Friday, July 17, 2009

ခွေးသည်မှာ ခွေး ခြင်္သေ့သည်သာ ခြင်္သေ့


ခွေးဆိုတာ သားရေပေါ်အိပ်
သားရေနား စားတယ်.
ဒါပေမဲ့ ခြင်္သေ့ဆိုတာ မြက်ကို မစားဖူး။

မြတ်သော သီလ
ကျင့်စာဂသည်..
လူ၏ တန်ဖိုး..
ကျူထရံ တဲမိုးလည်း..
ဘုန်းမိုးရှိန်ဝါ ထွန်းတောက်ပါ၏။

ယုတ်သော အကျင့်.
ညံ့သော အယူ..
ရင့်သီး မောက်မာ..
မိစ္ဆာ သာလျှင်..
သစ္စာမရှိ လူနတ္ထိ။

ခွေး ဆိုတာ..
ခြင်္သေ့အရေခြုံငြား..
ခွေးနံ့ မပျောက်..
ဘယ်သောအခါမှ
ခြင်္သေ့အစစ် ဘဝမရောက်..
အတုသည် အတုသာ..
လိမ်ညာ မုသားသာ။

မသဒ္ဓါ (၇။ ၁၆။၂၀၀၉)

လွှတ်ပေးမယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေ..
မှန်ကန်မျှတ စီမံမယ်ဆိုတဲ့ ရွေးကောက်ပွဲ။
ပန်းတိုင်ရောက်မယ်ဆိုတဲ့ လမ်းပြမြေပုံ..
အားလုံးကို ချင့်သာယုံ..
ကျားငစဉ်းလဲ ဟူသည် ဥပုဉ်မစောင့်..
ဒင်း ကြီးမလာခင်…
တောသာ ခြောက်..
အားလုံး ဘုံမပျောက်ချင်ရင်..

2 comments:

ခြေလှမ်းသစ် said...

ဒီကျားငစဉ်းလဲ တွေ ကို ဘယ်တော့မှ ယုံလို့မရပါ .. ဘယ်တော့မှလဲ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မှာ မဟုတ်ပါ.. လွှတ်ရင် သူတို့ ဘုံပျောက်သွားမှာ စိုးလို့ပါ..
ကိုဇော်

yaewoori said...

အရမ်းကောင်းပါတယ်။

 
/* EOT ----------------------------------------- */