Saturday, July 25, 2009

လူရှင်များနဲ့  လူသေများ.


လူဆိုတာ..တဦးထည်းနေမရ..
အုပ်စုဖွဲ့  အခြေချ..
ရှေးဦးခေတ်ကထဲက မြို့ ရွာ
လူ့ အဖွဲ့ အစည်းအစတည်ရာ..

လေးစားသူကို ခေါင်းဆောင်တင်.
ဥပဒေပြု လိုက်နာလျှင်..
လယ်သမား လယ်လုပ်
ကုန်သည်ကုန်သည်လုပ်..
ပန်းဆယ်မျိုး အနုပညာ..
လူဘောင်ကို လက်များနဲ့ တည်ဆောက်ခဲ့ရာ
စည်ပင်ခဲ့ တဲ့ ဒို့ ပြည်ရွာ

အနိုင်လုယက်..ရက်စက်ကျင့်
မင်းဆိုးများစွာ..ပုပ်ဟောင်ညစ်.
ရာဇ၀င်တွင် ရစ်တယ်။
အများက လေးစား အာဇာနည်များ
ယခုတိုင်..နှုတ်ဖျားတဖွဖွ..
သေရိုးမရှိကြ။
အောင်ဆန်း ဆိုတဲ့ အမည်နာမ
အခုထိ တသသ.
စုတ်သပ် နှမြောကြဆဲ။


မြန်မာပြည်က သူယုတ်မာများ.
သို့ မဟုတ်
မသာကောင် ပန်းပန်ထားသူများ

 သင်တို့  အရှက်နဲ့  လူမလုပ်..
လက်နက်နဲ့  လူလုပ်သော်လည်း..
ကြွေတစ်လက် ကြက်တစ်ခုန်.
ကံကုသိုလ်ကုန်.နောက်တမိနစ်
သင့်ဘ၀ဟာ ငရဲဖြစ်တယ်။
သင်တို့  မှာ အကျင့်စာဂမဲ့..
အရှက်မဲ့ မျက်နှာမဲ့.
အကြင်နာမဲ့ သိက္ခာမဲ့.
တရားဥပဒေပဲ့ နေကြသူများ..
ရှင်နေလည်း အဟောင်း စားလူသား
မစင်ဘင်ဘုတ်ထဲက ငရဲသားတွေ..

သင် လေကို ရှူ နေသေးသော်ငြား..
သင်သည် အစာ.၀ါးနေသေးသော်ငြား
ဆေးသမားကူ.ထူထောင်နေသော်ငြား
သင့်နာမည် က သေ..
သင်သည် ရှင်သော်လည်း
လူရှင် တွေကြားက
မသာ အသုဘ
သင်...လူသေ။

မသဒ္ဓါ ( ၇။၂၄။၂၀၀၉)
လှပတဲ့ မြန်မာမြေ. ချစ်စဖွယ်မြန်မာဆွေမျိုးတွေ ကို ထိုင်ခုံတစ်ခုမက်၍ နျူကလီးယားလက်နက်နဲ့ ဖျက်မဲ့ လူသေများသို့ 

No comments:

 
/* EOT ----------------------------------------- */