ညမှောင်ရီ ဆမ်းစ၊
ပုစဉ်းရင်ကွဲ တွေ အော်မြည်ကြ
ဖော်ကွဲ၍သာ..ကြင်သူရှာ..
အော်မြည်သလော..မြည်သလော။
အစာဝမ်းဆာ..လောင်မြိုက်စွာ
တမ်းတ သလော..ဆာ၏ လော။
မနက်ဖြန်ခါ၊ နေပူုဖြာ.
တွန်သံသာသလော၊ ၀မ်းသာသလော။
ပုစဉ်းရင်ကွဲတွေ.. အော်တဲ့ ည..
အိမ်တံခါး လာခေါက်ကြတဲ့
စစ်ရဲသားများ..
ကျမ လင်သားကို
ခဏလေးဆို၊ မေးမြန်းရန်ခေါ်သွား
ကျမ ၀မ်းကြာတိုက်က သူ့ ခလေး
အသက် ၁၉ နှစ် ပြည့် အထိ
အိမ်ပြန် သူ မရောက်ရှိခဲ့သူ.
ကျမရဲ့ ဘ၀ ရင်မီးဆူ
ရင်ကွဲနေဆဲ ပုစဉ်းလူ။
မသဒ္ဓါ (၁။၂၅။၂၀၀၈)
Friday, January 25, 2008
ပုစဉ်းရင်ကွဲလေးတွေ.. အော်နေဆဲ ပါမောင်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment