ခလေးတို့ ရယ်..
မင်းတို့ ဟာ..ဒို့ တွေရဲ့ဆွေမျိုးတော်ချင်တော်မယ်
မင်းတို့ ဟာ..ဒို့ သိတဲ့လူတွေလည်းဖြစ်နိုင်တယ်.
သူငယ်ချင်းတွေရဲ့ သားသမီးတွေလည်းဖြစ်နိုင်တယ်.
ကျောင်းနေဘက်..လုပ်ဖေါ်ကိုင်ဖက်တွေလည်းဖြစ်နိုင်တယ်။
အရေးအခင်းထဲကအမည်မသိသတင်းပေးလည်း ဖြစ်နိုင်တယ်။
မြင်ရတဲ့ဓါတ်ပုံတွေ..ဗီဒီယို သတင်းတွေထဲတနေရာရာမှမင်းရှိချင်ရှိမယ်.။
ခေါင်းကြီးဟက်တက်ကွဲ..အသေဆိုးနဲ့ အလောင်း.ဖြစ်ချင်ဖြစ်မယ်။
ဘာဘဲဖြစ်ဖြစ်..
မင်းဟာ..ဒို့ တတွေရဲ့..သားကောင်း..သမီးကောင်း
အာဇာနည်ကောင်း..ဘယ်တော့မှ မင်းတို့ ဂုဏ်မငယ်..
မင်းအကြောင်း..လူတွေသိချင်မှ..သိမယ်..
နှစ်ကြာညောင်း..တဖြေးဖြေးမေ့ချင်မေ့သွားကြမယ်..
ကြယ်ပွင့်ကလေးလို..ပွင့်ချပ်ကလေးလို..
မှိန်ဖျော့ဖျော့..လူမသိ..သူမသိပျောက်ဆုံးခဲ့
စံနစ်ဆိုးတရပ်ရဲ့အောက်က..စတေးခံလူငယ်..
ဘာဘဲဖြစ်ဖြစ်..ဂုဏ်ယူပါတယ် ခလေးငယ်..
မင်းအသက်နုနုငယ်ငယ်..မင်းတို့ တာဝန်ကျေခဲ့ပါတယ်.။
ဒို့ တတွေ..ဆက်ပြီးလျှောက်..ပန်းတိုင်မရောက်မခြင်းလေ..
ခလေးတို့ ကိုလေးစားဂုဏ်ပြု..
ကောင်းရာသုဂတိသို့ လားကြစေ.။
မသဒ္ဓါ (၁၁။၁၀။၂၀၀၇) ရွှေဝါရောင်တော်လှန်ရေးတွင်..ကျဆုံးခဲ့ရသော..၇ဟန်းရှင်လူ..ကျောင်းသားပြည်သူ.သူရဲကောင်းများအတွက်..
Saturday, November 10, 2007
ကြယ်ကြွေတမ်းချင်း.အတိုင်းမသိဂုဏ်ယူခြင်းဖြင့်..
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment