Thursday, February 28, 2008

သူယုတ်မာနဲ့ သူတော်ကောင်း (ပုလိပ်ဆိုးနဲ့ ရိုးသား လှေထိုးသား)


ဝမ်းစာရေး ဘဲ လုပ်လုပ်.
နှစ်သက် လို့ ဘဲလုပ်လုပ်.
မိမိ.လုပ်ကိုင်တဲ့ အလုပ်.
စေတနာ ပါပါ..
တာဝန်ကျေအောင် လုပ်ကိုင်မှုဟာ.
ကြီးမြတ် လူသားဂုဏ်အင်္ဂါ။

မီးသတ်တဲ့ လူ..မီးသတ်
ဆရာဝန် ဆိုတာ အသက်ကယ်
ပုလိပ်ဆိုတာ..သူခိုးဖမ်းရမယ်
ရှေ့ နေဆိုတာ တရားခံကို..ဥပဒေ အရကာကွယ်ပေး
သမာသမတ်စီရင်ရေးက တရားသူကြီး
ကျောင်းဆရာ၊ ဆရာမ က စာသင်.
ဘုန်းကြီးက.. ဘာသာရေးလုပ်ငန်းတွင်
လယ်သမားဆိုရင် လယ်စိုက်..
စစ်သား ဆိုတာ.. နယ်ချဲ့ ရန်သူကိုတိုက်
အလုပ်သမား က နိုင်ငံဝန်ထမ်း
ပြည်သူ့ အစိုးရ..တရားမျှတ အုပ်ချုပ်စတမ်း

ပြည်သူ အခွန် ဘဏ္ဍာစား
သူတပါး လုပ်ခ ချွေးနည်းစာ စား.
တန်ရာ တန်ကြေး ပြန်မပေး..
ဒါ လူအမည်မတွင်သေး

ကာယ အရင်းပြုစား
နေပူ စပ်ခါးသွား
အရင်းမရှိ လှေထိုးလိုက်ခဲ့
ကြမ်းတမ်းဆင်းရဲလိုက်တဲ့ ဘ၀။
ကိုယ်ချင်းစာကြည့်ပါ..လူကြီးမင်း။
ဒို့ ဗမာတွေ အချင်းချင်း။

လှေသမား..လှေထိုးခရ..
ကူးတို့ ပို့ မိတာ..ဘာ အပြစ်..
သမ္မာအာဇီဝ အလုပ်သာဖြစ်။
လှေစီးသူ ဘယ်သူဖြစ်ဖြစ်.
စစ်သားလာလာ..ပြည်တန်ဆာဘဲပါပါ.
ဘုန်းကြီးဖြစ်ဖြစ်..NLD ဖြစ်ဖြစ်..
တန်ရာ တန်ဖိုး လှေခ ယူ.။
တဖက်ကမ်း ပို့ဆောင်ပေးသူ.
ဒါ သူ့ အလုပ်..ကိုယ့် လူ..

သက်ဆိုင်ရာ လူတွေ..
ပုလိပ်ရဲဝန်ထမ်း။ ကင်ပေတိုင်လုပ်သူ
ရှက်တတ်ရင်..ရှက်ကြစမ်း။
မင်းဗုဒ္ဓဘာသာ..မဟုတ်ဘူးလား..
မင်းဗမာ.. မဟုတ်ဘူးလား။
မင်း လူ မဟုတ်ဘူးလား။
လူသားရဲ့ သိက္ခာလေးစား။

မင်း ဗိုက်ဝဖို့ ဘဲ မင်းကြည့်
သခင်အားရ ကျွန်ပါးဝ ဖို့ ဘဲသိ
လှေထိုးသည့် သူဆင်းရဲ သုံးဦးဘဝ
NLD ကို.တဖက်ကမ်းပို့ မိတဲ့ ပုဒ်မ
အစာ ငတ်ပြတ် သေကြေရေး..
တနေ့ လုပ်မှ တနေ့ စား သမား
လှေထိုး မသွားရဘူး ဆိုတဲ့ မင်းမိန့် 
လောဘ ဒေါသ နှင့် ဣဿာ မစ္ဆရိယ
ဆိုးရွားတဲ့ စေတသိတ် သုံးမျိုး၏
စေတနာနဲ့ ညီတူသော အကျိုးပေး
အလှည့်ကျရင်..မင်းတို့ မငိုကြေး။
ဝဋ္ဋ်ကြွေး.သံသရာဆိုတာ မသေမီပြန်ပေး။

မသဒ္ဓါ ( ၂။၂၇။၂၀၀၈)
သမ္မာအာဇီဝ အရ..လှေထိုးစားရရှာသော.. NLD အဖွဲ့ဝင်အား တဖက်ကမ်း ကူးတို့ ပို့ပေးသောကြောင့် အကျဉ်းကျ.အစာ ငတ်မွတ်ရ ရှာသော.ရွာတန်းရှည်. ရေနံချောင်းလှေဆိပ် မှ.လှေသမားသုံးဦးအား ဂုဏ်ပြု မှတ်တမ်းတင်ပါသည်။

2 comments:

Goldie Shwe said...

Dear Ma Thadar

Thank you so much for this. I now hope that the authorities who regularly check your blog will understand that bullying the honest and hardworking women is most shameful thing to do, especially if you are gentlemen. I just want our Burmese men to be good and respectable, not a laughing stock. They must understand that good breedings - Mi Kaung Pa Khin Thar Thamee - do not bully other weaker people, especially children, elders and women. Good gentle men do not bully other men who have no weapon to defend themselves either. Brave men only do the fair fights. My only wish at the moment is to our Myarmar government and all the brave soldiers from the military to be truely brave and fight man to man, weapon to weapon but not bullying the defenceless public.

I am just extremely sad that our country is so poor and so much in trouble because our military is so cowardly and greedy and only fighting the people with no weapons at all.

Ma Thadar ( မသဒ္ဓါ ) said...

အမှန်က ကျမရေးချင်နေတာ ကြာပါပြီ. ကျမရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စလေးတွေ ကြောင့် မအားလပ် တာနဲ့ မရေးဖြစ်ခဲ့တာပါ။ နေခြည်ဦးအနေနဲ့  သတိပေးတာ ကျေးဇူး တင်ပါတယ်။ ပူဇော်ရမဲ့သူကို ပူဇော်တာ..မင်္ဂလာတပါး ပါ.ကျမကို..နောက်တခါလည်း.သတိမေ့နေတာ လေးတွေ ရှိရင်..ရေးသင့်တာလေးတွေ ရှိရင်..လက်တို့ ပေးပါဦး.ကြိုးစား ကြည့်ပေးပါ့မယ်. ဘယ်သူ ဘာအကြောင်းဘဲဖတ်ချင်ဖတ်ချင်ပေါ့။ ခံစား ရေးပေးချင်ပါတယ်။

 
/* EOT ----------------------------------------- */