Saturday, February 2, 2008

မြန်မာမိန်းမ၏..သဘောထားကြေငြာချက်


မောင်းဆို တာ ဆန်ထောင်းဖို့ ပေမဲ့
တော်တော် အထောင်းကောင်းတဲ့မောင်း
လွင့်စင်တဲ့ ဆန်စေ့တွေပါ
တလွဲလိုက်လိုက် ထောင်းနေတာကဆိုးတယ်။

စစ်တပ်ဆိုတာ. တိုင်းပြည်ကို.နယ်ချဲ့ရန်က ကာကွယ်ဖို့ ပေမဲ့
ဒါးမိုး ပြည်ဖျက်စေတဲ့ လူဆိုးတွေရဲ့ ကြေးစားစစ်တပ်
တလွဲဆံပင်ကောင်း၊ အပြစ်မဲ့ ပြည်သူအပေါင်း
လိုက်လိုက် သတ်နေတာကဆိုးတယ်။

ဘလော့ဂါနေဘုန်းလတ်..သူ့ဖာသာအေးအေး
ကဗျာရေး။ ဓါတ်ပုံရိုက်။
အချစ်ကလေးနဲ့ လွင့်မျောရွက်တိုက်
အနုပညာကို မြတ်နိုးလိုက်ပါတဲ့ ခလေး..
ဇာတ်ထဲက ပုဏ္ဍားတွေရဲ့ ဂုံးချော ကြားလေသွေး..
ဆွဲစေ့တာ..အရေးမဟုတ်တာ။
အမှန်က..အကြောင်းမရှိ အကြောင်းရင်းရှာ ..
သူ့ အင်တာနက်ဆိုင် တွေပိတ်ချင်တာပါ။

ဒီမှာ..မသဒ္ဓါ။
ရှင့်ကို..ဆော်နေတာကြာပေါ့..
သတ္တိရှိရင်..တယောက်ချင်းလာပေါ့ 

ဘာမဆိုင်တဲ့ လက်ပံသား..ချိုင်နေသည့်
ရှင်မှာ..အရှက်များကို မရှိ..
ဗမာယောက်ျား ၏သိက္ခာ.တပြားသားမှမရှိ..
အနှစ်မရှိတဲ့တောက ကြက်ဆူပင်တစ်ပင်
ရှင်သေရင်..ခေါင်းခါ ခွေးတောင်မစားချင်

ကျမ ဗမာမိန်းမ..
ဒေါ်အောင်ဆန်းစုကြည်တယောက်.
အိမ်ထဲထည့်သွင်းသော့ခတ်ရုံ
ဗမာမိန်းမတို့ ရဲ့ မျိုးချစ်စိတ်မာန်ဟုန်
ပျောက်ကုန်ပြီ မထင်နဲ့ 
ဘယ်တော့ မှအညွန့် မကျိုးမဲ့
ဗမာအမျိုးသမီးကုမ္မာရီများ..
ရွန်းလက်တဲ့ ၀ံသာနုရက္ခိတတရား
အမြဲ နိုးကြားရှင်သန်..
အာဏာရှင်ကိုတိုက်ပွဲဝင်ရန်.

ဒို့ ဘုန်းကြီးတွေ. ဒို့ လင်တွေ.
ဒို့ ခလေးတွေရဲ့ အသက်..
မင်း ဆောရီးဆို ရုံနဲ့ မကြေပျက်
ပုခက်လွှဲ တဲ့လက်.ကြက်သွန်လှီးမဲ့လက်
တယောက်တလက်..အိမ်ရှင်မတို့ လက်
ပြာထဲကမီးခဲ..တရဲရဲ
ဗြုံးကနဲ ထလောင်တဲ့ အခါမှ..
နောင်တရလိုက်မဲ့ ဖြစ်ခြင်း.
ဘွာတေး လာမငြင်းနဲ့ကိုယ်လူ..
ဒို့ ခလေးများရဲ့သွေးကြွေး..
မင်း ပြန်လာယူ။
မင်း ခေါင်းဘဲ ဒီမှာ ထားခဲ့လိုက် ကိုယ်လူ

မသဒ္ဓါ (၂။၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */