရာဂျမ်း အတွက် အမှတ်တရ..အညတြ မသဒ္ဓါမှ..ပူဇော်ပါသည်။
No comments:
Post a Comment