Wednesday, July 15, 2009

ငြိမ်းသူမဲ့ ဖယောင်းတိုင်၊.လှီးသူမဲ့တဲ့ ကိတ်၊ ပိုင်ရှင်မဲ့ တဲ့ မွေးနေ့ မင်္ဂလာ။


မသင်းဇူလိုင်ကျော်။
ချုပ်နှောင် မှုဆိုတာ..
လူမပြောနဲ့ 
တိရစ္ဆာန်တောင် မုန်းတဲ့အရာ..
နေရောင်အလင်းမဲ့ အမှောင်ထဲ..
သံတိုင် အေးစက်စက် ထောင်ထဲ..
အနံ့ အသက်ဆိုး..
ရောဂါပိုးတွေ..ပွားနေတဲ့မြေ..
ရေသန့် မရှိ..
အဟာရမဲ့သည့် အစာမျိုနေရတဲ့မြေ..
လှိုင်းကြမ်းမြောတဲ့ ပွင့်ချပ်လို..
တဖြုတ်ဖြုတ် ရေမြုပ်နေတဲ့ ပန်းတွေ..

အဲဒါက "ထောင်".
အပန်းဖြေစရာ.." သောင်" မဟုတ်ဖူး..
မနက်ဖြန်ဆိုတဲ့ အရာ ဘာမှမရေရာဖူး
အိမ်ပြန်ရောက် မရောက်လည်း မသေချာဖူး..
မိသားစု အဝေးမှာ..ထောင်ဝင်စာလည်းမရဖူး.

မိမိ၏ ပြုသမျှ ကံ..
ထားရှိတဲ့စေတနာက မမှန်
နွားခြေရာနောက်
လှည်းဘီး နှယ်လိုက်တယ်
ရက်စက်တဲ့ နအဖ..
အလှည့်ကျမှ သိမယ်။

ဒီနေ့  သူမရဲ့မွေးနေ့ 
မိသားစု အဝေးမှာ..
ကောင်းမှူအတွက် ရည်..
မိသားစု ပေးတဲ့ ကုသိုလ်သည်သာ မျှော်မှန်း
မျက်ရည်ခမ်းနေတဲ့ဘ၀..
ပျိုမျစ် အသုံးဝင်တဲ့ နာရီကလေးများ..
အမိမြေအတွက် သူစွန့် ထားခဲ့ရသူ..
သမီးငယ် သင်းဇူလိုင်ကျော်..
ခေါင်းမော်ပါ သမီး..

အရိပ်မည်းဆိုတာ..
အိမ်မက်ထဲသာ ချောက်လှန့် တတ်ရိုး..
နိုးတဲ့အခါ..
အလင်းတန်းတွေက အပြင်မှာ
ရောင်နီတို့ လာနေပြီ။

အမှောင်ဆိုတာ..
အလင်းလာရင် ပျောက်..
ဂူအ၀ အရောက်ဖို့ ..
အမှောင်ဆိုတာ ဖြတ်ရလှ..
တစ်အောင့်ဘဲ.

ဇွဲနဲ့ သာလှမ်း..
ရောက်မဲ့ပန်းတိုင်လမ်း..
ပေးဆပ်မှုသည်..အာဇာနည်၏လက်နက်..
စတေးမှုသည် အာဇာနည်၏အသက်..
အောင်မြင်ရေးသည် သာ အာဇာနည်တို့ အချက်..
အာဇာနည်ဆိုသည် ဘယ်သူဖျက်ဖျက်..
ဘယ်ခါ သွေးမပျက်..

ပျော်ရွှင်မွေးနေ့ ချိန်ဆီ..
ကြေကွဲစွာ သမီးတယောက်ထဲ..
ထောင်ထဲမှာ ရှိမယ်..
မိသားစုနဲ့  ပြည်သူ၏ နှလုံးသားထဲမှာတော့
သမီးက..အမြဲရှိတယ်..
အာဇာနည်သည် သေသည်မရှိ..
မြန်မာတည်သ၍ အမြဲရှိနေ..
ဂုဏ်ယူုပါလှဲ့
မွေးနေ့ ရှင်မဲ့..ကျင်းပရတဲ့ မင်္ဂလာအတွက်
ဝမ်းမြောက် သာဓုခေါ်လှဲ့ 
ဒီ မင်္ဂလာ မွေးနေ့ ရက်မှာ
ကိုယ်စိတ်ကျမ်းမာ..လန်းဆမ်းရာသို့ 
မေတ္တာပို့ သည် ..
အေးမြကြည်။

မသဒ္ဓါ (၇။၁၆။၂၀၀၉)
မသင်းဇူလိုင်ကျော် အတွက်ပါ။

ဒီိနေ့  ဇူလိုင်လ ၁၆ ရက်ဟာ သူမ ရဲ့မွေးနေ့ ပါ။
မိသားစုတွေ နဲ့ပျော်ပျော်ပါးပါး.မွေးနေ့  ပွဲ ဆင်နွှဲရမဲ့အစား. ဘုရားကျောင်းကန်သွား..ဆီမီးထွန်းရမဲ့အစား ပြည်မြို့ ထောင်ထဲ မှာ ထောင် နှစ်နှစ် အကျဉ်းကျနေပါတယ်။ သူ့ ကို 29/01/08 မှာ ဒဂုန်မြို့ နယ်က Yuzana Cafe မှာ နေဘုန်းလတ် နဲ့အတူ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ကျနော်တို့  အားလုံး ရဲရင့်တဲ့သူမ အတွက် မွေးနေ့ ဆုတောင်းပေးကြပါစို့ လား...

အာဇာနည်များ...
http://arzarni.blogspot.com/2009/07/blog-post_4278.html မှ

5 comments:

HRmyanmar said...

မသင်းဇူလိုင်ကျော် အတွက်ကတော့ စိတ်မကောင်းဖြစ်မိတယ်၊ မွေးနေ့မှာ လူတိုင်းနဲ့အတူ ကျနော်လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ ဂုဏ်ယူစရာတခုပါ အားလုံးရဲ့ရင်ထဲမှာ ရှိနေသူ မသင်းဇူလိုင်ကျော်

ခြေလှမ်းသစ် said...

အမရေ ကျနော်တို့မေ့နေတဲ့ အာဇာနည်တွေအတွက် မွေးနေ့မို့ .. အပြေးရောက်လာပါတယ် .. ဒီဘလောဂ့်ကနေ မသင်းဇူလိုင်ကျော်အတွက် Happy Birthday ပါ ယနေ့မွေးနေ့မှသည် နောက်ဆက်တိုင်းတိုင်း စစ်အာဏာရှင်စနစ်အောက်မှာ လွတ်မြောက်ပါစေကြောင်း
ကိုဇော်

Unknown said...

အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ် ညီမ.ညီမတို့တွေ ပေးဆပ်ရတာနဲ့တန်အောင် ဖြူစင်တဲ့ နွေးထွေးတဲ့ အနာဂတ်အသစ်တစ်ခုကိုရောက်အောင် အပြင်မှာ ရှိနေတဲ့ မျိုးချစ်စိတ်ရှိတဲ့ လူသားတွေက ဆက်လက်ပြီး တိုက်ပွဲဝင် သွားပါမယ်.မျိုးချစ်ဇာနည်များ ဘယ်တော့မှ လက်မမြှောက် ဒူးမထောက်စတမ်း----------------

Unknown said...

May you be healthy and peaceful life .
I am always proud of you .

Your friend.......

kevin said...

Young "rose-buds" like yourself should be enjoying life with dreams in your hearts for the future. I am ashamed and guilty that we (as an older generation) failed to pave the path for you and others to walk happily, like we used to when we were your age.

 
/* EOT ----------------------------------------- */