Saturday, February 2, 2008

ဥဒေါင်းသွေးမှန်က စွေးစွေးနီ


အမှန်တရား အတွက် တိုက်မဲ့စစ်သည်။
ဥဒေါင်းသွေး တို့  ရဲ နီ နီ
မနိုင်မချင်း မဆုတ်မရွံ့ .. ဇွဲ နဲ့ အရင်းတည်.
ထင်ရှား သမိုင်း တို့  ရေး ခဲ့ ပြီ။

အသက်ချွေး..သွေးတို့ စတေးခဲ့ပြီ
မရောက်မချင်းသွားမဲ့ ပန်းတိုင်ဆီ
ဒို့ ကျောင်းသားတို့ သတ္တိဘာမထီ
ချီတက်လာပြီ ခွပ်ဒေါင်းနီ။

မွန်မြတ်စိတ်ဓါတ်၊ ကျောင်းသားစစ်သည်။
အနာဂတ်တို့ အတွက်၊ အကျိုးမျော်ရည်
မလျှော့သော.လုံ့လ၊ သတ္တိအရင်းတည်.
လွတ်လပ်စေမည်..ဗမာပြည်။

တာဝန်တွေ ထမ်းရွက်မည်.
အမိမြန်ပြေ ကောင်း စားဖို့ ရည်
ဘာမဆို..စွန့် လွတ် နောက်မဆုတ်ချင်
ရဲဝံ့ ခဲ့ သော၊ အာဇာနည်.။

(ရောင်နီကျင်း တော့မည်..
ရောင်နီ လင်း တော့မည်..
ဒီအာရုဏ်ဦး..အရှေ့ ဆီ
အမှောင်ကွယ် အလင်းတန်းတို့ ကောင်းကင်
မိုးသောက်ခဲ့ ပြီ ဗမာပြည်
လွတ်လပ်စေမည်..ဗမာပြည်။) ၂

မသဒ္ဓါ (၂။၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */