Thursday, February 14, 2008

လိုရင်..လှမ်းခေါ်ပါ။

လူဆိုတာ မူလ..
သူငယ်တန်း ကျောင်းသားက စ
ကကြီး..ခခွေး ၀ိုင်းဝိုင်းရေး
ကျောက်သင်ပုန်းပေါ်လေးမှာ

အိုင်တီ ကဗျာဆရာ ဘ၀..
လက်ညှိုး တစ်ချောင်းနဲ့ စ
ကီးဘုတ်ပေါ်.လိပ်ပြေးလေးပြေး..
နှေးနှေးကွေးကွေး..ကဗျာစရေး.

အားမငယ်စေချင်။
အစမှာ အရာတိုင်း ခက်ခဲတတ်တာပင်။
တနေ့ လုံးရိုက်. မှားလိုက် ဖျက်လိုက်
မျက်လုံး ဝေသီ..ခေါင်းတွေ အုံကိုက်။
စာသားေ၀၀ါး။ ကာရံက မလိုက်။
မပြီးမချင်း မထ။ ကဗျာ ပိုးထနေခိုက်
အိမ် မရှင်းနိုင်။ ပိုးထိုး လောက်ကိုက်။
အမေရှိရင်..ရိုက်ခံတောင် ထိလိုက်မဲ့ မသဒ္ဓါ
ကျမကလည်း ကပေါက်တိ ကပေါက်ချာ..
အိုင်တီ..ကဗျာဆရာမပါ။

မီဒီယာတိုက်ပွဲ..တော်လှန်ရဲဖို့ 
ခံပေးမဲ့ မသဒ္ဓါ ရဲ့..ပုခုံး တစ်ဖက်
ဘယ်သူဘဲ..တက်တက်..
ဒီမိုကရေစီ အတွက်..
စည်းရုံးရေး လက်နက်..
ကမ်းလက်နဲ့  ကြိုပါတယ်။
တွေ့ ရတာ ၀မ်းသာပါတယ်။

ကျမတို့  ဗမာပြည်မှာမွေး
တပြည်လုံး ဆင်းရဲအောင်..ဂုတ်သွေးစုတ်
အာဏာရှင်ယုတ်ကြောင့်
နိုင်ငံတကာမှာ..ခလေးကစားတဲ့ ကွန်ပြူတာ.
ကျမတို့ နိုင်ငံမှာ ဇိမ်ခံပစ္စည်း
သုံးတဲ့နည်း မတတ်တာ..
ဘာမှ အားမငယ်နဲ့ 

သူငယ်တန်း ကျောင်းသား
သက်ကြီးစာအံမဲ့ အိုင်တီကဗျာဆရာအား
သင်ပြပေးရန်..
စေတနာဝန်ထမ်း..ဆရာမ.
ဒီမှာ ရှိပါတယ်..
ကျမ တို့ အတူတူ..
အာဏာရှင်သို့ တိုက်ကြမဲ့ မီဒီယာလူ.။
ပန်းတိုင်သို့ မရောက်မချင်း။ ရဲဘက်ညီညာအတူ။

သင်ပေးရန် ကျောင်းသားလိုက်ရှာနေတဲ့
ဆရာမဟောင်း မသဒ္ဓါ.
အခပေးစရာ..ဆန်တပြည်ငွေတမတ် မလိုပါ
အိုင်တီပညာရပ်..ဆရာစားမရှိသင်ပေး။
မျိုးချစ် ဘလော့ဂါများ တိုးပွါးရေး
ညီမလေးသဖွယ်.ဆက်ဆံ
အကူအညီလိုပါက အော်ခေါ် လက်တို့ ပါရန်။

မသဒ္ဓါ (၂။၁၃။၂၀၀၈)
အကိုကြီးကိုအောင်ဝေးသို့ .တပ်ကူခေါ်ပါသည်။ သွေးမကြဲပါက..နွဲကြမဲ့ မီဒီယာတိုက်ပွဲ..တိုက်မယ်ဆို..ဇက်လက်ရဲရဲ..အိမ်ဦးခန်းထဲသို့ သာကြွပါရှင်။ http://www.irrawaddy.org/bur/ratha2008/February/ratha01.html ဖတ်မိပါသောကြောင့်

No comments:

 
/* EOT ----------------------------------------- */