Friday, February 29, 2008

“ဂုဏ်ယူပါတယ်..ဇင်မိသားစု”

မသဒ္ဓါ ဆယ်ကျော်သက်
ဆရာ့ ကျုရှင် တက်

အေ ဘီ စီ ဒီ.အလွတ်ကျက်..
ဆရာ့မိန်းမ မမတိုးက..တမင်းချက်
ဖွားဖွားကြီးက ပန်းပင်ရေလောင်းလျှက်

ဆရာ့ သားငယ်လေးများ.
အပြင်မှာ ဆော့ကစား..
ဂေါ်လီရိုက်နေတဲ့ မောင်သက်ဇင်၊
အရုပ်နဲ့ ကစားနေတဲ့ ကြက်ရိုးမရွှေဇင်
သားရေကွင်း ပစ်နေတဲ့ မောင်မင်းဇင်
ပုခက်ထဲက..အောင်ဇင်..
ပျော်ရွှင်စရာ မိသားစုပင်။

အဿပြာဆရာ မဟုတ်တဲ့ စေတနာဆရာ
မွဲပြာပြာ ပျဉ်ထောင်အိမ်စုတ်ကလေး
ဒါ..မသဒ္ဓါ စာသင်ရာ.ကျောင်းတင်းကုပ်ကလေး။
ကျောင်းလခပေးပေး မပေးပေး
တပည့်များ စာတတ်ရေး
ဆရာက..စာသင်ပေး။

အိမ်ရှေ့ခန်းမှာက ဆရာမှိုင်းပန်းချီကားချိတ်
မှိုင်းရာပြည့် ဦးသန့် အရေးအခင်း။
ဆန္ဒပြခြင်းကြောင့်..ထောင်နဲ့ အိမ်ဦးကြမ်းပြင်
ဝင်တခါ ထွက်တလှည့်
ဆရာဟာ..ဒေါင်း ၀ိညာဉ်သက်သက်..
ငြိမ်းချမ်းရေးအတွက် အသက်ဆက်။

နိုင်ငံရေးသမားရဲ့ ဇနီးမယား.
မာကျောခိုင်ကျည်တဲ့ နှလုံးသား
မမတိုးရဲ့ ၀ိညာဉ်..
ခလေးများအတွက် အမွေကောင်းပင်။

၈၈၈၈ ..တော်လှန်ရေးနှစ်တွေ ထဲ..
သားများကို.နိုင်ငံရေးအမွေ ပေး
သားနှစ်ယောက်..သမီးတယောက်
အဖေပါပေါင်း ၄ယောက်စလုံးက ထောင်ထဲ.

ထောင်ထွက်ပြီး သား ၂ ယောက်က အဝေးပြေး
သေသည်အထိ သားတွေနဲ့ ဝေး
နှလုံးသည်းပွတ် နာကြင်ဆွေးရတဲ့
ငြိမ်းချမ်းရေးဖခင် ဆရာ နဲ့ မမ။
တပည့်မ မသဒ္ဓါ ဦးချပါတယ်။

ကျောက်ကောင်းမှန် တဲ့ သားများ
ဘယ်နေရာ ရောက်ရောက်
ထွန်းလင်းတဲ့ ကြယ်ပွင့်အလား
ဆရာ့သွေးများယနေ့ ထိ နီနီ။
ကမ္ဘာအနှံ့ မှာရှိသည်။

အယ်ဒီတာချုပ်..ဦးသက်ဇင်.
ရွှေဇင်..မင်းဇင်..အောင်မော်ဇင်
ကျမချစ်တဲ့.ဇင် မိသားစု..
ဘယ်တော့မှ..လက်မမြှောက်..
ဒူးမထောက်ပါ ဘု..
ဆရာ ပေးခဲ့တဲ့..စိတ်သံမဏိ..
ဆရာ ပေးခဲ့တဲ့ သတ္တိ.ဗျတ္တိ.
ဆရာ့လို ရှိတဲ့ ဇွဲနဘဲ..
ဘယ်တော့မှ အလံ မလှဲ..
ဆက်တိုက်မြဲ ဆက်တိုက်ပါ..
မောင်ကလေး ဇင်.။

မသဒ္ဓါ ( ၂။၂၈။၂၀၀၈) သားဖေဖေရော..မေမေ ပါသိလျှင်..သားတွေအတွက် ဂုဏ်ယူမှာပါ ။ မမတို့ ဂုဏ်ယူနေ ပါသည်..သားငယ်..မြန်မြန် လွတ်မြောက်နိုင်ပါစေ

No comments:

 
/* EOT ----------------------------------------- */