Wednesday, July 1, 2009

ငါးခြောက်တစ်ပြား၊ တိုင်းပြည်တစ်ပြည်၊ ဖျင်းလိုက်တဲ့ ငါ့တပါးမင်း



ရှေးအခါ ဗုဒ္ဓစက်..ဓမ္မစက်..
ရှင်ဘုရင် အာဏာစက်ထက်ပြင်းတယ်
တကာတော်ဘုရင်မင်းမြတ်..
မင်းသားမောင်လွင်.. ငယ်စဉ်
ဘုန်းကြီးကျောင်းထဲ ဆော့မော့နေခဲ့..
လုံအောင်မသိမ်း ပျောက်တဲ့ ငါးခြောက်တစ်ပြား
ငယ်ဆရာတော် ရိုက်တဲ့ အရှိုးရာ..
ဘုရင် ဘ၀ထိ သေရာပါတယ်။

“ဟဲ့ မင်းသားငလွင်၊ လာဟဲ့ ငမိုက်သား..
ဒင်းကများ..ကြီးလာ၊ ရှင်ဘုရင်လုပ်ဦးမတဲ့..
ကြက်သရေခန်းထဲက ငါးခြောက်တစ်ပြား
ဒါလေးတောင်လုံခြုံအောင်မှ မသိမ်းနိုင်..
သူများမခိုးယူအောင်မှ မထိန်းနိုင်
ငါတို့ တိုင်းပြည်.နင်ရှင်ဘုရင်ဖြစ်ချိန်
ဘယ်လို ထိန်းသိမ်းမလဲ”


အသားနာမှ အမှတ်ရ..
ကြိမ်နဲ့နာနာ ဆော်တဲ့အခါ.
မင်းတုန်းမင်းက အမြဲသတိရတယ်..
ဒါပေမဲ့
သူ့ လက်ထက်မှာ..
သားတွေ ကို နိုင်အောင်မထိမ်းနိုင်ခဲ့
မယားတွေ ကို နိုင်အောင်မထိမ်းနိုင်ခဲ့
တတိုင်းပြည်လုံး ကွဲ
တတိုင်းပြည်လုံး မွဲ
ကိုလိုနီလက်ထဲကျ..
အခုထိ မလွတ်လပ်ကြသေးဖူး..
ဒါတောင် သူက ဆရာအမိန့်နာခံ..
အရှိုးထင်ခံခဲ့တဲ့ ဘုရင်..

ကျမ တို့ လက်ထက်နောက်တက်တဲ့ ဘုရင်
(အဲလေ ရှင်းရှင်းပြောရ..လက်နက်ပြလု ဓါးပြဘုရင်)
အဲလို ဆရာကောင်းမရှိ..
ဆည်းပူးပညာရှာကောင်း မသိ..
ငါဘဲ ငါတတ်..
အရှိုးမရှိ..တန်ဖိုးလည်း မရှိ
ဘုန်းတော်ကြီး မဆည်းကပ်..
ဓမ္မစက်မရှိ..ဓမ္မသတ်မသိ.
အာဏာစက်နဲ့ လူသတ်တဲ့အခါ..
ကဲ..ဒီလိုရှင်ဘုရင်လက်ထဲမှ မမွဲ..
ဘယ်အချိန် မြန်မာ မွဲမလည်း..
ကြိမ်နဲ့ ရိုက်မဲ့ ဘုန်းကြီး..
ထောင်ထဲမှာ..သင်္ကန်း ချီးနှီး..
ထောင်ဝတ်စုံဝတ် ကျောက်ခဲထုနေရတယ်..
ဒို့ တွေ ခေတ်မှ မြန်မာပြည်
အမှောင်ထဲ တ၀ဲလည်လည်။

အခုကျ..ငါးဖယ်ကပြောင်းပြန်
ဘုန်းကြီးကျောင်းက ငါးခြောက်..
ခိုးတာ…ဒို့ ငတပါးမင်း ဒီရှင်ဘုရင်ကိုယ်တိုင်ရယ်။
အကျင့်စာဂမွဲ..ဘုန်းကြီးကို အပြစ်ရှာ သူရိုက်တယ်။
ဒီလူမိုက်လက်ထက်..
ဒို့ မြန်မာပြည်ပျက်ခဲ့တယ်။

မသဒ္ဓါ ( ၆။ ၃၀။ ၂၀၀၉)
ငယ်စဉ်က ဖတ်ဖူးသင်ဖူးတဲ့ ‘မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား’ ပုံပြင်ပါ။ ဖတ်ဖူးကြမယ်ထင်ပါတယ်။
ဆရာကောင်းရှိသူ ရှင်ဘုရင်တောင်..မြန်မာပြည်ကို မထိမ်းသိမ်းနိုင်မှ ဆရာအာခံတဲ့ သူယုတ်များလက်..မြန်မာပြည် ပျက်ခဲ့ပါတယ်။

No comments:

 
/* EOT ----------------------------------------- */