Sunday, July 19, 2009

ငါ့ကို အဖေလို့  လာမခေါ်နဲ့ 


အော် တော်ပါပေ့ ငါ့သား..
ပြောပြန်ရင်လည်း
အောင်မင်းဘဲလွန်ရာကျဦးမယ်။

ငါ့သား မကောင်းကြောင်း
ငါ့ပေါင်ကလေး ငါလှန်ထောင်း..
ရှက်လိုက်တဲ့ မျက်နှာ
သစ်ခေါင်းထဲသာ ဖွက်ထားချင်ရဲ့
တမိပေါက် တကောင်ဘွား
အဖေ့ မျက်နှာ အိုးမည်းသုတ်တဲ့ သား။

အကိုကြီးလို့  အဖအရာ..
အားကိုးရမယ် မှတ်လည်း။
အဖေမဲ့ အမေမဲ့
ဒီ ညီမငယ် မုဆိုးမ ရဲ့
တစ်ခုထည်းသော နေစရာ အိမ်စုတ်..
ပြတိုက် လုပ်မယ် လာ အမွေခွဲ..
မင်း ဘယ်လို သတ္တ၀ါလဲ။
လူလို မစာနာ
လူ့ တန်ဖိုး မသိတဲ့သား
လူလို့  မခေါ်ထိုက်တဲ့ လူသား
ဘယ်နေရာသွား အသုံးကျမလဲ
မခင်ကြည်ရေ..မင်းမွေးထားရ
ဝမ်းရေစပ်တာဘဲ အဖတ်တင်တယ်။

တမိပေါက် တယောက်ထွန်း..
သားမို့  စွမ်းမလား မှတ်တယ်။
စုန်းပြူး ပဲစေ့ အစို့ ပေါက်မစွမ်း.
သားဦး..အရူး..
မယားတရူး အာဏာရူး ဥစ္စာရူး
မနောပုပ်..သဘောယုတ်
အကိုယုတ် သားယုတ်
အောင်ဆန်းသွေးတွေ ဖေါက်ထုတ်ချင်တယ်။
တောက်..ငါ့သား တဲ့ကွာ..
မင်းအဖေလို့ ငါပြောရ..
အမလေး ရှက်လှပါ့ကွယ်..

မြောက်ကိုရီးယားက ဗုံးခွဲ
ငါ့အရိုးတွေ ပွစာကြဲ ပြာမှုန်ဖွဲဖြစ်ခဲ့
ဒီအာဇာနည်ဗိမ္ဗာန် အသစ်က
အဖေ့  သချိုင်္င်းမဟုတ်ဖူး.
အဖေရဲ့ နားခိုရာဟာ..
ပြည်သူပြည်သားတွေရဲ့ နှလုံးသား..
အဖေ မြန်မာပြည်တည်သ၍ အတူရှိတယ်
အာဇာနည်ဆိုတာ မေ့ လို့ ရရိုးလားကွာ

တနှစ် တခါ..
အာဇာနည်နေ့ ရောက်ရင်
စည်တော်ယွန်းပြီး မင်းကြွလာ..
ပိုးပုဆိုးတရွှမ်းရွှမ်းကြီ့း မ.
မင်းသားကြီးလို တလှမ်းချင်းကြွ
မင်းမယား
မိတ်ကပ်အဖွေးသား..ပုဝါစုံချ..
လူမြင်ကောင်းအောင်
လာ လာကန်တော့ပြမနေနဲ့
ငါ့ သမီးလေးတယောက်ထဲ အကျဉ်းကျနေတာ..
မင်းမို့ ကြည့်ရက်..မျက်နှာလွှဲတတ်တယ်။

နအဖ က..
ပုဂံ က မြေတစ်ကွက်ကို ပြရုံနဲ့ 
ခြာလပတ် ယမ်းအောင် ဖင်တကြွကြွ
ပေါက်ဆိန် အရိုးဖြစ်တဲ့ သစ်သား.
မင်းသေရင်..ဘာယူသွားနိုင်လို့ လည်းကွ။
အိုးမည်းသုတ်ခွပ်တာ..ဒေါင်းမဟုတ်ဖူး..
ကြက်ကွ ကြက်..
ငါ့သမီးဆို ထောင်ကျတောင် သတ္တိသွေးမမည်းဖူး။
အိနြေ္ဒတချက် မပျက်ဖူး။

တော်..တော်..တော်...
မင်းကိုယ်ထဲက အောင်ဆန်းရဲ့သွေး..
နွားနို့ နဲ့ စင်အောင်ဆေးပြလိုက်မယ်..
XXX သား ငါ မင်းကို အမွေ ဖြတ်တယ်။
သွား...အောင်ဆန်း ကို
မင်းအဖေလို့ လာမခေါ်နဲ့ 

မသဒ္ဓါ ( ၇။ ၁၈။၂၀၀၉)

3 comments:

ခြေလှမ်းသစ် said...

ဒီလိုငမိုက်သားမျိုးပြောလို့ အောင်မင်းတို့ လွန်ရာ မကျပါဘူး.. သူ့မှာရှိတဲ့ .. ဗိုလ်ချုပ်ရဲ့  သွေးတွေ ၀ိုင်းဖောက် ထုတ်ကြရအေင်...
ကိုဇော်

သုခုမလေဒီ said...

အရမ်းကောင်းတဲ့ ကဗျာပဲ မသဒ္ဓါရေ။
အတော်လည်း စပ်တတ်တယ်။ ထိတယ်ကွာ တကယ်။

သုခုမလေဒီ said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ။ ရေးထားတာတော်တော် ထိမိတယ်။

 
/* EOT ----------------------------------------- */