Saturday, February 2, 2008

ဂဠုန်မင်းတို့ ရဲ့ တောင်ပံခတ်သံ


ကျုပ် ကတော့လယ်သမား..
လယ်စိုက်စား..အင်း..တောသားပေါ့ဗျာ.
ခေါ်ချင် သလိုသာ ခေါ်ပါ။

ဘိုးဘေးဘီဘင် ..လယ်လုပ်စား
ဆီနဲ့ ရေချိုး. ဆေးရိုးနဲ့ မီးလှုံ
စပါးတောင်ပုံ..ကြွယ်ဝသူများ
ကျုပ် အဘလက်ထက်က လှုထား
ခြောက်ဆောင်တိုက်ကျောင်းကြီးနဲ့ 
ရွာဦးကျောင်း..စေတီထီးတော်တကာကြီး
ကြိုးစားနိုးကြားသည့်လယ်သမားမျိုးရိုးပါ။

ကျုပ်ငယ်ငယ်က
ကောင်းလိုက်တဲ့မိုး .သန့် စင်တဲ့မျိုး
ဖွံ့ လိုက်တဲ့ ပျိုး..စိမ်းနေတဲ့ ကောက်ပင်
လေအလာမှာ ယိမ်း..မြကမ္ဗလာစိမ်း

ရိတ်သိမ်းချိန်..ရွှေဝါ စပါးခက်.
ပြည့်နှံတဲ့ စပါး. လုံးမို့ အိအိ ဆန်သား
ပိုလျှံတာ.ထားစရာနေရာတောင်မရှိ
ကောက်သင်း စပါးနှံ လယ်ထဲမှာချန်
ခိုးကိုးရာမဲ့ လူအိုမင်းများဝမ်းစာလာ
ကောက်သင်းကောက် ရန်.

စပါးနှံစားလယ်ကြွက်ကြီးများ
၀၀ဖြီးဖြီး..ကြောင်သားပေါက်ကြီးပမာ
စပါးနှံတွေ ကျစ်ထုံးဖွဲ့ 
စပါးကုံးသွဲ့  သစ်ပင်မှာချိတ်ရာ။
ဌက်ငယ်များ အတွက် အစာ
ကုသိုလ်လည်းရ..၀မ်းလည်းဝ
မြန်မာ့ ကျေးလက်ရဲ့တောရွာ..သာယာပါပေ့ဗျာ။

စပါးပေါ်ချိန်.ငွေပေါ်ချိန်
အလှုကထိန်..ဆီမီးရောင်ရှိန်
ရွာ ဘုရားပွဲများ ရက်မပြတ်။
စည်တော်ဗျောသံက..တောမသတ်။
ကွမ်းတောင်ကိုင်များ.သနပ်ခါးအဖွေးသား
လှည်းယဉ်ကြော့ပေါ်မှာ..ခြေတွဲလွဲချစီးသွား
ကာလသားများက .ပုလွေကြော့
ကျုပါတော့ မယ်..မော့တော့တော့

ခုခေတ်ရှဲ့တောရွာ
လယ်သမားများ..တကယ်မစားသာ
ရာသီပျက်..တောများတဖြေးဖြေးပါး
ရေကြည်ရေသန့် လည်း..တဖြေးဖြေးရှား
သရောကြီး..ခိုင်းနေပြီမဟုတ်လား။

လယ်မြေကောင်းများ.. ခြောက်သွေ့ ဖုန်းဆိုးဖြစ်
မိုးလေမမှန်ခြင်းအကြောင်းက အုပ်စိုးသူက မင်းညစ်
တရားဟောမိတဲ့ ရွာဦးကျောင်းကဘုန်းကြီး.ထောင်ချထားကြနှင့်
ဂရံ လယ်မြေများလည်း စစ်တပ်သိမ်း..၀န်ထမ်းအိမ်ယာဖြစ်
သင့်တော်ရာ ကြိုက်ရာသီးနှံလည်း..မစိုက်ကြရနှင့်
ရေမလာတဲ့ ဆည်ရေမြောင်း..ရေခွန်လာတောင်းကြနှင့်
ဗေဒင်အကြောင်း. မဖြစ်နိုင်တဲ့သီးနှံများ လာစိုက်ခိုင်းနေကြောင်း
ရှိသမျှဝမ်းစာစပါး..စစ်ရိက္ခာ ဒါးပြတိုက်သွားကြနှင့်
အားအားယားယား..မလိုက်မနေရသွား လုပ်အားပေးကြရနှင့်
ကွမ်းတောင်ကိုင်မလေးများ..လူယုတ်မာစော်ကားကြနှင့်
ကာလသားအရွယ်မရောက် ခလေးလေးများ..စစ်တပ်က ချောဆွဲကြနှင့်
ယုတ်စွ အဆုံး..လှည်းယဉ်ကြော့ဆင်ဖို့ မွေးထား
ထိပ်ကွက်နွားလေး ကြန်စုံ
ဆုံလည်နွား နဲ့ မီးထွန်းမဲ့စီမံကိန်း
စစ်တပ်က အတင်းလာသိမ်းသွားပါရော့။
ဘာကို ဘာမှမကျန်..စစ်တပ်ကဘဲနှံသွားတယ်၊

သူများသြဇာမခံချင်..ကျုပ်တို့  စစ်သားမလုပ်။
တိုင်းပြည်ဘဏ္ဍာစား.. ကျုပ်ဝန်ထမ်းမဟုတ်။
ရသမျှ ရောင့်ရဲစား။
ကြီးလာရင် အေးချမ်းတရားရိပ်ပွါး
အခုမှာ နေပူစပ်ခါး ။ နွားနဲ့ ရုန်းထား
ကျုပ်တို့ လယ်သမားဗျ..

ကျူပ်အဘေးလက်ထက်က..ဆရာစံတော်လှန်တာ.အပြစ်မဆိုဘူး
ကျုပ်လက်ထက်.မတော်လှန်.
ကျုပ်သားမြေးတွေ မျိုးတုန်းကြတော့မယ်.
ဆုံးဖြတ်လိုက်ပြီ။
မိစ္ဆာဒိဌိ များကို ရရာလက်နက်နဲ့ တော်လှန်.
ဒုတိယအကြိမ်မြောက်ပြကြရန်
ဒို့ လယ်သမားသွေး..စစ်တပ်သွေးထက်ရဲကြောင်း
သာဓကမှန်..
ဟေ့..ဂဠုန်မင်းတို့ ရဲ့ အားမာန်။
လေဟုန်ခွင်းမဲ့ တောင်ပံရိုက်ခတ်သံ။

မသဒ္ဓါ (၂။၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */